ကျဆိမ့်တစ်ခွက်နဲ့ ရော့ခ်သီချင်းတစ်ပုဒ်

 

လွင့်နေတယ်။ တစ်ရှိန်ထိုး ဦးတည်ချက်ရှိ သယောင်ယောင်နဲ့ လွင့်နေတယ်။ အေးဆေး လေးပေါ့၊
ရှယ်ပဲ။ အရောင်ကို စုံလို့ပါပဲလေ။ ထိုင်ပြီးတော့ လွင့်နေတာ။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လွင့်နေ
တာ။ ဘယ်မှာလဲဆိုတော့ ရုံးထဲမှာ၊ ကျွန်တော်အလုပ်လုပ်တဲ့ ရုံးထဲမှာ၊ လက်ဖက်ရည်ဆိုင်မှာ
မဟုတ်။ ဟုတ်ပါတယ်၊ ကျွန်တော်ရုံးမှာပါ။

ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ မင်္ဂလာဒုံမြို့နယ်ပြည်လမ်းမ ကြီးပေါ်က လက်ဖက်ရည်ဆိုင်
တစ်ဆိုင်မှာ မာယာသုံးလို့ တိုက်ခတ်နေတဲ့ လေပူတွေထဲ သာယာလျက် လွင့်နေမိတယ်။ လွင့်နေ
တာက စိတ်၊ စိတ်ကလွင့်နေတယ်။ ဘာလို့လွင့်တာလဲ၊ ဘာကြောင့် လွင့်တာလဲ။ စာရေးဖို့လေ၊
ရေးချင်တဲ့(သို့မဟုတ်) ပေးချင်တဲ့နာမည် က...'ကျွန်တော်နှင့် ဖြတ်သန်းခဲ့သော အရူးများ'
ကျွန်တော် ဒဏ်ရာတစ်ခုရခဲ့တယ်။

ဒီ ဒဏ်ရာကို တခြားသော 'မှော်အတတ်'တွေနဲ့ ဖြည့်ဆည်းကုသပေမယ့် အမာရွတ်က ပိုပိုကြီး
လာလို့ စိတ်နှလုံးထဲမှာ နာကျင်မှု ကိန်း အောင်းခဲ့တာမို့ အတော်နဲ့မပျောက်။ ဟေ့လူ ခင်လို့
သတိပေးမယ်။ ခင်ဗျား သားသမီး ဆယ်ကျော်သက်ရောက်ပြီဆို ပိုသတိထားပါ။ ကိုယ့်အတ္တ
ကြောင့် တောက်ပမယ့် အနာဂတ် သစ်လေးတွေ 'အလင်းတု' နောက်လိုက်လို့ ဦးတည်ချက်
ပျောက်ပြီး (မပြည့်မစုံနဲ့) ယိုယွင်း မသွားပါစေနဲ့။ ကြီးကြီးကျယ်ကျယ် ပြောရ အောင်လည်း
ကြီးတော့လည်း ဘာမှမကြီးပါ။ ဒါပေမဲ့ တွေ့ဖူးခဲ့တဲ့ အကျင့်စုံ၊ စရိုက်စုံ၊ ဂိုဏ်းစုံ၊ လိုင်းစုံ၊ သိုင်းစုံ၊
လူမျိုးစုံနဲ့ ဇာတ်လမ်းစုံတွေက တော့ဖြင့် ကုန်ကြမ်းလို့ သမုတ်ပြန်လည်း မန္တလေးတိုင်းက ဆန်ဂို
ဒေါင် ပြည့်လောက် အောင် ကျုပ်ရဲ့အသိပညာနဲ့ ဗဟုသုတစိုက်ခင်း ကြီးက ဖူးပွင့်လို့ ဝေဆာနေပုံ
များ ဆရာသမား တွေကို ခေါ်လို့ ကြွားချင်သေးသဗျာ။

ခုနက ပြောတဲ့ မှော်အတတ်တွေကို အနုတ်လက္ခဏာ နဲ့ ဆေးထိုးပေးတဲ့ သတ္တ၀ါတွေရဲ့ သိုင်း
ကွက် နင်းချက်က ဟဲဗီးကြမ်း။ တစ်ယောက်ဆို ရှေ့မှာတင်ပဲ နာမည်ကြီးလာတယ်။ ရှေ့မှာ တင်ပဲ
'ပလုံ'သွားတယ်။ ဇာတိက ဒေးဒရဲ၊ အစောပိုင်းမှာ ပြဇာတ်နဲ့ စခဲ့တော့ သူ့အပြော အဆိုအနေ
အထိုင်က 'ဇာတ်'ဆန်သပ။

ကိုယ် တွေက မတောက်တခေါက်နဲ့ ကြက်ကန်းတိုး ပြီး တစ်ပုဒ်စ၊နှစ်ပုဒ်စ ဆွဲနေတုန်းက ဒင်းက
ကြားပြီး မခံချင်စိတ်နဲ့ တောပြန်သွားတယ်။ ဇာတ်ထဲက နာမည်ကြီး ခွန်းထောက်တွေ၊ လေးချိုးတွေ
ရှယ်လေ့လာတယ်။ ခိုးတယ်၊ ပြီးတော့ ရန်ကုန်ပြန်လာပြီး Rapသီချင်း စာသားတွေထဲမှာ ဒီ skill
တွေကို အသုံးချ၊ ဒီမှာတင် ရုတ်တရက် '၀ုန်း'ခနဲ။သတိမထားမိ တဲ့အချိန်မှာ ရွှေတောင်ကြားက
တချို့သော (တချို့ပဲနော်) သူဌေးသမီးတွေရဲ့ ပါးစပ်ဖျား မှာ သူ့နာမည်လေးရွတ်လို့။ အဲဒီမှာ ရူး
တာပဲ။ နည်းနည်းလေး အောင်မြင်တာကို အကြီးကြီး ရူးပစ်လိုက်ပုံများ တစ်ဖွဲ့လုံးက သူ့လိုဖြစ်ချင်
တယ်လို့ သူထင်လာတယ်။

အဲဒီအခိုက်အတန့် မှာ အကြောင်းကြောင်းကြောင့် သူ့ကို ရန်ကုန် တိုင်းက စင်တင်ဖျော်ဖြေခွင့်
ပိတ်လိုက်တယ်။ 'ဖောက်'ခနဲ ကျည်ဆန်ထိတဲ့ ငှက်လို အပေါ်က ကျလာတယ်၊ ကျလာတယ်၊
ကျလာတယ် လူရော၊ စိတ်ရော၊ စာရိတ္တရော၊ှုငူ ရော ကျလာတာများ နောက်ဆုံးကြည့်လိုက်တော့
သူက ရာမတောင် ရှူတတ်နေပြီ။ ဒီမှာ ရူးပြီ၊ သူရူးပြီ။ မိန်းကလေးတွေလည်း ဘယ်နှယောက်
တွေမှန်း မသိတော့ဘူး။ ရာမကျူးပြီးပြောတဲ့ "ငါဘုရားဖြစ်သွားပြီ" ဆိုတဲ့ သူ့စကားက တို့အရက်
ဝိုင်းမှာ ဟာသအဖြစ် နာမည်ကြီး လိုက်သေးတယ်။ ဘာရယ်စရာမှလည်း မပါ လိုက်ပါဘူး။

သနားစရာ...။ ကိုယ်လည်း ဟိုးအရင်က သူ့လောက် မဆိုးရုံတမည်ပဲ။ ဆေးခြောက်ကို ရှယ်ရှူခဲ့
တာ။ တစ်ခါတစ်ခါဆို ဘယ်နှသောင်းဖိုးတွေ ရှူမိခဲ့မှန်း မသိခဲ့ဘူး။ ရူးပြီး ဒိုးနေတာ။ သတ္တ၀ါ တစ်
ကောင်ဆိုရင် သူမသိလိုက်ချိန်မှာ သူ ဆေးခြောက်သမားစစ်စစ် ဖြစ်နေပြီ။ သူ့ အစ်ကိုက ပိုဆိုး
(အိုး) ဆေးခြောက်ကို သြညါ တွေနဲ့ဆွဲ၊ ကက်ဆက်တွေ အကျယ်ကြီးဖွင့်၊ အိမ်ထဲမှာ ၀တ်လစ်
စားလစ် ပတ်ပြေးနေလို့ နောက်ဆုံး ရဲလာဖမ်းပြီး အရူးထောင် ပို့လိုက် ရတယ်။

သူ့ညီကျတော့... "လက်ဝဲစာအုပ် တွေဖတ်ပြီး ရူးတဲ့ဘဲကြီး" အိမ်မှာသွားပြီး (ကျုပ်တို့) ပြဲကြ
ကွဲကြတုန်း ဘဲကြီးအဖေနဲ့ ဘဲကြီးက ထကွိုင်။ (သတိ၊ ထိုအချိန်တွင် အရက်နှင့် ဆေးခြောက်
နှစ်ပင်လိမ်ပြီး လစ်နေသည်) အရမ်းပျော်နေကြတုန်း အရမ်း ဂွမ်းတာတွေလည်းဖြစ်ရော ဧည့်
သည်အားလုံး ရူးကုန်ကြပြီ။ အဲဒီမှာ ကျုပ်တို့ထဲက အင်္ဂလိပ် အရူးတစ်ကောင်က ထပြီး ဆေး
ခောက်ရူးရဲ့ ညီကို လက်တို့ပြီး (ဘာပြောမှန်းမသိအောင် ကြောက်ရွံ့ဟန်နဲ့) "ပါဝါ ပါဝါ" ဆိုပြီး
ဘာ အဓိပ္ပာယ်ဆက်စပ်မှုမှ မရှိတဲ့စကားကို ပြောချ လိုက်တာ အဖေနဲ့သား တိုက်ပွဲပြင်းထန်ချိန်
အခိုက်အတန့်မှာပဲ ဆေးခြောက်ရူးအငယ် ကောင်က စစ်ဗိုလ်များ အလေးပြုဟန် အိုက်တင်နဲ့
"ဟေ့ကောင် ရော့ဒီမှာ ပါဝါ ပါဝါ" ဆိုပြီး ပါဝါပေးတယ်။

အဲဒီမှာ ကျွန်တော်လည်း ထိန်းမရတော့ မျက်ရည်ထွက်အောင် ခွက်ထိုး ခွက်လန် ရယ်မိတယ်။
ဪ... ရူးလိုက်ပုံ များ။ တစ်ခေါက်ဆို ကျွန်တော်တို့အဖွဲ့ကို စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့
စတင် မိတ်ဆက်လာသူရဲ့ စတူဒီယိုကို အမျိုးသမီး ကြီး တစ်ယောက် ရောက်လာတယ်(အပျိုကြီး)
သူက ဆေးခြောက်အရူးကို ရေရေလည်လည် ကြွေတဲ့အခါ ဒင်းရှေ့ရောက်ရင် ဂနာမငြိမ်။ စတူ
ဒီယိုပိုင်ရှင် ဦးဆောင်ပြီး ချောင်းသာ သွားကြတယ်။ ချောင်းသာလည်းရောက်ရော ကျောက်
မောင်နှမ အသွားလမ်းမှာ ဘာတွေ လွဲတယ်မသိ၊ ဇီဇာကြောင်တဲ့ စကားတွေ ကြောင့်လား၊
တခြားတဏှာရူးတစ်ကောင်က သူ့ကိုလိုက်ကြောင်နေတာ ကြောင့်ပဲလား အပျိုကြီးလည်း
ဘယ်လိုရူးသွားသည်မသိ။ ရောက်ရောက်ချင်းပဲ ကျောက်မောင်နှမကြီး ကို ထိုင်ပြီးရှိခိုးနေ
လေတယ်။

'ကြည့်စမ်း၊ ကြည့်စမ်း၊ ကြည့်စမ်း' ဘုရားမရှိ ဘုရားစင်စစ် ကို မသိတဲ့လူတွေခမျာ ဘာတွေဖြစ်နေ
သလဲ။ ဘယ်လိုတွေ ဖြစ်နေကြသလဲ။ ပြန့်ကျဲနေတဲ့ အစိတ်အပိုင်းအားလုံးကို သူ့နာမတော်ကို
သုံးလို့ တစ်ချက်ပဲ ပြန်စုစည်းလိုက်ရင် အလင်းတော်အောက်မှာ တသီကြီး ပြန်ပြီး အမြင်မှန်ရကြ
မှာ မုချဧကန်။ လောကအရာ တွေကို ရူးသွပ်နေကြတဲ့ အသိုင်းအ၀ိုင်းထဲက ရုန်းထွက်ခွင့်ရတဲ့
အတွက် ကျေးဇူးတော်ကို ချီးမွမ်းရင်း လက်ဖက်ရည်တောင် ကုန်သွား ပါပေါ့လား...။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။