သေရင်ဘယ်သွားမလဲ

ပူလိုက်တာ၊ အိုက်လိုက်တာ။ ပူလွန်းလို့ နေစရာ နေရာမရှိ။ "စိတ်ညစ်စရာ ကောင်းလိုက်တာ"
လို့တောင် မပြောနိုင်ဘဲ ပါးစပ်ကထွက်လာတဲ့ စကားက "သေတောင် သေချင်တယ်"။

ဒါပေမဲ့ ခဏနေဦး၊ သေလို့ မဖြစ်သေးဘူး။ အကယ်၍ ကိုယ်က သေသွားလို့ရှိရင် ကောင်းရာ
လားမယ် လို့ ဘယ်သူကမှ မပြောနိုင်ဘဲ။ ဘုရားရှင်ပဲ သိတယ်လေ။ ဖွဟဲ့၊ လွဲပါစေ ငရဲ များ
သွားရလို့ကတော့ မချောင်ဘူး။ ရန်ကုန်မှာ တောင် ဒီလောက် ပူလောင်အိုက်စပ်နေရင် ငရဲပြည်
မှာဆို ဘယ်လောက်တောင် ပူပြင်း တောက်လောင် နေလိုက်မလဲ........။

ကျွန်တော်.... လူပျိုပေါက်အရွယ် အချိန် အပိုင်အခြားတစ်ခုမှာ ဘ၀ငရဲကို ဖြတ်သန်းဖူး တယ်။
ကျောင်းနေဖက် သူဌေးသား သူငယ်ချင်း တွေကလည်း တစ်ယောက်မှ ကိုယ့်အပေါ် မကောင်း၊
စာကလည်း မလိုက်နိုင်၊ အနုပညာ လောကထဲက ကြီးနိုင်ငယ်ညှဉ်း သတ္တ၀ါတွေက လည်း
ကိုယ့်ကိုမျက်မုန်းကျိုး၊ တစ်ယောက်တည်း ရှိပါတယ်ဆိုတဲ့ အစ်မကြီးအမိရာကလည်း (ထိုအချိန်
က) သူ့ချစ်သူနဲ့ မလေးရှားမှာ ကျောင်းတက်ချင်ဇောနဲ့ ကျွန်တော်တို့ကို စွန့်ခွာ၊ ပထမဆုံး ချစ်ရ
ပါသော ချစ်သူကလည်း ဖြည့် ဆည်းမပေးနိုင်တဲ့ ကိစ္စတွေကြောင့် ငြိုငြင်ပြီး ကျွန်တော့်ကို ဖြတ်၊
အသည်းကွဲ၊ အထီးကျန်၊ အားငယ်၊ မိဘတွေနဲ့လည်း အဆင်မပြေဖြစ် လာတဲ့ နောက်ဆုံးအချိန်
မှာတော့ ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ဆေးရုံမှာ သွား ပြုစုရင်း သူ့ဆီက ကူးစက်လာ
တဲ့ (အသက်ကြီး မှပေါက်တဲ့) ၀က်သက်ရောဂါနဲ့ စိတ်ဓာတ်ကျ ပြီး အိပ်ရာထဲ ဗုန်းဗုန်းလဲပါလေ
ရော။

အဲဒီမှာ သိလိုက်ရတာ ကိုယ့်အပေါ် ဘယ်သူ တကယ် ကောင်းတယ် မကောင်းဘူးဆိုတာပဲ။
ကျွန်တော် မှတ်မိသေးတယ်။ ခုနစ်တန်းကတည်းက အချစ် ရဆုံး သူငယ်ချင်းကတော့
အနားလာပြီး အားပေးနေလေရဲ့။

အေး... တစ်ဖွဲ့လုံးမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်ကတော့ လာတော့ လာပါရဲ့။ ကျွန်တော့်ရောဂါ
အခြေအနေကို မြင်ပြီး (ကြောက်တတ်တဲ့လူများ အံ့ဩစရာ တောင် ကောင်းတယ်) ပျောက်ချင်း
မလှပျောက် သွားတာ တစ်လလောက်တောင် ဖုန်းမဆက် တော့တဲ့ အခြေအနေ ရောက်သွား၏။

ကျန်းမာရေးကောင်းလို့ နာလန်နည်းနည်း ထလာချိန်မှာတော့ စိတ်ဓာတ်အနေအထားက
တစ်သက်စာ ပြောင်းလဲသွားလေရဲ့။

"ဒီလူ့ဘ၀ ကြီးက အလကားပါလား။ အောင်မြင်ဖို့၊ ချမ်းသာဖို့၊ လူများအပေါ် အနိုင်ရဖို့၊ ကိုယ့်
ဘက် ကိုယ်ကြည့်ဖို့နဲ့ ယုတ်မာတဲ့ အပြုအမူတွေ ပြည့်နှက်နေတဲ့ ဘုံကြီးမှာ မွန်မြတ်တဲ့ တန်ဖိုးမှ
မရှိဘဲ။ ဒီလိုလူတွေနဲ့ ယှဉ်ဖိုက်လို့ ကိုယ်က သူတို့ထက် ပိုရိုင်းလာပြီး နောက်ဆုံး အောင်မြင်
သွား တယ်ထားဦး၊ ဒီအပြုအမူကြောင့် သေရင် ကိုယ်သွားရမှာ......." စသည်ဖြင့် စဉ်းစားခန်း
တွေထဲက ရုန်းမထွက်နိုင်တော့ ပေ။

အဲဒီမှာ ကျွန်တော်စပြီး ရှာတယ်။ ဘာကို ရှာလဲဆိုတာ နောက်မှပြောပြမယ်။ ငြိမ်းချမ်း ပြီး
လူတွေ သိပ်မရှိတဲ့ နေရာတွေမှာနေတယ်။ အချုပ်အနှောင်၊ ဟန်ဆောင်မှု၊ ဂုဏ်ပကာ သနကင်း
တဲ့ အမြင်၊ အကြားအာရုံတွေပဲ ဆည်းပူးတယ်။ ဘယ်အပေါ်မှာမှ သံယောဇဉ် သိပ်မထားတော့
ဘူး။ အဲဒီတုန်းကသာ သေသွားရင် ဘယ်ရောက် မလဲ မသိဘူး။ သူများကိုလည်း ဒုက္ခမပေးဘူး။
ကိုယ်တိုင်လည်း၊ ဒုက္ခတွင်းထဲရောက်အောင် မနေဘူး။ ရောက်တော့ ရောက်သွားမှာပါ တစ်
နေရာရာတော့။ သေချာတာတစ်ခုက နတ်ဆိုး က ချိုနဲ့တော့မဟုတ်ဘူး။

ပထမဦးစွာ ပြောရ ရင် (လေ့လာဆည်းပူးမိသလောက်ပေါ့) ငရဲ ဆိုတာ ဘုရားနဲ့ ဝေးတဲ့နေရာ၊
ဘုရားမရှိတဲ့ နေရာ၊ ငြိမ်သက်ခြင်းမရှိတဲ့နေရာ၊ တောက် လောင်တဲ့နေရာဆိုတာ သေချာသ
လောက် ရှိတယ်။ ဘယ်လောက်ပဲ အပြင်ပန်းသဏ္ဌာန် က ကောင်းကောင်း ကိုယ့်နှလုံးသား
ထဲမှာရှိတဲ့ အရာက ညာလို့မရဘူး။ ဆိတ်ငြိမ်မှု ပမာဏ ရှိတဲ့ တေးသံသာကို ဘယ်လောက်ပဲ
နားထောင် နေ၊ နားထောင်နေ၊ စိတ်ကငြိမ်သက်မှုမရှိရင် တစ်ခွေလုံးသာ ကုန်သွားမယ်၊ ခင်ဗျား
ဘာမှန်း တောင် သိလိုက်မှာမဟုတ်ဘူး။

အမှန်တော့ 'လူ'ဆိုတဲ့အမျိုးဟာ စကြ၀ဠာထဲမှာ ဘုရား ပြီးရင် အမြင့်မြတ်ဆုံးပဲ။ သူတို့ပြောပြော
နေ ကြ ကိလေသာတွေ ဖိစီးလာပြီဆိုရင်တော့ တိရစ္ဆာန် အလုပ်တွေ လုပ်ကြတယ်။ ရှက်ဖို့
ကောင်းတဲ့၊ သိက္ခာမရှိတဲ့ အလုပ်တွေကို ဖုံးကွယ်ပြီး လုပ်ကြတယ်။ ဥပမာအနေနဲ့ (မပြောကောင်း
ပြောကောင်း) ကျွန်တော် ငရဲ ရောက်သွားပြီ ထားလိုက်ပါတော့။ မြင်ယောင် လိုက်ရင် တွေ့မယ့်
လူတွေက စိတ်ပုပ်စိတ်ယုတ် မွေးတဲ့လူတွေ၊ တစ်သက်လုံး သူများကို မိုက်မိုက်ရိုင်းရိုင်း ပြောဆို
လာတဲ့လူတွေ၊ ချို့တဲ့ပြီး မပြည့်စုံတဲ့လူကို နှိမ်တဲ့လူ၊ သူများ ပိုင်တဲ့ပစ္စည်းကို တစ်နည်းမဟုတ်
တစ်နည်းနဲ့ ခိုးတဲ့လူ၊ လူသတ်သမားတွေ၊ မုဒိမ်းကောင် တွေ (လိင်တူအပါအ၀င်)၊ မတရားတဲ့
မေထုံ ကို မီဝဲသူတွေအပြင် အခြားအခြားသော သိလျက်နဲ့ မိုက်မဲခဲ့သော ၀ိညာဉ်အိုတွေချည်း
ပဲ။

ထိုကဲ့သို့ ပြုမူသူများ သင့်ပတ်ဝန်းကျင် တွင်ရှိလျှင် သင် ငရဲပြည်သို့ အလည်တစ်ခေါက် ရောက်
ရှိပါက ထိုပုဂ္ဂိုလ်တစ်သိုက်နှင့် ဆုံတွေ့ မှာ ကျိန်းသေကြောင်း အသိပေးအပ်ပါသည်။ ကျွန်တော်
တို့ ဘယ်သွားကြမတုံး၊ နိဗ္ဗာန် လား ငရဲလား။

"နိဗ္ဗာန်မှာ လူမစုံဘူး၊ ငရဲမှာ လူအများကြီးဆိုတော့..."ဤကဲ့သို့ "ဟာသ စကားဟာ ရယ်ရ
မလိုလိုနဲ့ အမှန် မရယ်ရပါ ဘူး။ လူတွေဟာ လွယ်တဲ့လမ်းကိုပဲ လိုက်ကြ တယ်။ ဒီဘ၀မှာ
ချမ်းသာအောင် လုပ်ကြတယ်။ နောင်ရမယ့် ဘ၀သစ်တစ်ခုအတွက် ကုသိုလ် ကောင်းမှု
(စိတ်ပါလက်ပါနှင့်) အပြင် နားလည် ခွင့်လွှတ်သည်းခံခြင်း၊ ကူညီပံ့ပိုးခြင်းနဲ့ ကိုယ်ကျိုးစွန့်၍
ပေးဆပ်ခြင်း မရှိပါက သင့် ၀ိညာဉ်သည် လွန်စွာ ဆင်းရဲနေမည်။

ဤစာ ကိုရေးရခြင်းမှာ ကျွန်ုပ်သည် ဖြူစင်သော ကြောင့်မဟုတ်၊ ရေတွက်မရသော အပြစ်များစွာ
လုပ်ခဲ့ဖူးသည့်အတွက် နောင်တများစွာ လည်း ရခဲ့ဖူးသူဖြစ်သည်။ မလျှို့ဝှက်ဘဲ ၀န်ခံ ရရင်ဖြင့်
ငရဲသွားဖို့ထက် အပယ်ငရဲကို လွန်စွာ ကြောက်ရွံ့သူ တစ်ဦးပင်။ ထို့ကြောင့် ကိုယ်ချစ် သော
ညီအစ်ကို မောင်နှမများကိုလည်း နိဗ္ဗာန် သာ ရောက်စေချင်သည်။ Pearly Gates ထဲကို
ပျော်ရွှင်စွာ လက်တွေ တွဲလို့ ၀င်လိုက်ရ ရင်ဖြင့် မည်မျှလောက် စိတ်ချမ်းသာဖို့ ကောင်း
လိုက်မည်နည်း။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။