ချစ်ခြင်း

အမြဲတမ်း အဆူခံနေရတာကြောင့် ကြောက်ရွံ့ တဲ့စိတ် ရှိပေမယ့် သားတစ်ယောက်ပီပီ
မိုးလင်း မိုးချုပ် အမေ့နားက မခွာရက်ပေ။ ခါတိုင်းဆို သွားတိုက်၊ ရေမိုးချိုးဖို့ မနက်လင်းချိန်
တိုင်း အစဉ်အမြဲထုတ်လွှင့်နေပေမယ့် ထိုတစ်နေ့မှာ ကျွန်တော့်အမေ အိပ်ရာထဲက မထ။

ကျွန်တော်က ကလေးပီပီ သူ့ကို kiss  တွေပေးပြီး သွားနှိုးတော့ သူက အိပ်နေတာမဟုတ်။
ခေါင်းရင်း ပြတင်းက ၀င်နေတဲ့ နံနက်ခင်းရောင်ခြည်ကို ခံစားနေ သကိုး၊ ချစ်ဖို့ကောင်းပုံများ။
ဆော့တယ် ဆော့ တယ် ဆော့တယ်၊ ယောက်ျားတို့မည်သည် လမ်းလျှောက်တတ်စကတည်း
ကကို ဆော့ တာ။ အဲ ဆော့နေရင်း ကျွန်တော့်အဖေက "လာဦး၊ လာနားထောင်ကြည့်"တဲ့။

"ကြားလား" ... နောက်ခံသောတမှာ "ကျွိ ကျွိ ကျွိ"။ ဘေးအိမ်တိုက်ခေါင်မိုးက စာကလေး၊
သူ ထပ်ပြောတယ် "သေချာနားထောင်ကြည့်"၊ ဟုတ်တယ် သူပြောမှ သတိထားမိသွားတာ
(ပထမဦးဆုံး တစ်ခေါက်အနေနဲ့ ကြားဖူးခြင်း ဖြစ်သည်။) စာကလေးက သူ့ Pattern နဲ့သူ
သီချင်း ဆိုနေတာပဲ။ ဪ ဒါကြောင့် ကျွန်တော့် အဖေ မနက်တိုင်း ဒီပြတင်းပေါက်နားမှာ
ငြိမ်ငြိမ် လေး ရပ်ရပ်နေတာပဲ။

အဲဒီလိုလောကကြီးရဲ့ အနုပညာတွေကို ခံစားတတ်တဲ့ မိဘနှစ်ပါးက မွေးထုတ်ထားတဲ့
ကျွန်တော်ရေးမယ့် ဒီ Column ကို ဖတ်ရှုခါနီးမှာ လူကြီးမင်း သဘောပေါက်သင့် လောက်ပြီ
ထင်ပါတယ်။

ဒီအခန်းကဏ္ဍတွေအားလုံး ဖြစ်ပျက်ခဲ့ တာဟာ ကျွန်တော်တို့ အရင်နေခဲ့တဲ့ စမ်းချောင်း
တောင်ပိုင်းမှာပဲ။ စကားပြောတတ်ခါစ အရွယ် လောက်က ကျွန်တော်တို့ စမ်းချောင်း မြို့နယ်
ကြီးဟာ ဗာဒံပင်ကြီးတွေ၊ တရုတ်စံကားပင် တွေနဲ့တကွ လှပါပေ့ဆိုတဲ့ သစ်ပင်တွေ မြောက်
မြားစွာ အုပ်စိုးခဲ့တာကို မယုံမရှိစေရန် စမ်းချောင်းမှာ နေထိုင်ခဲ့တဲ့ အနုပညာသမား ဟောင်းကြီး
တွေကို ပြန်လည်လို့ မေးမြန်း ကြစေ ကုန်သတည်း။

စိမ်းစိမ်းစိုစိုပဲ။ ဒါတွေ အကုန်လုံးက အိပ်မက်တွေ ဖြစ်ကုန်ပြီလား။ မေရှင်နဲ့ ဗိုလ်အောင်ဒင်
ခေတ်က လုံးချင်းအိမ် အမိုက်စားလေးတွေရော၊ ဒီနေ့ဒီရက်မှာတော့ ကြွက်သိုက်တွေထက်
ဆိုးတဲ့ တိုက်ခန်းတွေ၊ ဘီယာဆိုင်တွေ၊ အရက်ဆိုင်တွေ၊ အပေါစား ဖက်ရှင်ဆိုင်တွေ၊ ကျဉ်း
ပါတယ်ဆိုတဲ့လမ်းကို နှစ်ထပ်ရပ်ထားတဲ့ယာဉ်တွေ၊ Beauty saloon အစစ်နဲ့အတုတွေ
(ကျွမ်းထိုးမှောက်ခုံ Massage Parlour) နဲ့ လူသစ်တွေ လူသစ်တွေ။

ဪ၊ ကိုကြီးအငဲရေးပေးတဲ့ စာသားအတိုင်း မေးခွန်းလေးက *တည်မြဲခြင်းအလှရယ်၊
ဘယ်မှာလဲ... အသက်က စကားမပြောပါ၊ အရွယ်က စကား မပြောပါ။ ခံစားချက်သာလျှင်
စကားပြောသည်။ သီဆိုသော စာသားများရဲ့ ၀န်ခံချက်မှန်ရင် ကျွန်တော့်ခြေဖျားများကို
ပွတ်သပ်သွားသော လှိုင်းလုံးလေးများ၏ ခံစားချက်ကို ဗိသုကာ မြောက်လှပါတဲ့ သဲသောင်
ပြင်ကြီးတောင် သိနိုင် ပါ့မလား။ အုန်းလက်တွေကြားက နေရောင်ခြည် လေးများ ပြတင်း
တွေကို ဖြတ်ကျော်ပြီး လင်းတဲ့ ရှင်သန်ခြင်းတွေကို အနံ့၊ အရသာ၊ အသံနဲ့ ဖြစ်စဉ်အားလုံး
ပေးသနားတဲ့ လေထုသံစဉ်တွေက မြန်မာနိုင်ငံရဲ့ အလှဆုံး သော ကမ်းခြေတွေမှာ သက်ဝင်
လှုပ်ရှား ကြောင်း တင်ပြအပ်ပါတယ်။ မခွဲနိုင်မခွာရက် ပေါ့လေ။ ကိုယ်တင်ပဲလား၊

No! သူကပါ နှုတ်ဆက် ထွက်ခွာချိန်မှာ နောက်ကနေ မကြားတကြား လှိုင်းသံလေးတွေနဲ့
လွမ်းပြနေသေးတယ်။ မကြေညက်နိုင်တဲ့ အတ္တအစိုင်အခဲတွေဟာ အချိန်ကာလ အခိုက်
အတန့်တွေအပြင် ဘယ်လိုမှ မလွန်ဆန်နိုင်တဲ့ နေမင်းကြီး ရဲ့ အထိအတွေ့မှာ မွသွား
တတ်ကြတယ်။

ပူပြင်း ခြင်းတွေမှာ အလှတရားတွေ ကိန်းအောင်း လို့ ထွန်းလင်းနိုင်ကြောင်း သက်သေတည်
သော မြေကြီးပေါ်မှာ မြန်မာတို့ရဲ့ ပထမဦးဆုံး အင်ပါရာ နယ်နိမိတ်ဟု ကြွေးကျော်ရင်း
လျှောက်လှမ်းရတဲ့ ကျွန်တော်ဟာ ထိုအချိန် မှာ အနာဂတ်နဲ့ အတိတ်ဟာ ခေတ္တပုန်းကွယ်
သွားသလားတောင် ထင်ယောင်ထင်မှား။ ရှေးဟောင်း စေတီပုထိုးပေါင်းများစွာက မျက်စိ
တစ်ဆုံး၊ ဘယ်မှာရှိတုံး၊ ဘယ်နိုင်ငံမှာ တွေ့ဘူးသလဲ၊ အာရှတိုက်ရဲ့ ကျန်တဲ့နေရာမှာ ရော
တူညီတဲ့အရသာမျိုး ကြားဖူးပါသလား။

ကျောင်းဆိုတာ ဘယ်နားနေမှန်းမသိပေမယ့် အင်္ဂလိပ်လို မွှတ်နေတဲ့ ပါးကွက်ကိုယ်စီနဲ့
ကလေးတွေရဲ့ ရယ်မောသံလေးတွေဟာ ရင်ပြင်တွေပေါ်မှာ ပြေးလွှားဆော့ကစားရင်း
မြင်းလှည်းတွေ ထွက်သွားလိုက် ၀င်လာလိုက်။ ကျွန်တော့် အိပ်မက်တွေက ဓမ္မယံကြီးစေတီ
တော် အတွင်းဘက်နံရံတွေပေါ်က ဘီလူးရုပ်နဲ့ ကနုတ်တွေကို မေ့ဖျောက်ဖို့ လွယ်မယ်
မလွယ်မယ်ကို တင့်တယ်ခမ်းနားတဲ့ ဧရာဝတီ မြစ်ကြီးရဲ့နံဘေးက အကောင်းဆုံးနေရာယူ
ထားတဲ့ Hoteal ကြီးသာ ပါရမီဖြည့်ပေးလိုက်တဲ့ ညနေခင်းမှာ ရုပ်သေးအကဖျော်ဖြေမှုရဲ့
အရှိန် အ၀ါဟာ ထွန်းညှိထားတဲ့ ဆီမီးခွက်တွေနဲ့ ရောင်ပြန်ဟပ်လို့ ပေါင်းစပ်ခြင်းနဲ့ အဖြေ
ထုတ် ပေးလိုက်ပါတယ်။

မတူညီတဲ့ အနံ့အသက်နဲ့ မြင်းလှည့်ပေါ်က ထွက်ခွာနေပါတယ်။ စေတီ ပုထိုးတံတိုင်းကြီးရဲ့
အုတ်မြစ်တွေရဲ့ နောက်ခံ နေ၀င်ရီတရောအချိန်မှာ ခြောက်သွေ့တဲ့ သစ်ပင်အိုလေး၊ အကိုင်း
အခက်တွေနဲ့ ဟိုး အနောက်က ညနေကြယ်ရှိဦးမလား... ဒီလို ပန်းချီကား။ လွင့်နေတယ်၊

ကျွန်တော် လွင့်နေ တယ် သူ့ဆီကို၊ ရုတ်တရက်ဝေ့ရမ်းလို့ အောက် စိုက်ခါ အလှဆုံးသော
ပန်းခင်းကြီးထဲက ၀တ် မှုန်ရေကြည်တွေကို ပွေ့ဖက်သိမ်းပိုက်လျက် လိပ်ပြာလေးတွေနဲ့အတူ
အေးစက်တဲ့ ရေမှုန် တွေ စံမြန်းရာ သဘာဝမြက်ခင်းစိမ်းတွေပေါ် ဖြန့်ကျဲပြီးသကာလ ကန်ရေ
ပြင်ကြီးပေါ် ဆက် လက်တီးခတ်လိုက်ချိန် ... ရုက္ခဗေဒဥယျာဉ် ကြီးအလှဟာ ချစ်သူများရဲ့
ရင်ခုန်သံကို ဖော် ကျူးလိုက်သလိုပင်။ ရီေ၀၀ိုးတ၀ါးနဲ့ နိုးထလာ တဲ့ လေပြည်ညင်းတစ်ပုဒ်ဟာ
ထင်းရှူးပင်လေး တွေကို မျှော်ကိုးလို့ အုံ့မှိုင်းတဲ့ ပတ်ဝန်းကျင် အတွက် နွေးထွေးမှု ဆာလောင်
စေသလား။

အင်္ဂလိပ်တွေရဲ့ အသည်းကို ချွေနိုင်လောက်တဲ့ သဘာဝတရားရဲ့ မိတ်သဟာယဖွဲ့ရင် သူတို့
ဆောက်ခဲ့တဲ့ ကိုလိုနီတိုက်အိမ်တွေက သက်သေ ထူတယ်။ ဒီအာရုံတွေကို မက်မောနေစဉ်
ကျွန်တော့် ဘေးပတ်ပတ်လည်ကို မိုးအကုန်၊ ဆောင်းဦး ရဲ့ မြူခိုးတိမ်တိုက်ကြီးက မသိလိုက်
ခင်မှာပဲ ရုတ်တရက် ဖုံးလွှမ်းသွားပါ တော့တယ်။ အလုပ်နဲ့ ဘ၀၊ ဘ၀နဲ့ အလုပ်ကြောင့် ကြုံဆုံ
ရတဲ့ သူတော်၊ သူမြတ်များကောင်းမှုကြောင့် ကျွန်တော်တွေ့နေရတယ်။ ဘာလဲဆိုတော့
တောင်တွေ၊ အလှဆုံးနဲ့ အစိမ်းလန်းဆုံးပြင်ဦး လွင်ရဲ့ တောင်တွေ ပတ်ပတ်လည်ဝန်းရံလို့
ယုံနိုင်မလား။

အောက်မှာ ဓာတ်တော်ချိုင့်လျှို ကြီး၊ ရေတံခွန်ပေါင်းများစွာရဲ့ သံစဉ်ကို နားဆင် နေခိုက်မှာ
သဘာဝရဲ့ အသာယာဆုံးလေညင်း တွေက ဓာတ်တော်ချိုင့် Resort     ရဲ့ အားသာ၊
ကောင်းမွန်ချက်ကို အရောင်ခြယ်နေ၍ မေးမိတယ်။

ဘ၀မှာ ဒီထက်လန်းတဲံ့သအနူ ရှိ နိုင်ပါသေးလား။ ဖြစ်နိုင်ရင် မပြန်ချင်တော့ဘူး။ ကျွန်တော့်
ဘ၀မှာ လမ်းမပျောက်သေးပါဘူး။ အမှောင်ထဲမှာ အူမြူးနေတဲ့ ပိုးစုန်းကြူးတွေရဲ့ မီးရောင်လေး
တွေက ထွန်းလင်းလျက် အိမ်ပြန် လမ်းတွေ ရှာတွေ့ခဲ့ပါရောလား ... ဘယ်မှာမှ မနေချင်ပါဘူး။
ဘယ်ကိုမှ မသွား ချင်ဘူး။ အသာယာဆုံး၊ အလှပဆုံး၊ အနွေး ထွေးဆုံးဆိုတဲ့ အနက်အဓိပ္ပာယ်
ကို ဖော်ဆောင် တဲ့ ကိုယ့်အမိမြန်မာနိုင်ငံမှာ လူဖြစ်ခွင့်ကို ပေးတဲ့ အတုမရှိ ကောင်းမြတ်တော်
မူသော ထာဝ-ရဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းပါ၏။

ဤအမွေအနှစ်များ ပျောက်ကွယ်မသွားဖို့ ကတိ သစ္စာကို စောင့်ထိန်းရန် မိမိတို့အားလုံးပေါ်
တွင် တာဝန်ရှိလျက် လူဝင်မှုကြီးကြပ်ရေး Counter ရှေ့ တန်းစီနေသော စီးပွားရေး၊
လူမှုရေး၊ စူးစမ်းမှုတွေနဲ့ မသိရသေးသော အချက် အလက်တွေကို စဉ်းစားရင်း နှုတ်ဆက်မိ
သည်။ အားလုံးရွှင်လန်းချမ်းမြေ့ပါစေသော်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။