မေ့

မှတ်ဉာဏ်ကောင်းရဲ့သားနဲ့ စိတ်မ၀င်စားလို့ ကတော့ လုံးဝပဲ။ တစ်ခါတလေ ပြန်တောင် ရှက်မိ
တယ်။ မှာလိုက်ရဲ့သားနဲ့ သို့မဟုတ် အကြိမ်ကြိမ်အခါခါ သတိပေးရဲ့သားနဲ့လည်း မရဘူး။
တစ်ခေါက်ဆို (ခန့်မှန်းခြေ လေးတန်း၊ ငါးတန်း) တုတ်ထိုးဆိုင်မှာ အစားသောင်း ကျန်းပြီး
အိမ်ကို ထမင်းချိုင့်ရော၊ ခြင်းတောင်း ပါ ပြန်မပါခဲ့ဘူး။ ကျောင်းအထိ သွားပြန်ယူ ရတယ်။
ဘာကြောင့်လဲ မစဉ်းစားချင်လို့ပဲ။

ခေါင်းထဲ stress တွေ ပြည့်နေတဲ့ ကလေး တစ်ယောက်ဟာ သူမလုပ်မဖြစ်လုပ်ရမယ့် ကိစ္စနဲ့
လုပ်ချင်တဲ့ ကိစ္စကလွဲလို့ တစ်ခါတစ်ခါ ဘာမှမထားတော့ဘဲ လွှတ်ပစ်လိုက်တာပေါ့။ မေ့တာ
မေ့တာ။ တစ်လလောက် မှာရင် တစ်လလောက်မေ့တယ်။ အိမ်က မထွက်ခင် ဒီပစ္စည်းယူမယ်
ပေါ့။ လမ်းရောက်တော့မှပဲ 'ဪ အေး'ဆိုတာမျိုး။ လူတွေ လူတွေ လူတွေ တစ်ခါတလေ
'ငါ့ကိုငါ မေ့နေပါ လား' ဆိုတာကိုပင် မေ့နေတတ်ကြတယ်။ "အားလုံးမေ့လို့ရရင် ကမ္ဘာမှာ
ပျော်စရာ ချည်းပဲ" ဒိုးလုံး အဆိုရှင်ကို ကျုပ်တို့ မမေ့ကြပါဘူး။

မြန်မာနိုင်ငံမှာ သူ့ခေတ်သူ့အခါက KORN လို ဆိုတတ်တာ သူပဲရှိတယ်လေ။ မှတ်မိသေး တယ်။
သီချင်းနာမည်က 'သေအောင်ရိုက်' ထူးဆန်းတယ်နော်။ တစ်ခါတစ်ခါ အရမ်း ကောင်းတဲ့ idea
ပျော်စရာ အချိန်တွေ၊ ရေချိုး ခန်းထဲမှာ ရေရွတ်ခဲ့မိတဲ့ စာသားတချို့ကို ပြန်သတိရချင်ပေမယ့်
လည်း လုံးဝဥဿုံ မှတ်မိချင်တဲ့ subject ကို မမှတ်မိဘဲ မမှတ်မိ ချင်တဲ့ Memory+ အတိတ်
ဆိုးတွေ အားလုံးကျ ပြန်တော့ ကိုယ့်ကို ထပ်ကာထပ်ကာ သတိပေး မီးမောင်းထိုးပြနေလေရဲ့။

ဒီတော့ လူတွေက စိတ်နာတာက နာပြီးရင်းနာ၊ ဆိုးပြီးရင်းဆိုး လာကြတာပေါ့။ ကျွန်တော့်
Memory System ကတော့ တကယ့်'ထူးဆန်းအံ့ဩဖွယ်' ကျေးဇူး တော်ပဲ။ မမေ့ခဲ့သမျှတော့
No! ဘယ်လို ဖျောက်ဖျက်ဖျောက်ဖျက် Titan တွေလို Standing Strong ငယ်ကတည်းက
ကြည့်ဖူး TV Series အကုန်မှတ်မိနေသေးတယ်။ Baring ဖြစ်တဲ့ ဟာမျိုးကျတော့ Episode
သာ မမှတ်မိတာ၊ နာမည်တွေ အကုန်ရသေးတယ်။

Manimal, Derek, Star Man, Auto Man, The Flash, Air Wolf, Love Boat, American
Album U.S.A, Fall guy, Sonny Spoon, Raven, Centurian, Mutant League, Kung-Fu,
Original Kung-Fu Master ပိုးမင်းသားနဲ့ သိုင်းဝိညာဉ်၊ ပေါင်ချိန် နဲ့ ကျန်ကျောင်း . . . အိုး၊
စဉ်းစားသာ ကြည့်လိုက်တော့။ ဒါတောင် Myanmar Times ကို အားနာလို့ ဒီထက်အများကြီး
ပိုမှတ်မိသေးတယ်။

ကျွန်တော်တို့ Term က 'လောကအရာတွေ'လို့ ခေါ်တဲ့ ဒီအရုပ်ကစား စရာလို့ သတ်မှတ်ထားပါ
သော မက်မောဖွယ် Cheap Thrills အားလုံးဟာ အဓိကကျပြီး မေ့ ဖျောက်လို့မဖြစ်တဲ့ ပုဂ္ဂိုလ်
တွေ၊ နေရာတွေ၊ ရာဇ၀င်တွေ၊ွှထိမ်းအမှတ်နေ့တွေ၊ စည်းမျဉ်းစည်းကမ်းအားလုံး၊ ချစ်ခြင်းတရား
နဲ့ မေတ္တာတရားများအား ဖျောက်ထားကြ တယ်။ ဒီတော့ ဘာဖြစ်လဲ၊ ကိုယ့် ဘယ်ကလဲ၊
ဘယ်ဘ၀ကလာလဲ၊ ဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လိုကြိုးစားခဲ့သလဲ၊ ဘယ်လိုနေထိုင် ခဲ့သလဲ၊
ဘယ်အရာတွေပေါ်မှာ ယုံကြည် ကိုးစားခဲ့သလဲ စသဖြင့်ပေါ့။ အကုန်မေ့ပြီး လူသူမသိ၊ မိုးမမြင်
လေမမြင်၊ အောက်ခြေ လွတ်၊ သွေးနားထင်ရောက်၊ စိတ်ကြီးဝင်၊ နှာခေါင်းလေထဲဝဲ၊ မာန်တက်ပြီး
ပေါက်ကရ လျှောက်လုပ်လို့ မပြီးခင်မှာဘဲ ဗုန်းခနဲ ပြုတ်ကျ တယ်။ ပြုတ်ကြတာ နာမည်နဲ့
အောင်မြင်မှု တင်မဟုတ်ဘူး။ စိတ်ဓာတ်ပါ ပါတယ်။ ဘေးနားက သာပေါင်း ညာစားတွေအပြင်
အရောင်တောက်တုန်း မျက်စိပြူးတဲ့ အားပေးသူ(စားသုံးသူ) မိဘ ပြည်သူတွေပါ ကိုယ့်ကို
မေ့သွားတယ်။

စဉ်းစားလေ၊ ကလေးတုန်းက ဘာလုပ်လဲ၊ ဘာတွေကြိုက် လဲ၊ ဘာတွေပြောလဲ၊ ပြန်နှိုင်းယှဉ်
စဉ်းစား ဆင်ခြင်သင့်တယ်မဟုတ်လား။ ဒီကစားစရာ တွေက မမြဲဘူး။ So, မမြဲတဲ့ အရာဝတ္ထု
တွေကို စွဲကိုင်ထားရင် ကိုယ်ပါ မမြဲခြင်းတရားနဲ့တကွ ပျက်စီးခြင်းသို့ ရောက်ရအံ့။ TTC က
သူငယ်ချင်းတစ်ယောက်က လာပြောတယ်။

"ကျောင်းနောက်ဆုံးနေ့မှာ ပစ္စည်းလဲမယ်ဆိုပြီး မင်းက ငါ့အတင်းလာခေါ် တယ်။ ကျောင်းက
ဆင်းနေပြီ။ ငါဆီက Uniball ကို ယူပြီး မင်းရိန်းနိုးဘောပင်အစုတ် ကို ပေးပြီး ထွက်ပြေးသွားတယ်
လေ၊ မမှတ်မိ ဘူးလား"တဲ့။ ဪ၊ ပြောတော့မှ ပြန်မြင် ယောင်မိတယ်။ ရယ်မောမိလိုက်သေးရဲ့၊
ငါတော်တော် အကျင့်မကောင်းပါလားဆိုပြီး။ ဒါနဲ့ဘာလုပ်လဲသိလား၊ ပြန်တောင်းပန်တယ်။ မေး
လိုက်သေးတယ်။ မင်းပြန်လိုချင်သေး လားဆိုပြီး(တကယ်ပါ) သူက "ရပါတယ် သူငယ် ချင်းရယ်၊
ငါအံ့ဩလို့၊ နောက်ပြီး သဘောကျ လို့ ပြန်ပြောပြတာပါ"တဲ့။

အတိတ်ဆိုးတွေကို ဘာလို့မေ့လို့မရလဲ သိလား၊ ခွင့်မလွှတ်လို့၊ ချည်နှောင်ထားလို့ (ချုပ်နှောင်
ထားတယ်ဆို ပိုမှန်တယ်) ကိုယ့်ကို သူများ ခွင့်လွှတ်စေချင် သလို သူများအပြစ်ကိုလည်း ခွင့်
လွှတ်ကြည့် လိုက်ပါ။ အတိတ်နဲ့ ပစ္စုပ္ပန်က အိပ်မက်ဆိုးတွေ ကို လူကြီးမင်း မေ့သွားပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။