Foundation XV

 

ဦးထုပ်အသစ်၊ ဆွယ်တာ အသစ်၊ တီရှပ် အသစ်၊ လက်ပတ်နာရီအသစ်၊ ဂျင်းအသစ်၊ Sneakers
အသစ်၊ လူအသစ်၊ ယုံကြည်ချက် အသစ်၊ အိပ်မက်အသစ်၊ ခံစားချက်အသစ်၊ စိတ်ဓာတ်အသစ်၊
စာမျက်နှာသစ်၊ ရေးသားပုံ ရေးသားနည်းအသစ်၊ စကားလုံးအသစ်။ ကြွား နေတာမဟုတ်။ နှစ်သစ်
တောင် ကူးပြီလေ။ သစ်ရွက်စိမ်းကလေးတွေကို ကနုတ်ဖော် လို့ သီချင်းတစ်ပုဒ်သဖွယ် အရှိန်ယူ
နေတဲ့ မျက်လုံးတစ်စုံဟာ ဆောင်းလေညင်းနဲ့အတူ လိုက်ပါသွားတဲ့ ခံစားချက်တွေကို နှမြောနေ
သယောင်ယောင်။ ဂီတာသံတွေ ခေါ်ဆောင် ရာကို တောအုပ်ကြီးတစ်ခုလုံး မှုတောင်မှုမယ့်
ပုံမပေါ်။

ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေတောင်မှ တကယ်တမ်း ကျုပ်တို့ရင်ထဲက ပုံရိပ်
တွေကို မပိုင်ဘဲ။နားလည်ပါတယ်။ ကိုယ့်နောက်ခံဇာတ်ကြောင်း နဲ့ကိုယ်ဆိုတော့။ မဆီမဆိုင်
တစ်ခေါက်ဆိုရင် အရမ်းချောတဲ့ ကောင်မလေးတစ်ယောက်က အသားမည်းမည်းနဲ့ မှုန်ကုပ်
ကုပ်စာကြမ်းပိုး တစ်ကောင်နဲ့ ဖတ်စာအုပှ့်မေန လုပ်နေတာ။ ကိုယ်လည်း သမီးရည်းစားထင်ပြီး
ပါးစပ်က လွှတ်ခနဲ ထင်ယောင်ထင်မှား ပြောလိုက်မိဖူး တယ်။ အမယ် ထူးထူးဆန်းဆန်း ကောင်
မလေး က မရှက်ဘဲ ဟိုဘဲက ကျုပ်ကို တင်းသလို၊ရှိုး သေးသဗျ။ နောက်တော့ ခင်သွားပါတယ်
လေ။ အဟောင်းထဲက အကောင်း။ မှန်ပါတယ်၊ အများကြီးကျန်သေးတယ်။ လူစုံတက်စုံပဲ၊ စကား
အများကြီးပြောချင်ရင် လူနည်းနည်း နဲ့ပဲ တွေ့လိုက်။ လူများနေပြီဆို ဘာမှကို မပြောတော့တာ၊
နှုတ်ဆက်လက်ပြပြီး တန်း လစ်တော့တာ။

လူကြီးမင်းတို့ မိတ်သဟာယ ဖွဲ့တာကို တန်ဖိုးထားသလား။ (သို့မဟုတ်) မိတ်ဆွေ+အသိ+
သူငယ်ချင်းကို တန်ဖိုးထား သလား။ ဘာကိုတန်ဖိုးရှိတယ်။ ဘာကို တန်ဖိုးမရှိဘူး။ ဘယ်ဟာကို
ဘယ်လို သတ်မှတ် သလဲ။ တကယ်ပါ၊ အဖွဲ့တိုးတက်နေတဲ့ လူက ဘယ်တော့မှ မဆင်းရဲဘူး
(လူရော စိတ်ရော)။ သန်းကျော်တန်ဘ၀ လိုချင်ရင် သန်းကျော်တန် အကျင့်စာရိတ္တပိုင်ဆိုင်ဖို့ လို
အပ်တယ်။ ၀န်ဆောင်မှုအပိုင်းဆိုင်ရာမှာ ပြတ်သားတယ်၊ ကတိတည်တယ်၊ လျင်မြန် တယ်။
တောင်းတဲ့ဈေးထက် အဆပေါင်း များစွာ တန်ဖိုးမဖြတ်နိုင်တဲ့ စေတနာစိတ်ရင်း နဲ့ လုပ်ပေးတယ်
လို့ အလုပ်ရှင်က ပြောလာပြီ ဆိုရင် နောင်တစ်ခါ ဘယ်လောက် ထပ် တောင်းတောင်း သူပေးဖို့
ဝန်မလေးဘူး။ ဒီတော့ ထပ်ပြောမယ်၊ ကြိုက်တဲ့ဟာကိုရွေး။ မတည်မြဲတဲ့ အသွေးအသားနောက်
ချည်းပဲ လိုက်နေရင် ကိုယ်လည်း အဲဒီမမြဲတဲ့ အသွေး အသားလိုပဲ တစ်နေ့ကျရင် ပျက်စီးခြင်းသို့
ရောက်ရအံ့။

အားပေးစကားတွေ ပြောပါတယ်၊ ပြောတုန်းခဏပဲ။ ပြီးရင် ပြန်ပြီးဆဲတာပဲ၊ ဆိုတာပဲ၊ တောက်
လောင်တာပဲ။ ဒါက ကိုယ် လုပ်နိုင်သလောက်ပဲ။ ရှင်းရှင်းလေး ယုံရင် ရမယ်၊ မယုံရင် မရဘူး ...
ဒါပဲ။

ကျုပ်က တော့ အခြေအနေပေါ်မှာ မရပ်တည်တော့ဘူး။ အပေါ်တည့်တည့်က တစ်ယောက်သော
သူရဲ့ တတ်နိုင်ခြင်းပေါ်မှာပဲ ရပ်တည်တယ်။ 'ကျောက်ပေါ်မှာ ရပ်ရမယ်'ဆိုတာ ခိုင်ခံ့ အောင်
ဆောက်လုပ်ဖို့။ ဘယ်မှာဆောက် မလဲ...အထဲမှာ (အတွင်းမှာ)။ ဟ...ငါက ဘာဖြစ်ခဲ့လို့၊
ညာဖြစ်ခဲ့လို့၊ လယ်ထွန် ခဲ့ရလို့၊ အနှိမ်ခံ အနိုင်ကျင့်ခံ အညှဉ်းပန်း ခံခဲ့ရလို့၊ ဆိုက်ကားနင်းခဲ့လို့၊
နံပြားဖုတ်ခဲ့လို့၊ ပန်းကန်ဆေးခဲ့လို့၊ ကြောက်ရွံ့ခဲ့ရလို့... No No No No No No No (ခဏလေး)
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မယ်။ ကိုယ့် ကိုယ်ကိုယ် ကိုယ်တိုင်တည်ဆောက်မယ်။ သူများ
ကိုယ့်ကို ပြောခဲ့တာ၊ လုပ်ခဲ့တာနဲ့ မဆိုင်ဘူး။ အတိတ်ကို ပုံမချနဲ့၊ အတိတ်က ကိုယ့်ကို ဆောက်
လုပ်တာမဟုတ်ဘူး။ သူများ အကြောင်းမပြောနဲ့၊ ကိုယ့်အကြောင်းကိုယ် ပြော။ ဘယ်လိုပြောမလဲ၊
ဘယ်တော့ စပြော မလဲ ဆိုတော့ ... "အခု" မျက်နှာပေးအသစ်၊ လမ်းသစ်၊ သီချင်း အသစ်၊
ကာယအသစ်၊ မနက်အသစ်၊ နိုင်ငံတော်အသစ်... နောက်တော့ ... ကမ္ဘာအသစ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။