အန်းတိတ် လမ်းမများ

စိတ်ကူးယဉ် ပုံဖော်ကြည့်လိုက်ကြပေါ့။ ခဏနေဦး၊ ဒါကစိတ်ကူးယဉ်ထားတာတော့ မဟုတ်ဘူး။
တကယ်ဖြစ်ခဲ့တာ၊ ယုံချင်ယုံ မယုံ ချင်နေ။ ဘယ်သူရယ် ဘာရယ်တော့ မဟုတ် ပါဘူး။ အမြင်မ
တော်လို့ပေါ့။ သိသာသိ မမြင်စေနဲ့ ဆိုတဲ့အတိုင်း မြင်သွားတော့ ဘာဖြစ်၊ အမြင်မတော်တော့
ဘူးပေါ့။ မြင်ကြည့်လိုက်ပေါ့ဗျာ။ ရှင်းပြနေရင်ကြာ တယ်။

၁၉၆၅ နဲ့ ၁၉၇၀ ကြား ပတ်ဝန်းကျင်လောက်က ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ Black & White
ရုပ်ရှင်တွေထဲက အဆောင် အယောင်ပစ္စည်းတွေ၊ မော်တော်ကားတွေ၊ ကျောင်းသူ ကျောင်းသား
ဆရာ၊ ဆရာမတွေ၊ လူကြီးလူငယ် အရွယ်စုံ ဆိုက်စုံ ဂိုက်စုံ။ ဒါ့ပြင် ဒီခေတ်လို တိုက်ခန်းတွေ မြင့်
ပြီး မကျပ်သေး ဘူး၊ စင်ကာပူ တိုက်ခန်းဟောင်း (ဟောင်ကောင် တိုက်ခန်းအဟောင်း ဒီဇိုင်း)
တွေနဲ့ ပျဉ်ထောင်အိမ်လေးတွေထဲက လူပေါင်းများစွာရဲ့ ပျော်ရွှင်၊ ညည်းတွား၊ ရည်ငံ၊ ငိုကြွေး၊
လုပ်ကိုင်၊ ပေါက်ကွဲသံစဉ်တွေနဲ့ ရေးဖွဲ့ခဲ့ကြတဲ့ ဘ၀ပုံရိပ် တွေဟာ မြို့တော်ကြီးရဲ့ အလှတရားပင်
တည်း။ "ဂျမ်းဂျမ်း ဂျမ်း ဂျန်းကြမ်း" လို့ သယောင်ယောင် ထင်ရတဲ့ နောက်ခံတေးသွား ပုံစံတစ်ခုနဲ့
ဇာတ်လိုက်တွေ ဇာတ်လိုက်တွေ။

ဆံပင်တွေက အရှည်ကြီးတွေနဲ့၊ cowboy ဇာတ်ကားတွေခေတ်စားချိန်ဆိုတော့ Bell bottom
ခေါင်းလောင်း ဘောင်းဘီတွေဝတ်၊ အင်္ကျီလက်ရှည်က ကောလိပ်ကျောင်းသား အမှုတော်ဆောင်
တွေလို စမတ်ကျကျပဲ။

ဒါပေမဲ့ ပြဲနေတယ် (သတိ၊ တစ်ခုခုကောင်းနေ တာကိုသာပြောခြင်းပင်) မျက်စိတွေအကုန်
'ဘတ်သီးကျွမ်း'ပြီး လစ်နေကြတယ်။ သွားတော့ မစားနဲ့၊ မျက်ရည်မျက်ခွက်နဲ့ အိမ်ပြန်သွား
ရမယ်။ လူမိုက်တွေ လူမိုက်တွေ၊ ညဆို အုတ်ခုံမှာ၊ တိုက်ခန်းလှေကားတွေပေါ်မှာ ၀ါးပြောင်းကြီး
တွေက အငွေ့တလူလူ၊ ဂစ်တာ တွေကိုယ်စီနဲ့ လူပိန်းတွေက 'လမ်းသရဲ' လို့ ခေါ်ဝေါ် သမုတ်ကြ
သူတွေပေါ့။ ထစ်ခနဲဆို ပွဲက စီခနဲ၊ ပတ္တရောင်တွေတော့ လာပါတယ်။

တိုက်လွှတ်လိုက်တာ စက်ဘီးကိုယ်စီနဲ့ ကြွက်တွေပြဲပြီး လစ်သွားလေရဲ့ . . . အဲဒီ ခေတ်မိန်း
ကလေးတွေကတော့ လုံးဝျအနမနသ အပစန ၊ ထဘီ ရင်ဖုံးလေးတွေနဲ့ ဣနြေ္ဒသိက္ခာ တစ်ပိဿာ
ပေါ့။

ယဉ်ကျေးသိမ်မွေ့ ချောမော လှပကြပါပေတယ်။ အခုပြောမယ့် ဇာတ်လမ်း ရဲ့ အဓိက သူရဲကောင်း
တွေက ရန်ကုန်မြို့ အလယ်ကောင်တည့်တည့်နားမှာ နေရာယူ ထားတဲ့ 'ပန်းဘဲတန်း' မြို့နယ်က
ပဲဗျို့။ သူတို့ ခေါ်တာ ... ဘာလဲ၊ 'အလယ်ပိုင်း'ဍ မဟုတ် မခံ ရုပ်သဏ္ဌာန်။ အချင်းချင်းလည်း
သိပ် မတည့်ကြဘူး၊ သူရှိုးကိုယ်ရှိုးပေါ့။ ယောက်ျား သားတွေကိုး၊ ရှိတာမှ သုံးဘလောက်သာသာပဲ။

သို့သော် ခွင်မကျော်ရဲကြဘူးပေါ့။ 'ခွပ်' တစ်ချက်ပဲ၊ ကြည့်လိုက်ဍ မှောက်သွားပြီ။ ဘယ်သူတီး
လိုက်မှန်းတောင် မသိလိုက်ရ၊ သဘောပေါက်မည် ထင်ပါသည်။ မည်ကဲ့သို့ ပင် ဆိုးစေကာမူ၊
နှမချင်းစာနာတဲ့စိတ်တော့ အပြည့်အ၀ရှိတယ်။ မြန်မာပီသချက်က သူတို့ အရှေ့မှာ မိန်းကလေး
တစ်ယောက်ကို ကိုယ်ထိလက်ရောက် ထိပါးစော်ကားခြင်းမျိုး ရှိခဲ့ပါက ထိုမဖွယ်မရာလုပ်သော
ကာလနာ သည် စက္ကန့်ပိုင်းအတွင်း အာမေဍိတ် အနည်း အကျဉ်းဖြင့်သာ ရန်ကုန်ဆေးရုံကြီးကို
အမြန် ဆုံးနည်းနှင့် ရောက်မည်ဖြစ်ကြောင်း တင်ပြ အပ်ပါသည်။

တစ်ခေါက်၊ အဲဒီအလယ်ပိုင်း မှာ အခြေအနေ အကြောင်းကြောင်းကြောင့် နာမည် ရှိ လမ်းမကြီး
တစ်ဝိုက်တွင် ပြည့်တန်ဆာနှင့် သူတို့ရဲ့ ပွဲစားခေါ် 'ခေါင်း'များ တစ်ရှိန်ထိုး နေရာယူ၊ ကျက်စား
လာခဲ့ကြပါသည်။

အမည်းစက်ကြီးပေါ့ဗျာ၊ မြင်မကောင်း ဘူး။ ညနေညနေဆို ရေခဲမုန့်ပေါ် ပုရွက်ဆိတ် အုံသလိုပဲ။
ရဲကိုလိုင်းကြေးပေးထားတော့ ပြီးရော၊ ပေါ်တင်ကို ထင်တိုင်းကျဲလို့ ဖုန်ထ ချက်က ၉။ တဖြည်း
ဖြည်းနဲ့ ယိုယွင်းခြင်းက ဘယ်လိုစ အနံ့ဆိုးတွေ ပေးသလဲ ဆိုရင် * မသိရင် အဲဒီနေရာက
'အောက် အီးအီး အွတ်' နေရာလိုလို ဘာလိုလို အများပြည်သူ အမြင်မှာ ဖြစ်လာတော့တာပေါ။
အရွယ် ရောက် မိန်းမပျိုလေးတွေ အပြင်မထွက် ရဲလောက်အောင် စက်ဆုပ်ရွံရှာဖွယ်။ အကြောင်း
ရင်းမှာ သူများသမီးပျိုတွေကို 'ခေါင်း' တွေက လိုက်လိုက်ပြီး ကြောင်းတယ်။

တခြားရပ်ကွက်က မိမဆုံးမ ဖမဆုံးမတွေက ရပ်ကွက်ထဲက ပျိုမေတွေကို 'ကတော့ကတော့'
တွေနဲ့မှားပြီး လာလာပြီး ၀စီကံ၊ မနောကံနဲ့ ပြစ်မှားတာတွေ ဖြစ်လာတော့ အခြေအနေ မဟန်
တော့ဘူးလေ။ ဒါနဲ့ နယ်ခံသူရဲကောင်း ဇာတ်လိုက်ကြီးတွေက အလယ်ပိုင်းမှာ တိုင်ပင်၊ ဆုံးဖြတ်
ချက်ချပြီးတာနဲ့ သူတို့နဲ့ 'မတည့်အတူနေ' တခြားြူသခု က သူတော် သူမြတ်တွေကို တလေး
တစား ဖိတ်ကြားလို့ ဒီပြဿနာကို ဖြေရှင်းဖို့ရန် နြနအငညါ ခေါ်လိုက် ကြတာပေါ့။

အချိန်တော့ နည်းနည်းယူလိုက် တယ်၊ Right Moment ကို စောင့်ကြည့်ပြီး သေသေချာချာ
ကွက်စိ စီမံခန့်ခွဲပြီးတာနဲ့ "အတွင်းစကား အတွင်းမှာပဲရှိပစေ"လို့ အချင်းချင်း သတိပေးတယ်။
နေ့ရက် အချိန် နာရီနခငျငသည သေချာကြပြီဆိုတာနဲ့ နောက်ဆုံးပြောတာ ... ဘာလဲ၊
"လူညီ ပါစေ"။ တစ်ညနေ၊ နာမည်ကြီး လမ်းကြီး တစ်ကြောတွင်ပင် ခေါင်းများအုပ်စုဖွဲ့၍
သူတို့ စားကျက်မှာ ခြယ်လှယ်ပွဲခံနေကြသပေါ့။ ဟိုကောင်မလေးတွေ၊ ချွတ်ချွတ်' ဒီကောင်မ
လေးတွေ 'ချွတ်ချွတ်'၊ 'ဟေ့ချစ်လေး' တွေ ဘာတွေလုပ်နေသေးတာ။ အေး ... အဲဒီမှာပဲ
ဆံပင်ရှည်၊ဲနညေ ဂျာကင်၊ ခေါင်းလောင်းဘောင်းဘီနဲ့ တချို့ကတော့ ပုဆိုးမလို့ ငါးယောက်
ထက်မနည်းတဲ့ အဖွဲ့ တစ်ဖွဲ့က လမ်းထိပ်ကနေ ချီတက်လာတယ်။ တက်ညီလက်ညီပဲ။

'ခေါင်း' တွေကတော့ "ဘာကောင်လဲ၊ ဘာအထာလဲကွ"လို့ ရေရွတ် ခါ အချင်းချင်းဝေမျှနေစဉ်မှာပဲ
နောက်တစ်ဖွဲ့ က အနောက်ဘက်ကနေ ၁၀ ယောက်ထက် မနည်း တက်လာပြန်တယ်။ နောက်
ပစ်ထားတဲ့ လက်တွေထဲမှာ ပစ္စည်းကိုယ်စီနဲ့ပေါ့။ လူကြီးမင်း ကျွန်တော်ပြောတာကို မြင်သလား
မသိဘူး။

ဒါပေါ့၊ ဒီလိုမမြင်ခင်မှာပဲ ခုနက သူတို့ရပ်နေတဲ့ နေရာနားကပဲ ဘယ်က ထွက်လာမှန်းမသိတဲ့
လောက်စာလုံးတွေ၊ ကျောက်ခဲ၊ အုတ်နီခဲ အပိုင်းအစတွေ၊ ပုလင်း တွေနဲ့ လူတွေဝေါခနဲပဲ၊
'ဖုံး ဖုံး ဖုံး ဖုံး' ဆိုပြီး စက္ကန့်ပိုင်းအတွင်းမှာ အခြေအနေ အရပ်ရပ် ပြောင်းလဲသွားပါလေရော။

ရိုက်တာ၊ ရိုက်တာ ... ဒါနဲ့ သူတို့ဘက်ကလည်း ခုခံသေး သဗျာ ... ဘယ်လိုရမှာတုံး၊ လွင့်ကုန်
တာပေါ့ ... ခွေးပြေးဝက်ပြေးဆိုတာ အဲဒါ ကို ပြောတာ။ ဘယ်ဟုတ်မလဲ၊ ဒင်းတို့က သူတို့ 'ပထွေး
'တွေ သွားခေါ်လာတယ်၊ ရဲသားကြီးကိုလှဖေတို့ပေါ့။ လာဘ်စားထား တော့ သူတို့ဘက်ကနေ
ပါနေတယ်လေ (စိတ်မကောင်းဖွယ်ရာ) ဘာရမလဲ၊ ရဲကိုပါ 'မ' တာ၊ လာဘ်စားချင်ဦးဆိုပြီး။

ဒီမှာတင် အခြေအနေမကောင်းတော့ပြီ။ သေအောင် တော့ ဘယ်လုပ်မလဲ၊ အနည်းဆုံးတော့
အတွင်းလူနာပေါ့။ သာပြီဆိုတာနဲ့ အုပ်စုခွဲ တန်းလစ်တော့တာပဲ။ ဒီကိစ္စကြီးက တော် တော်
ဆိုင်းဘုတ် (အော်ချက်) ဖြစ်သွားတာ။ နောက်ဆုံး 'ခေါင်း'တွေအကုန် တန်းစီပါကုန် တာတော့
ကြားတယ်။ လာဘ်စားတဲ့ရဲတွေ ဘာဖြစ်သလဲတော့ မသိဘူး၊ အနည်းဆုံး ခြောက်ချက်ပဲ။

ဇာတ်လိုက်တွေလား။ ဘယ်ရှိ တော့မတုံး ခြေရာဖျောက်ပြီလေ၊ ဟဲဟဲ။ ဒီလိုနဲ့ 'အလယ်ပိုင်း' ကြီး
ဟာ ရက်သတ္တပတ် အတွင်းမှာပဲ ပြန်လည်စိုပြည် သန့်ရှင်းလို့ ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ မြို့နယ်
ရပ်ကွက် လေး ပြန်လည်ဖြစ်တည်လာခဲ့ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ ဘယ်လို လုပ်
ကြမလဲ။

ခေတ်ကတော့ မတူတော့ဘူး နော်။ ဒါလူမိုက်ခေတ်လည်း မဟုတ်တော့ တာ သေချာတယ်။
ပညာတတ်ခေတ် ရောက်လာပြီလို့ ယုံကြည်တယ်ဆိုရင် မိမိ မြို့နယ် ရပ်ကွက်၊ ပတ်ဝန်းကျင်
အသီးသီး ကို သန့်ရှင်းအောင်ထားဖို့ ၀ိုင်းဝန်းစဉ်းစား ရတော့ပေမပေါ့။ ဒီစာကိုရေးတာ လူငယ်
တွေ ကို မိုက်တိမိုက်ကန်းစိတ် သွင်းပေးတာတော့ မဟုတ်ဘူးဆိုတာ ကတိပေးရဲတယ်။

မှန်မှန် ကန်ကန် ဖြောင့်မတ်စွာနဲ့ အမြင်မတော်တဲ့ ကိစ္စတွေကို လက်ပိုက်ပြီး ကြည့်မနေတတ်တဲ့
အကျင့်ကတော့ မိရိုးဖလာစိတ်ဓာတ်ပဲ၊ ကြည့်မကောင်းတဲ့ ပုံရိပ်တွေကို ပြုပြင်လို့ အလှဆင်တာ
ဟာ ဖန်တီးခြင်း အနုပညာပါ။

ရန်ကုန်မြို့က သူရဲကောင်းကြီးများ လျှောက် ခဲ့သော 'အန်းတိတ်လမ်းမများ' သက်တော်
ရာကျော် ရှည်ပါစေသော် .......

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။