ဒီစာကိုဖတ်ရင် ထီးတော့လိုမယ်

အပြင်မှာ မိုးတွေရွာနေတယ်။ ဒါပေမဲ့ ကျွန်တော်မပျော်ဘူး၊ ၀မ်းလည်းမနည်းဘူး။ ကျွန်တော်
စိုးရိမ်နေတယ်၊ စိတ်ပူမိနေတယ်။ မိုးရွာရင် ဖြစ်ပေါ်လာတတ်တဲ့လူတွေရဲ့ ခံစားချက်တွေအတွ
က် ပူပန်မိတယ်။ နှလုံးသား နူးညံ့သူ၊ အလွမ်းဓာတ်ခံရှိတဲ့ လူငယ်လူရွယ်၊ လူကြီး၊ ယောက်ျား၊
မိန်းမ အားလုံးအတွက် ပူပန်မိတယ်။

မိုးရွာရင် ချစ်သူနဲ့အတူ ထီး တစ်ချောင်းအောက်မှာ ခိုလှုံလို့သွားဖူးခဲ့တဲ့ ဘ၀ ဟောင်းတွေကို
မြင်ယောင်နေမလား၊ မိုးရွာလို့ ချိန်းတာနောက်ကျနေတဲ့ ချစ်သူကို စိတ်ဆိုး စိတ်ကောက်နေမလား၊
နောက်ဆုံး ဘာမှ မဆီ မဆိုင် မိုးရွာရင် ပလိန်းကြီး ၀မ်းနည်းတတ်တဲ့ ခံစားချက်ရှိတဲ့ တော်တော်
'နု' တဲ့ လူတစ်ယောက် ရဲ့ အခြေအနေကို စိုးရိမ်မိတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အပြင်မှာ
မိုးတွေရွာနေတယ်။

အမှန်တော့ ပြေးမလွတ်ဘူးဗျ။ မိုးရာသီ ရောက်ပြီဆိုတာနဲ့ ထီးမပါလို့ ကြွက်စုတ်တွေ ဖြစ်ကုန်တဲ့
အခြေအနေအပြင် "ရာသီဥတုက ကိုယ့်ဘက်ပါတယ်လေ"ဆိုပြီး ပုလင်းထောင် နေကျ မိတ်ဆွေ
တွေအပါအ၀င် မိုးရေချိုး တတ်တဲ့ ချစ်စဖွယ် ကလေးငယ်တွေအထိ မိုးဟာ လူသားတွေရဲ့
တစ်ယောက်ချင်းစီအပေါ်မှာ intervisual effect ရှိတယ်လေ။

စိတ်ဓာတ် ကျနေသူတွေအတွက်တော့ ချုံးပွဲချပြီး ငိုချင် သွားမယ်။ ပထမဦးစွာ သူကမှောင်သွား
တယ်၊ ပြီးရင် လေကလှိုက်ပြီးအေးလာတယ်။ သွေးထဲ က ရာသီဥတု ရုတ်တရက်ပြောင်းလဲ
သွားပြီး စိတ်ထဲမှာ ကစဥ့်ကလျား ခံစားချက်တစ်ခု တိုက်ခက်လာချိန်ဝယ် သိုလှောင်ထားသမျှ
Emotion တွေကို shower အကြီးကြီးလိုမျိုး ဝေါခနဲ ပေးထည့်လိုက်တော့တာပဲ။ တချို့တွေ
က မိုးကို မုန်းကြတယ်။ သွားရလာရ ဒုက္ခရောက် တယ်။ ဗွက်ထတော့ ခန္ဓာကိုယ်အောက်ပိုင်းကို
ရွှံ့စဉ်ပြီး ညစ်ညမ်းစေတယ်။ မြောင်းမကောင်း လို့ ပိတ်နေတဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေက
တော့'ဟေး' မြို့လယ်ကောင်ကြီး ရေကြီးနေ တာ ဒို့ရန်ကုန်ကလူတွေ အသိဆုံး။

အိုင်တွေ များရင် ခြင်ပေါမယ်လေ။ ဘယ်လောက် အာရုံ နောက်သလဲ။ ပြီးရင် မြွေတွေ၊ မျှော့တွေ၊
တီကောင်၊ လောက်လမ်း (ဝေါ့) ရွံလိုက်တာ တော်ပါပြီ မပြောတော့ပါဘူး။ ကားလမ်းတွေ
စလစ်ဖြစ်မယ်၊ outdoor မှာ လုပ်ရမယ့် လုပ်ငန်းခွင်တွေအားလုံး အပြင်ဈေးသည်တွေ
ဒုက္ခရောက်မယ်။

ချစ်ရပါသော (ပက်ကျိထက် နှေးတဲ့) မြန်မာနိုင်ငံရဲ့ internet connection က မိုးရွာလိုက်ရင်
တန်းပြီးကျသွားရော။ ဒုက္ခ အရောက်ဆုံးကတော့ 'လျှပ်စစ်မီး'၊ ဘယ်လို သက်ဆိုင်မလဲတော့
မသိဘူး၊ အကြောင်းပြချက် မြောက်မြားစွာ ရှိပေမယ့်လည်း မယုံဘူး။ မိုးရွာပြီ ဆိုတာနဲ့ ထစ်ခနဲဆို
မီးဖြတ်ပြီ။ ဘာဆိုင်တုံး၊၊ နောက်တစ်ခေါက် ထပ်ပြီးမေးပါဦးမယ်..ဘာဆိုင်တုံး၊၊

မိုးရွာတာက ရွာတာလေ၊ မိုးရွာ တာနဲ့ မီးပျက်တာ ဘာဆိုင်တုံး၊၊ ၀ိုင်ယာရှော့ တွေ ဖြစ်မယ်၊
ဖြစ်မှာ စိုးရိမ်ရင် မိုးမ၀င်ခင် နွေကတည်းက ပြင်ကြပေါ့။ ဘာတွေလုပ်နေ ကြလဲ... ဟူး... ထားပါ
တော့။

တချို့သော ချစ်သူရည်စား လင်မယားတွေကျပြန်တော့ မိုးရာသီက သူတို့အကြိုက်။ မိုးရွာပါစေ
ဆိုပြီး ကို ဆုတောင်းကြတာ။ ရွာပြီဆိုတာနဲ့ ဘယ်မှ မသွားတော့ဘဲ အိမ်ထဲမှာ ချစ်သူနဲ့အတူ
Romantic လိုက်ကြတာ။ ဪ... အဲဒီလို Romantic ခဲ့တာတွေကြောင့် Romantic ခဲ့တဲ့
memory တွေ၊ Romantic ခဲ့တဲ့ ရင်ခုန်သံတွေ ကြောင့် နောက်တစ်'မိုး' ရောက်လို့ မချစ်နိုင်
ကြတော့ရင်၊ ချစ်ဖို့ ချစ်သူက အနားမှာ မရှိတော့ ရင် ရွာတော့မယ့်မိုး အခြေအနေကိုကြည့်ပြီး
(ငယ်တုန်းက ကြည့်ဖူးတဲ့ မြန်မာရုပ်ရှင်ကို မှီး၍ပြောမည်) မျက်ဝန်းထဲမှာလည်း မိုးတွေ
ရွာတော့မှာပေါ့။

ဒီမှာတင်ပဲ ကောင်းကင်ကနေ ပထမဦးဆုံး 'တောက်' ဆိုတဲ့ တစ်စက်ကနေ အင်အားအလုံး
အရင်းနဲ့ တဖွဲဖွဲ သိမ်းပိုက်သွား ပြီဆို ချစ်သူတွေရဲ့ ခံစားချက်ဟာလည်း မိုးရေနဲ့ အတူတကွဲ
တပြားစီ မျောလွင့်ကုန်ကြပေမပေါ့။ ကျွန်တော် သူတို့ကို သနားလိုက်တာ... ငယ်ငယ်တုန်းက
မိုးအကြီးအကျယ်ရွာရင် ကလေးဆိုတော့ "ဒေဝေါလာပြီ၊ ဒေဝေါလာပြီ.. ဆိုးတဲ့ကလေးတွေ
မိုးကြိုးပစ်ခံရလိမ့်မယ်"လို့ ခြိမ်းခြောက်ထားတာကြောင့် အော်ပြီး လန့်ဖျပ် ပြေးလွှားခဲ့ဖူးတာ
ဝန်ခံပါရစေ။

အမှန်တော့ ကျွန်တော် မိုးကို တအားချစ်သက်ဝင်နေတဲ့ အကြောင်းရင်းက မိုးစဲသွားလို့
နေထွက်လာရင် အရွက်၊ အပင်၊ အကိုင်းအခက်တွေ အကုန်လုံး စိမ်းလန်းတောက်ပချိန်မှာ
ထွက်လာတဲ့ နေမင်း ကြီးက သူတို့ရဲ့ အလှအပကို တန်ဆာဆင် နိုင်တဲ့ အခွင့်အရေးရှိကြောင်းကို
မျက်မြင် သက်သေထူနိုင် နေလို့ပါပဲ။ လက်ဆောင်ပေး မယ်လို့ ကတိပေးထားတဲ့ ကဗျာဆရာ
တေးရေး ဦးလှိုင်(ခ) သုခမိန်လှိုင်ရဲ့ 'ဂျွန်မိုးရေစက်များ' ကဗျာစာအုပ် (classic) ကို ဒီမိုးမကုန်ခင်
ဖတ်ရဖို့ မျှော်လင့်ရင်း တိုင်းသူပြည်သား လူအများ ရာသီဥတုအပြောင်းအလဲမှာ ဘေး မသီ၊
ရန်မခ၊ နှာစေး၊ ချောင်းဆိုးကင်းစင်လို့ 'မိုးရွာတုန်း ရေခံနိုင်ကြပါစေ'လို့ ဆုတောင်း နေချိန်မှာ ......
အပြင်မှာမိုးတွေရွာနေတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။