အဆီအနှစ်

 

စိတ်အရင်းအတိုင်းပေးရရင် ခင်ဗျားတို့ ဒါတွေ ဖတ်ရမှာ မဟုတ်ဘူး။ ဒီထက်ပို လွဲလွဲချော်ချော် တွေ
ခံစားရဖို့ များတယ်။ ပြောချင်တာက အရှိ ကို အရှိအတိုင်း မသိုမ၀ှက်ဘဲ ရေးတာများတဲ့ ကျွန်တော်
က နောက်ပိုင်းမှာ ပိုပြီးဆင်ခြင်တတ် လာတယ်ပဲ ဆိုပါတော့။

အမှန်တိုင်းပြောရ ရင် ကျွန်တော် လက်လွတ်စပယ်မလုပ်ရက် တော့ဘဲ ရင်ထဲက စကားအတိုင်းဆို
လူကြီးမင်း တို့ကို တအားရိုသေလေးစားကြောင်း ပြသ ချင်လို့ပဲလို့ ပြောချင်ပါတယ်။ ကဲသိပ်နောက်
မကျခင် ကျွန်တော်တို့ မြည်းစမ်းကြည့်လိုက် ကြရအောင်။

ကျွန်တော်တို့တွေ 'ဂိန်'နေတုန်းက သင်္ဃန်း ကျွန်း ဝေဇယန္တာလမ်းမကြီးပေါ်ကနေ သွား ရင် ရောက်
တဲ့လမ်းထဲကှအကိငသ မှာ သီချင်း သွားလုပ်ဖူးတယ်။ူကညခ့ မြနေု မှာ ထမင်း စားဖို့ကို အဝေးကြီးလမ်းလျှောက်ရတယ်။ တော်တော်လှမ်းတယ်။ ပြောရင် ရှေ့တစ်ပြ ရှေ့တစ်ပြနဲ့ မနည်း
လျှောက်မှ ရောက်တယ်။

အေး ...မလျှောက်ချင်ရင် ညောင်ပင် အောက်ဆိုက်ကားဂိတ်က ထမင်းဆိုင်မှာ စား ရတယ်။ ဆီက
တော့ တ၀င်းဝင်းနဲ့ စားချင်စဖွယ် ပေါ့။ သူငယ်ချင်းကတော့ မေးမနေဘူး၊ ကြိတ် ချက်က ရှယ်။
ကျွန်တော်တို့ရဲ့ မိုးကောင်းကင်အိပ်မက် တွေကို အကောင်အထည်ဖော်ဖို့ကို ဒီနွားတင်း ကုပ်နားက
ှအကိငသ လေးမှာ စခဲ့ရချိန်တုန်းက ကိုယ့်အိပ်မက်တွေကို ကိုယ်က သိပ်ဟုတ်လှ ပြီ။

ကိုယ်တွေပဲ ဒါမျိုးစိတ်ကူးယဉ်တတ်တယ် ထင်နေတာ။ ဘယ်ဟုတ်မလဲ။ ဒီဆိုက်ကား ဂိတ်က
ဘာမှ သိပ်ပြီး မလုပ်တဲ့ (အမြဲတမ်း ၁၀၉၊ ၁၁၀) ရှက်ကီမန်းကြီးက တစ်ရက် ကျွန်တော် တို့ရောက်
တုန်းမှာ ဘ၀အကြောင်း တစ်စွန်း တစ်စကြွယ်နေလေရဲ့။ ရေချမ်းစင်က ရေကို ခပ်သောက်ပြီး ပြော
နေပုံများ "ဒီတစ်သက်က တော့ မလွယ်တော့ဘူးလေ။ မလွယ်ဘူး မလွယ်ဘူး။ ထားလိုက်တော့၊
ဒါပေမဲ့ နောက် ဘ၀ကျန်သေးတယ်"ဆိုတော့ နောက်တစ် ယောက်က "ဟုတ်ပ၊ လုပ်ပါဦး"ဆို
တော့ သူက "နောက်ဘ၀မှာ ဒီနိုင်ငံမှာ မမွေးဘူး၊ နိုင်ငံခြားမှာ မွေးမှာ။ နိုင်ငံခြားမှာ လူလုပ် မှာ၊
နိုင်ငံခြားသူကို ယူမှာ" နဲ့ ပြောဆိုပုံကို ဒီနေ့အထိ မှတ်မိသေးတယ်။ နည်းနည်းလည်း သဘော
ကျသွားတယ်။

ဪ...သူ့ဆန္ဒ လည်း မသေးပါလားပေါ့။ အခုပြန်စဉ်းစား ကြည့်တော့ သူ့ကို မခင်ပေမယ့်လည်း
တစ်ဆင့်ခံပဲဖြစ်ဖြစ် ပြောပြချင်တယ်။ ဪ... နိုင်ငံခြားမှာ မွေးလျက်၊ နိုင်ငံခြားသားဖြစ် လျက်၊
နိုင်ငံခြားမှာ နေလျက် နဲ့ ရွာလည်နေတာ အများကြီးပါ အဘရယ်လို့။ တချို့ဆို ရွာလည်နေတာများ
လူရုပ်တောင် မပေါက်ဘူး။ မြန်မာနိုင်ငံမှာပဲနေနေ၊ နိုင်ငံခြား မှာပဲနေနေ ကိုယ်သွားချင်တဲ့ ပန်းတိုင်
ကို ကိုယ်ပဲသိတယ်လေ။ ကိုယ့်အိပ်မက်တွေကို ဖြိုလှဲလို့ရတာ ကိုယ်တစ်ယောက်တည်းပဲ။ ဘယ်
လောက် ဩဇာအာဏာရှိတဲ့ နိုင်ငံ့ ခေါင်းဆောင်ကြီးပဲ ဖြစ်နေ ဖြစ်နေ ကိုယ့်ဆီ က လာလုယူလို့
မရဘူးဆိုတာကို သိစေချင် ခဲ့မိတယ်။ ဘယ်နိုင်ငံမှာပဲမွေးမွေး မကြိုးစား လို့ ဘာမှဖြစ်မလာတဲ့လူ
တွေက သတ်သတ် ကိုရှိတယ်။ ကလေးဘ၀တုန်းက အမေရိကန် ရုပ်ရှင်၊ ကာတွန်း၊ တေးဂီတ
တွေ ခံစားပြီးတော့ အမေ ရိကန်ရူးရူးလို့ အမေရိကကို အရမ်းသွားလည် ချင်ခဲ့ဖူးတယ်။ ပြီးတော့
အမေရိကန် ဖြစ်ချင်ခဲ့ဖူးတယ်။ ကြီးတော့မှ သိတာက ကိုယ်ရူးသွပ်နေတာ အမေရိကန် မဟုတ်ဘူး။

အမေရိကနိုင်ငံကြီးရဲ့ ယိုယွင်းပျက်စီးမှုတွေ ထဲက ဖောက်ထွက်လာနိုင်တဲ့ မြို့ကြီးပြကြီး လူငယ်ထု
ရဲ့ တော်လှန်ရေး တေးဂီတပဲ။ ပြန်လေ့လာကြည့်ပြန်တော့ တချို့သော Stereo တွေရဲ့ အကျင့်
စာရိတ္တကို လုံးဝသဘောမကျဘူး။ ထားပါ တော့လေ၊ ဒါကကိုယ့်ခံစားမှုနဲ့ ကိုယ် ဆိုတော့။

အေး ... ဘ၀ကဆန်းကြယ်ပုံများ ကျွန်တော် ကလွဲလို့ ကျွန်တော့်ဘေးမှ ရှိသမျှ အထင်ကရ ပုဂ္ဂိုလ်
အများစု အကုန်ရောက်သွားတယ်။ အမေရိကကို ကျောင်းကိစ္စနဲ့ သော်လည်း ကောင်း၊ ဒီဗီပေါက်
လို့သော်လည်းကောင်း နည်းမျိုးစုံနဲ့ လစ်သွားလေရဲ့။

ပထမတော့ "ဟွန်း၊ ငါတစ်ယောက်တည်း မသွားရပါလား" ဆိုပြီး သိမ်ငယ်သယောင် ယောင်ရှိ
သပေါ့။ သို့သော်လည်း ထွက်လာတဲ့ အဖြေက "ဪ၊ ဘုရားကငါ့ကို မြန်မာနိုင်ငံ မှာနေပြီး
ကောင်းအောင်လုပ်စေချင်တာပဲ။ ငါရောက်သွားရင် ငါဘာဖြစ်မလဲဆိုတာ ကိုယ်တော်သိလို့ ငါ့ကို
မလွှတ်တာဘဲ" ဟုတ်တယ်ဗျို့၊ ဖြူစင်ပါတယ်ဆိုတဲ့ အချက် အလက်တွေ အစအနတောင် ရှာမတွေ့
တော့ တာ။ သူငယ်ချင်းတစ်ယောက် သွားမယ်ဆို တော့ "ဟာ၊ ဒီကောင်ဒိုးရင်တော့ ဒီကောင့် Skill
က ပိုမိုက်လာမှာ၊ နေထိုင်မှု စိတ်ဓာတ်၊ ဘ၀ပုံစံ အကုန်ပြောင်းလဲသွားမှာပဲ" လို့ မျှော်လင့်လိုက်
သေးတယ်။

အလကား၊ ပိုတောင် ဆိုးလာသေးတယ်။ အင်္ဂလိပ်က ပိုတောင် ညံ့လာသေးတယ်။ Rap ဆိုတဲ့
Skillကလည်း ဘာမှမပြောင်းလဲဘူး။ အရင်အတိုင်းပဲ။ ဒီမှာ တင် အဖြေထွက်နေပြီ။ အခုအရွယ်မှာ
ဘယ် နေရာမှ မသွားချင်တော့ပါ၊ ဘယ်နိုင်ငံရဲ့ ရိုးရာ၊ ဓလေ့ဝါဒကိုမှ အထင်မကြီးတော့ပါ။ သင်္ဃန်း
ကျွန်းက ရှက်ကီမန်းကြီးကတော့ အသက်ရှင်နေဦးမလား မသိပါဘူး။ ရှိနေသေး ရင် ဒီစာကို ဖတ်
စေချင်ပါတယ်လေ။

အိပ်မက်တွေက နောက်မကျပါဘူး။ အတွေးအခေါ်နဲ့ စိတ်တွေကသာ နောက်ကျ နေကြတာ။
အဓိကအချက်က ကိုယ်နောက်ကျ နေပြီထင်ရင် ချက်ချင်းထ၊ စိတ်ဓာတ်ကျပြီး အရက်ထဲ မျောနေ
လား၊ ရပ်လိုက်တော့။ တော်ပြီ ကျေနပ်တော့။ ခင်ဗျားဝိညာဉ်အပြည့် နွဲျ့ကည နိုင်ရင် ပန်းတိုင်
မပျောက်ပါဘူး။ အမှောင်ကို ဖယ်ရှားဖို့ထက် ကိုယ်က အလင်း ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီစာကို
လူကြီးမင်း တို့ ဖတ်ရတဲ့အချိန်မှာ ကျွန်တော်တို့၊ နောနော် တို့က မြစ်ကြီးနားမြို့မှာ 'ဧ၀ံဂေလိ' မျှဝေ
နေပါပြီ။ ဘာလိုလိုနဲ့ ဒီစာစောင်မှာ စာရေး တာ တစ်နှစ်တောင် ပြည့်ပြီပဲ၊ ဆောင်းလေ
လေးတောင် မြူးလို့ .......

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။