စေတနာ

စမ်းချောင်းမြို့နယ်က လက်ဖက်ရည်ဆိုင်မှာပေါ့။ မလိုင်နံပြား တစ်ပွဲမှာလိုက်မိချိန်မှာပဲ မုန့်လာချ
ပေးတဲ့ ကိုကိုစားပွဲထိုးက မလိုင်ပန်းကန်ကို စားပွဲပေါ် တင်ခါနီးမှာ သူ့လက်ညှိုးတစ်ချောင်း ဟာ
မတော်တဆ မလိုင်ပန်းကန်ထဲ ၀င်သွား တယ်။ အဲဒီဝင်သွားတဲ့ သူ့လက်ညှိုးကို ပါးစပ်ထဲ ထည့်
စုပ်ပြီး စပ်ဖြဲဖြဲနဲ့ ပြန်ထွက်သွားလေရဲ့။

ကျွန်တော်လည်း complain လုပ်ဖို့ အိုင်ဒီယာ ခေါင်းထဲ မရှိတဲ့အရွယ်ဆိုတော့ 'ဘာဖြစ်လဲ' ဆိုပြီး
မရွံမရှာ 'အုပ်' ထည့်လိုက်တယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ နာမည်ရလာတဲ့ အမည် မဖော်လို
တဲ့ Hip Hop အဖွဲ့တစ်ဖွဲ့ရဲ့ front man တစ်ယောက်နဲ့ အဲဒီခုနှစ်ဝန်းကျင် လောက်မှာ ဗဟန်းမြို့
နယ်က ရေတာရှည်လမ်း ဟောင်းထိပ်မှာ လက်ဖက်ရည်ဆိုင် ထိုင်ပြန် တော့ သူမှာလိုက်တဲ့ မနက်
စာ ကြက်ဥနဲ့ ထမင်းကြော်ကို လာချချိန်ကျပြန်တော့ စားပွဲထိုး ရဲ့ လက်က မတော်တဆ (နမော်
နမဲ့) ကြက်ဥ အနှစ်ထဲ ၀င်သွားပြန်ရော၊ Sorry တော့ ပြောရှာသား။

ဒါပေမဲ့ အဆိုတော်ကြီးက "ဪ အေး ပဲ" ဆိုပြီး ဆဲရေးတိုင်းထွာ လိုက်လေရဲ့။ ဘယ်လိုသဘော
ရလဲ....... ကျွန်တော် ပွင့်ပွင့်လင်းလင်း ၀န်ခံဖွင့်ဟ ရရင်ဖြင့် ကျွန်တော်ငယ်စဉ်ဘ၀က (ကလေး
သရုပ်ဆောင်မလုပ်ခင်ကတည်းက) 'မျက်နှာ မြင် ရိုက်ချင်' ဆိုတဲ့ဆုနဲ့ ပြည့်ပြီးသား။ ဒါတော့
ဘယ်တတ်နိုင်မလဲ။ အဖေနဲ့အမေကို လည်း သေချာကြည့်ဦးလေ။ သူတို့နှစ်ယောက် ပေါင်းဖက်ပြီး
ကျွန်တော့် ဥပဓိရုပ်ကို မွေးထုတ် ထားပေးတာ အလန်းကြီးရယ်။ ဒါပေါ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်
ချက်ကတော့ အပြည့်ပဲ၊ အားလုံးအပေါ်မှာ ယဉ်ကျေး ပါတယ်။ လူတွေကသာ တစ်နည်းမဟုတ်
တစ်နည်းနဲ့ ရိုင်းနေကြတာ။

နာမည်ရ အနု ပညာသမားတစ်ယောက်အဖြစ်နဲ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ပွဲလမ်းသဘင်
အပြင် နေရာဒေသ တော်တော်များများကို သွားရ လာရတဲ့ဘ၀က သက်သာတယ်လို့တော့ မထင်
လိုက်ကြပါနဲ့။ ပြောချင်တိုင်း မပြောရ၊ လုပ်ချင်တိုင်းမလုပ်ရ၊ စိတ်တိုချင်တိုင်း စိတ်တို လို့မရဘူးပေါ့။
စားရင်လည်း စားပြန်ပြီ၊ သောက်ရင်လည်း သောက်ပြန်ပြီ၊ တကယ့် အာရုံပါပဲ (Thee Curse of
the Talented) ဒါပေမဲ့ အားသာချက်လည်း ရှိတယ်။ အမြင် မတော်သမျှ အချက်အလက်တွေ
အားလုံးကို လူတွေ သိအောင် ပြောဆိုခွင့်တော့ ပိုင်ဆိုင် ထားပြီးသား။ မုတ်ဆိတ်ဆိုတာ Muslim
မှမဟုတ်ဘူး။ ဘယ်သူမဆို ထားပိုင်ခွင့်ရှိ တယ်ဆိုတာ။ တရုတ်ကားသိုင်းကားတွေ ကြည့် ဖူးရင်
သိတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။