သိုင်းကျမ်း

ပတ်ဝန်းကျင်တစ်ခုလုံး အပြာရောင်သန်းလျက် နေရောင်ခြည် အစမပျိုးခင်အချိန်ကာလ လေး
တစ်ခုအတွင်းမှာ မိုးဖွားကလေးတွေရဲ့ ပေးသနားသော အသိ၊ အာရုံကို ဖုံးလွှမ်းသွားတဲ့ ရွာထိပ်
က မဟာယာန (သို့မဟုတ်) ဇင်ဘုန်းကြီး တွေရဲ့ မနက်မေတ္တာသံ (Chant) ဟာ မိုးရေစက်သံ
ကို မခံစားလိုသော်ငြား ကြားနေရသူရဲ့ စိတ်ကို ပိုမိုငြိမ်သက်စေတယ်။

ဒူးကို ပထမအရင် ထောက်ချလိုက်တယ်။ ထို့နောက် ခြေဖျားကို ဆန့်၍ တင်ပါးဆုံကို ထိုခြေဖျား
ပေါ်ဖိလျက် ညင်သာစွာ ထိုင်ချလိုက်တယ်။ ခေါင်းမော့ ရင်ကော့၍ လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်
တင်လျက် မျက်စိစုံမှိတ်ချလိုက်တယ်။ ပုံရိပ် တွေ ပုံရိပ်တွေ၊ များလှတဲ့ ပုံရိပ်တွေနဲ့ အတိတ် က
အပြုံးတွေ၊ အမုန်းတွေ၊ နာကြည်းမှုတွေ၊ အောင်မြင်မှုတွေနဲ့ ဘာဆိုဘာမှ သေချာအောင် ခွဲခြား
မရတဲ့ အနာဂတ်ရဲ့ အလင်းစက် များစွာ ဟာ သူ့အာရုံထဲ သန္ဓေတည်လာကြတယ်။

သတိ၊ စူးစမ်းရှာဖွေလေ့လာသူများအနက် သိရှိတတ် မြောက်တဲ့ ဆရာတွေဟာ ယခုအကြောင်း
အရာ အချက်အလက်တွေကို ရူးတူးတူး၊ ပေါတော တော၊ ကြောင်တောင်တောင် Subject များ
မဟုတ်ကြောင်း သက်သေခံကြကုန်အံ့။ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိတယ်။ အမှန်တော့
ဝမ်းကွဲပါ။ အဆင်းသဏ္ဌာန်က ဗိုလ်ကပြားဖြစ်တာကြောင့် သူ့ရုပ်ရည်က အဆိုတော် Eminem နဲ့
နည်းနည်းတူတယ်။

အစ်ကိုအရင်း မရှိတဲ့အတွက် သူ့ကို အစ်ကို အရင်းတစ်ယောက်လို ချစ်ပေမယ့် ဒီကောင်က
အကျင့်မကောင်းဘူး။ ဗိုလ်ကျတတ်တဲ့ အကျင့်ရှိ တယ်။ မြောက် ဒဂုံမှာနေတော့လည်း သူ့ကိုယ်
သူ ဖိုက်တာလို့ ခံယူပေမယ်ပေါ့လေ။ ခုနစ်တန်း တက်ခါနီး တစ်နွေလောက်မှာ ကျွန်တော်ရယ် ၊
သူရယ်၊ တောင်ကြီးက ဝေဠုဆိုတဲ့ ဃသကျငည နောက်တစ်ယောက်ရယ်ကို ကျွန်တော့်အဖေက
Cousin လုပ်၊ ရုံးမှာလုပ်တဲ့ ကျွန်တော်တို့ သုံးယောက်ရဲ့ လက်ဦးဆရာတစ်ယောက်က ဦးစီး ကြပ်
မတ်လို့ (ထိုအချိန်က) စမ်းချောင်း မြို့နယ်က ပဒုမ္မာကွင်းမှာ ဖွင့်ထားတဲ့ မြန်မာ နိုင်ငံ ၀ူရှူးအဖွဲ့
ချုပ်မှာ သင်တန်းတက်ခိုင်း တယ်ဆိုပါတော့။

အစပိုင်းတော့ ဟုတ်မလိုလို နဲ့ တကယ်အီလာတော့ အဆင်မပြေသလိုပါ ဖြစ်လာတယ်။ သို့သော်
လည်း ထူးဆန်းတဲ့ အချက်က ဆော့ပြီးသွားရင် ချွေးဘယ်လောက် ထွက်ထွက် ပြိုင်းမသွားတဲ့
အပြင် လန်းဆန်းနေ တဲ့ပုံများ ကျောင်းမုန့်စားဆင်းချိန်အတိုင်းပဲ။ အဲဒီခေတ်က လူငယ်တွေက
အကုန် အားကစား လုပ်ဖို့ကို ကျားကျားလျားလျားတက်တက်ကြွကြွ ပဲ။ ဒီခေတ်က လှချင်သူ
ကြီးများနဲ့ ကွာပါ့။ တစ်ရက် ကျွန်တော့်အစ်ကိုက သူသိသလောက် ရပ်ကွက် ထဲက သိုင်းကွက်
တွေနဲ့ (ကေအောနဲ့) အညာသား တစ်ယောက်ကို သင်တန်းမှာ ဆရာတွေ လစ်တုန်း စိန်သွား
ခေါ်လေရဲ့။

မသိလိုက်ခင် ခဏလေးမှာတင် 'ဗုန်း' ဆိုတဲ့ အသံနဲ့အတူ မှောက်သွားတာ ကျွန်တော့် အစ်ကို၊
အညာသား ကတော့ ပြုံးပြုံးလေးနဲ့ "ငါ ပြောတယ် မဟုတ် လား၊ လာမစပါနဲ့"လို့။ တော်တော်
မှည့်သွား တဲ့ ပုံပဲ။ မျက်လုံးလေး ကလယ်လယ်နဲ့ လေးဖက် ထောက်ပြီး တော်တော်ကြာကြာ
ပြန်မထနိုင် ဘူး။

ကျွန်တော်လည်း သတ္တိခဲ ဆိုတော့ (သိတယ် မဟုတ်လား) မသိချင်ယောင် ဆောင်နေလိုက်
တာပေါ့။ တော်ကြာ ကိုယ်ပါ နာမယ့်အဖြစ်။ ဒီမှာ ရတဲ့ သင်ခန်းစာက ဘာမဟုတ်တဲ့ အသိပညာ
လေးနဲ့ တတ်လို့တတ်မှန်း မထင်ရတဲ့ ပုဂ္ဂိုလ် တွေကို သွားမထိဖို့ဘဲ။ တချို့ဆို ဒီအသက်
ဒီအရွယ်ကြီးအထိ တီဗီဂိမ်းတွေထဲက အကွက် တွေ ကျင့်ပြီး လမ်းပေါ်မှာ စိန်လိုက်ခေါ် နေတဲ့
'နားနဲ့မနာ ဖ၀ါးနဲ့နာ' တွေက ရှိသေးတယ်။

ဟိုက တကယ်လည်းဖြုတ်ရော သေရော။ ဒီလို နဲ့ ကျွန်တော်လည်း နွေကုန်ခါနီးမှာ တော်တော်
အပျင်းကြီးလာတာနဲ့ ၀ူရှူးသင်တန်းပြေးရော။ အဲဒီမှာ ကျွန်တော့်အဖေကခေါ်ပြီး ပြောပါ လေ
ရော။ ပြောရင်း ပြောရင်းနဲ့ ဒေါသက ပါလာ ပြီး "အေးရတယ်၊ မင်းမသွားနဲ့။ နုနုနယ်နယ်လေး
ပဲနေ၊ လှလှပပလေးပဲနေ၊ တစ်ရက်လမ်းမှာ မင်းကို လူသုံးယောက်လောက် လှမ်းပြီး ဟေ့ ကောင်
မင်းဘာကောင်တုံးလို့ မေးရင် --------ပေးလိုက်တော့" ။

ထိုစကားကို ကျွန်တော် တော်တော့်ကို မခံမရပ်နိုင်ဖြစ်သွားပြီး ပျော့ညံ့ တဲ့ စိတ်နေစိတ်ထား၊
အရာဝတ္ထုတွေ အားလုံး ကို ထိုနေ့ကစပြီး အပြီးအပိုင် စွန့်လွှတ်လိုက် လေသတည်း။ ရွက်ဟောင်း
ကြွေလို့ ရွက်သစ် ဝေလာတာနဲ့အမျှ Technology နဲ့ Culture ဟာ ရောင်စုံတောက်ပနေတုန်း
ကျွန်တော်ဟာ ဗုငိသ ပညာရပ်ကို အဖေနဲ့တကွ သူ့မိတ်ဆွေ ဆရာများဆီက ဆည်းပူးလေ့လာ
နေတာကို လူကြီးမင်းမသိလိုက်ပေ။

Akido ရဲ့ Meditation ဟာ တစ်နေကုန် ခရီးဆက်ရမယ့် လုပ်ငန်း ဆောင်တာတွေကို ကြိုတင်
ပြင်ဆင်ခွင့် ပေး တယ်။ သူ့ရဲ့ အသက်ရှူ လေ့ကျင့်ခန်းက အဆုတ် ရဲ့ ခွန်အားတွေကို အသစ်
ပြုပြင်ပေးတယ်။

ပထမဦးဆုံး Jocking ကနေစလို့ နောက်ဆုံး Meditation ပြီးသွားပြီဆို တစ်ကိုယ်လုံး
ရှိသမျှအကြောတွေဟာ သန်မာထွားကျိုင်းလို့ (ခေါင်းကနေ ခြေမအထိကျတဲ့ ချွေးစက်တွေကို
သုတ်သင်လို့) ရေချိုးပြီးချိန်မှာ လူ နောက် တစ်ယောက် ဖြစ်သွားသလားလို့တောင် ခံစား
ရတယ်။ Akido တကယ်ဆော့ရရင် ကျွန်တော့် အတွက် Bodyfitnes တောင် သွားစရာမလိုပေ။

ကျွန်တော်တို့ in house Akido သင်တန်းလေး မှာ သတိရစရာ အောက်မေ့ဖွယ်ဇာတ်လမ်း
များစွာရှိတဲ့အထဲက တစ်ခုကို ပြောပြမယ်။ ဂီတ နဲ့ ရုပ်ရှင်အနုပညာကို အရမ်းဝါသနာကြီးတဲ့
နာမည်တစ်လုံးတည်းနဲ့ မင်းသားတစ်ဦးနဲ့ အတူ ကျွန်တော် ဗုငိသ ဆော့ဖူးတယ်။

သူက ငယ်စဉ်ဘ၀ကတည်းက သိုင်းပညာကို ၀ါသနာ ပါတယ်။ ၁၀ တန်းတွေ ဘာတွေ ပြီးတော့
လိုင်းစုံ ပြီး ဘိန်းစားဖြစ်သွားလေရဲ့။ သီချင်းလည်း ဆိုလိုက်သေးတယ်၊ ဒါပေမဲ့ ရုပ်ရှင်မှာတော့
တော်တော်ပေါက်ရောက်တယ် ပြောရမယ်။ တစ်ရက် ကျွန်တော့်အဖေဆီ သူပြန်ရောက်လာ ပြီး
တောက်လျှောက် ကျွန်တော်တို့နဲ့အတူ နေတယ်၊ ဆော့တယ်၊ အလုပ်လုပ်တယ်။ သူက ချစ်မွေး
ပါတယ် ပြောရမလားပဲ၊ ခင်ဖို့ကောင်း တယ်။ သူပြန်ပြီး ရုပ်ရှင်တွေ ပြန်ရိုက်လာရတယ်။

တက်တက်ကြွကြွပဲ။ သူ့နာမည်က လုံးဝ အထွတ် အထိပ် ပြန်ရောက်ခါနီး ဆဲဆဲမှာ ဘာမဟုတ်
တဲ့ မိန်းကလေးတစ်ယောက်နဲ့ ငြိတယ် (သင်တန်း ကပဲ)။ အော်ချက်တွေ ဖြစ်လာတော့ နောက်
ဆုံး ကျွန်တော့်အဖေက ကရုဏာစိတ်နဲ့ "ကိုယ့်ညီမ အရွယ်လေးကို ကြိုက်ရသလား" ဆိုပြီး
ဆူလိုက် တဲ့ အချိန်မှာ သူလည်း ယူကျုံးမရဖြစ်၊ အသည်း ကလည်းကွဲဆိုတော့ ရှက်ပြီး သင်
တန်းမလာ ဘူး။ နှစ်ပတ်လောက်နေလို့ ကျွန်တော် သင်တန်း မှာ ဆော့နေတုန်း ဖုန်းလာတာက
သူမနေ့ညက Overdose နဲ့ ဆုံးပြီဆိုတာပါပဲ။

အားလုံး စိတ်မကောင်းစွာ ငိုကြွေးကြပေမယ့် ကျွန်တော် မငိုဘူး၊ သင်တန်းတစ်ခုလုံး အသုဘ
လိုက်ပို့ ပေမယ့် ကျွန်တော် မပို့ဘူး။ ဘာကြောင့်လဲ ဆိုတာ အပြင်မှာ လူချင်းတွေ့မှ ကျွန်တော်
ရှင်းပြမယ်။ ဒါပေမဲ့ မကွယ်မ၀ှက်ဘဲ ၀န်ခံရရင် သူသရုပ်ဆောင်ပြီး ကျွန်တော့်အဖေရိုက်တဲ့
တောင်ကြီးနဲ့ ရှမ်းပြည်ရှုခင်းတွေရဲ့ အလှနဲ့ ကွေကာအုပ်ကြော်ငြာမှာ အိမ်ပြန်လာတဲ့ သား
တစ်ယောက်အသွင်နဲ့ စိတ်ပါလက်ပါ 'အမေ'လို့ အော်လိုက်တိုင်း ကျွန်တော်မျက်ရည် ၀ဲမိတယ်။

သူသေခါနီးမှာ သူဘာတွေ ဆောက် တည်ရာမဲ့ ဖြစ်ခဲ့သလဲ၊ ဘယ်လောက်အထိ အားငယ်လို့
ဒါကို ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက် သလဲ။ ဘယ်လိုလုပ်ပြီး အတွေးအခေါ်နဲ့ စိတ်ဓာတ် အလင်းရောင်
တွေ ပျောက်ဆုံးခဲ့သလဲ ဆိုတဲ့ မေးခွန်းတွေဟာ ဒီနေ့အထိ ကျွန်တော့်ကို ခြောက်လှန့်စမြဲ။

သိုင်းပညာရပ်ကို နှစ်သက်တဲ့ သူ့ရဲ့စိတ်မှာ ထိုပညာရပ်ပေါ်မှာ ရှက်ကြောက်ခြင်းမရှိ၊ တွေဝေခြင်း
မရှိ။ တိုက်ခိုက်ရာမှာ လျင်မြန်ပြီး ခုခံရာမှာလည်း ရှင်းလင်းပြတ်သားတယ်။ လှုပ်ရှားရာမှာ ပေါ့ပါး
ပြီး ကမ္မဋ္ဌာန်း ရှုရာမှာ တည်ငြိမ်တယ်။ သိုင်းပညာရပ်က လက်ခံရရှိတဲ့ အသိနဲ့ အတတ်ပညာတွေ
ဟာ ကျွန်ုပ်တို့ရဲ့ လက်တွေ့ဘ၀မှာ အခက်အခဲများစွာကို ကျော်ဖြတ်ဖို့ အသုံးပြုနိုင်ကြောင်း၊
လူသတ်ဖို့ မဟုတ်ကြောင်း၊ စိတ်နဲ့ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ အတွက်သာဖြစ်ကြောင်း ကျွန်ုပ် မားမားကြီး
ရပ်တည်ပြီး အာမခံရဲပါတယ်။

သိုင်းပညာကို ချစ်မြတ်နိုးပါလျက် သိုင်းပညာနဲ့ ဝေးလံတဲ့ အရပ်မှာ လမ်းပျောက်နေတဲ့လူဟာ
သိုင်းကျမ်း ပျောက်နေတဲ့ ကျောင်းသားတစ်ဦးနဲ့ ချွတ်စွပ် ပင်။ သိုင်းကျမ်းပျောက်နေတဲ့ လူငယ်
တွေ၊ လူကြီးတွေ ဘယ်လောက်တောင်ရှိနေသလဲ။ လေ့ကျင့်မှုမရှိ၊ ဆော့ကစားခြင်းမရှိဘဲ စိတ်နဲ့
ခန္ဓာမကပ်တဲ့ သူရဲကောင်းအိုကြီးတွေ ဘယ်လောက်တောင် များနေပြီလဲ။

ဒီမေးခွန်း များစွာဟာ အခန်းတစ်ခုထဲက လျင်မြန်စွာ တရားထိုင်နေတဲ့ ဆရာ့ရဲ့စိတ်အာရုံထဲ
ပေါက်ဖွားလာစဉ် သိပ်မဝေးလှတဲ့ အပြင် ဘက်က မိုးရေထဲမှာ ၀တ်စုံဖြူကိုယ်စီနဲ့ ဂျပန် ပေါက်စ
ကလေးတွေ သင်တန်းမစခင် အပြေး လေ့ကျင့်နေလေရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။