သန့်'ရှင်း'သည်

ဘာမှမရှိတဲ့ဟာကနေ ရှိအောင်လုပ်ခဲ့တယ်။ ဒီတော့ရှိလာတယ်။ ပြီးတော့ ယိုယွင်းလာ တယ်၊
ပျက်စီးလာတယ်။ ဒီတော့ ရုပ်သိမ်း ဖျက်ဆီးလိုက်တယ်။ မရှင်းဘူးလား...။ နှစ်ရှည်လများ တတ်
လည်းတတ်နိုင်လွန်း တဲ့ စနစ်တွေနဲ့ ဖွဲ့စည်းပုံတွေရဲ့အောက်မှာ ကြီးပြင်းလာရတဲ့ ဘ၀တွေက
ထွက်ပေါက် များစွာရဲ့ မှားယွင်းစွာ လမ်းပြမှုတွေထဲမှာပဲ ပျော်မွေ့ပြီးတော့ ချောင်ပိတ်မိတဲ့
စိတ်/နှလုံး/ ၀ိညာဉ် သုံးမျိုးရဲ့ ဦးတည်ရာ ဂိတ်ဆုံးက သင်္ချိုင်းကလွဲလို့ ကျန်တဲ့မှတ်တိုင် သိပ်
မတွေ့။

ဘယ်သူဘယ်ဝါကိုမှလည်း အပြစ်မတင်ရက် ပါ။ ထိုင်နေလိုက်လေ၊ ရတယ်။ ဘယ်မှမသွား နဲ့၊
ထိုင်ပဲထိုင်နေလိုက်။ ကမ္ဘာကြီးကတော့ လည်နေဦးမယ်။ ခင်ဗျားက ထိုင်နေလိုက်။ နှစ်တွေ၊
လတွေ၊ ရာသီတွေ၊ ၀တ်ပုံစားပုံတွေ၊ စက်ပစ္စည်းတွေ၊ အရာခပ်သိမ်း ကုန်စင် ပြောင်းလဲ ဖြစ်ပျက်
နေချိန်မှာ ဘာမှမလုပ်ဘဲ ထိုင်နေလိုက်။ လက်ရှိတယ်၊ ခြေထောက် ရှိတယ်။ ဒီအဖြစ်အပျက်တွေ
ကို ကြည့်ရင်းနဲ့ပဲ ပျင်းရိမှုနဲ့ မုန်းတီးခြင်းပေါင်းပြီး ရှုံးနိမ့်ခြင်း နွယ်ပင်တွေက တဖြည်းဖြည်းချင်း
အမြစ်တွယ် လာတယ်။ ခင်ဗျားလိုချင်တယ်၊ ခင်ဗျားတစ်ချက်ပဲ (ခလုတ်တစ်ခါနှိပ်ရုံမျှ) စလိုက်
တာနဲ့ သူ့ အလိုလို အကုန်လုံး အဆုံးအထိ အဆင်ပြေ သွားလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမတွေ့ဘူး။
ရှာမှမရှာတာ၊ မြင်လည်း မမြင်ဘူးလေ၊ ဘာတွေ လျှောက်ကြည့်နေမှန်းမှ မသိတာ။ ခင်ဗျားနားမှာ
ပဲ။ ဒါပေမဲ့ ခင်ဗျား ထမယူဘူး၊ ခင်ဗျား ထမလုပ်ဘူး။

အဲဒီတော့ ဘာဖြစ်လဲ၊ သူများယူသွားရော။ပေးတော့ပေးတာပဲ ယူမှမယူတာ။ ထပြီးယူလိုက်
ပြီးသွားပြီ။ အမှန်ကို ကြားသလား၊ အမှားကိုကြားသလား။ တချို့က အမှန်ကို ကြားတယ်၊ ဒါပေမဲ့
လက်မခံ နိုင်ဘူး။ အမှန်ကို လက်ခံရမှာစိုးရွံ့ကြတယ်။ မှန်သယောင်ယောင်ရှိတဲ့ အမှားတွေနောက်
ကို ကောက်ကောက်ပါအောင် လိုက်သွားတတ် ကြတယ်။ အရှင်းဆုံးပြောရရင် အမှန်ကို သိတယ်၊
မြင်တယ်၊ ကြားတယ်၊ နှလုံးသားထဲရောက်ခါနီးပြီ။ နှလုံးသားထိပ်ဝ ရောက်ပြီ။ (ထိပ်ဝတည့်တည့်
ကို ရောက်နေပြီ)

အေး... အ၀မှာတင် မာန်မာန၊ အတ္တ၊ လောဘကိုပဲ ဦးစားပေးပြီး အမှန်တရားကို ငြင်းပယ်ချလိုက်
တယ်။ ကိုယ်လုပ်ချင်တာ၊ လိုချင်တာတစ်ခု ကိုပဲ ဦးစားပေးလိုက်လေသတည်း။ ရှင်းပါ တယ်နော်။

ဘာမှမရှိတဲ့နေရာမှာ အချစ်တွေထည့် လိုက်တယ်။ ပျော်ရွှင်စရာလေးတွေဖြစ်လာ တယ်။ လက်မခံ
တဲ့ အစိတ်အပိုင်းတွေ ၀ိုင်းမုန်း ကြတယ်။ ဒီတော့ သူတို့အစိတ်အပိုင်းတွေ ထဲမှာပဲ စိတ်ညစ်စရာ
တွေ ဖြစ်လာတယ်။ အချစ်တွေက အဆုံးထိတိုင် မားမားမတ်မတ် ပျော်ပျော်ရွှင်ရွှင် ချစ်သွားတယ်။
အမုန်းတွေ ကတော့ စိတ်ညစ်စရာတွေထဲမှာ မုန်းပြီး ကျန်ရစ်ခဲ့ကြတယ်။ ရှင်းရှင်းလေးပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။