ဒါပဲ

ပူနွေးတဲ့လေတွေ တိုက်ခတ်လျက်ရှိတယ်။ ခိုကလေးတွေ အစာစားနေကြတယ်။
မကြာ သေးမီက အသစ်ဖွင့်လှစ်လိုက်တဲ့ ဘဏ် အသစ်တစ်ခုက အမှုဆောင်ဝန်ထမ်းတွေ
ဟာ စာအုပ်အသစ် (Account အသစ်) ဖွင့်မယ့် ကျွန်တော်တို့ စတည်းချတဲ့ ရုံးခန်းမှာ
ရောက် ရှိနေကြတယ်။

ကျွန်တော်စဉ်းစားတယ်၊ ဒီလောက်ပူလောင်အိုက်စပ် ရန်ကုန်နွေခေါင် ခေါင်ကြီးမှာ
ဒီဘဏ်မမတွေ ဘယ်လိုများ ပုံမပျက် ပန်းမပျက် တင့်တယ်နေသလဲပေါ့ လေ။ ဒို့ရဲ့စမ်းချောင်း
သူတွေတော့ ဒီအချိန် လောက်ဆို ဖရိုဖရဲနဲ့ ပြိုကွဲနေပြီ။ အချိန်နာရီ တွေ လူကိုဖြတ်သန်းသွား
တယ်။ စာမျက်နှာ များစွာတွေလည်း မင်စက်များစွာနဲ့ အိပ်စက် အနားယူသွားပြီ။ ချွေးစေးတွေ
လည်း ခန္ဓာ ကိုယ်အနှံ့မှာ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကလျက်။ ဂျာမနီက လေယာဉ်ပေါ်ပါသွားတဲ့
အပြစ်မဲ့ မိဘပြည်သူတွေအတွက် ညှိုးငယ် တဲ့စိတ်နဲ့ လွန်စွာကိုယ်ချင်းစာ ၀မ်းနည်း မိပါကြောင်း။

အကြမ်းဖက်အဖွဲ့ကိုလည်း စကားလက်ဆောင် ပါးချင်သည်မှာ ဘုရား သခင်ရဲ့ နာမတော်ကို
အလွဲသုံးစားလုပ်တဲ့လူတွေရဲ့ ၀ိညာဉ်ဟာ လုံးဝကယ်တင်လို့ မရကြောင်း။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ဆုတောင်းပေးနေ ကြောင်း စကား
လက်ဆောင် ပါးလိုက်ရပါ တယ်။ ကျွန်တော်သိသွားပြီ။ ဘာသိတာလဲဆို တော့ ကျွန်တော်
ဘာမှမသိသေးဘူးဆိုတာကို ကျွန်တော်သိသွားတာ။ ဘဏ်စာအုပ် စလုပ် ခါစက စာအုပ်
လုပ်တဲ့ဘဏ်မှာ ကိုယ့်ထက် စီနီယာကျတဲ့ အနုပညာရှင်တစ်ဦးနဲ့ အ၀င် အထွက် ဆုံခဲ့ပါတယ်။
စဉ်းစားမိတာက "ဪ ဒီလူ ပိုက်ဆံစုတာ ဘယ်နှနှစ်များ ရှိပြီလဲ" (လွန်ခဲ့တဲ့နှစ်များစွာက
အတွေး) ဘဏ်တစ်ခု ရဲ့ အကျိုးကျေးဇူး၊ ပိုက်ဆံစုခြင်းရဲ့ အကျိုး ကျေးဇူးကို သိလာတဲ့အချိန်မှာ
အဲဒီလူကြီးရဲ့ အတွေးအခေါ် ဘယ်လောက် Smart ဖြစ် ကြောင်းကို တစ်ချိန်က အမိုက်အမဲလေး
ကျွန်တော် အခုဆင်ခြင်မိပြီး လေးစားကြောင်း သူ့ကိုတွေ့ရင် ပုဂ္ဂိုလ်ရေးအရ ချီးမွမ်းပါဦးမယ်။
Rumi,Shakespeare,Maya Angelou,Serji Tankian(System of A Down)၊ သခင်ကိုယ်တော်မှိုင်း၊
သုခမိန်လှိုင်နဲ့ မောင်ယုပိုင် အထိ ရှိသမျှ ကဗျာဆရာတွေအပြင် စာရင်း ထဲမပါတဲ့
သို့မဟုတ် စာရင်းထဲထည့်ခံရမှာကို မကြိုက်တဲ့ ကဗျာသုတေသီကြီးတွေရဲ့ ကဗျာ တွေကို
'ဒီအရွယ်ကြီးရောက်မှ ဘာဖြစ်မှန်း မသိ' ဆိုသလို ရင်ဘတ်ထဲ တဂျိမ်းဂျိမ်းဖြစ်မိ တယ်။

ကိုယ်တွေ စိတ်ဓာတ်ကျပြီဆိုလို့က တော့ သိတဲ့အတိုင်းပဲလေ။ ခေါင်းထဲ ဒီ အကြောင်း
Revision ပြန်ရင်းနဲ့ ရုတ်တရက် 'ဪ' ကိုယ်က အခုမှ Poetic လာဖြစ်နေတာ။
ကိုယ့်ဘေးနားမှာ အရင်က ရှိခဲ့ဖူးတဲ့ လုပ်ဖော် ကိုင်ဖက်တချို့ထဲက အထင်ကရပုဂ္ဂိုလ်တစ်ဦး
အတော်ကို ကဗျာဆန်ကြောင်း သိသွားတယ်။ ကျွန်တော်သိသွားတယ်။ ထိန်ဝင်းအိမ်မှာ
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အစောကပုဂ္ဂိုလ် နဲ့ သီချင်းသွားလုပ်တုန်း ဒီလူက ကဗျာစာအုပ်
တစ်အုပ်ထုတ်ပြီး မှီငြမ်းနေတာ ပြန်သတိရမိ တယ်။ နောက်ဆုံး မျက်ဝါးထင်ထင်ဖြစ်လာ
တာက သူ့ ပထမဦးဆုံး Solo သီချင်းတစ်ပုဒ်ရဲ့ စာသားကို ပြန်ဆင်ခြင်မိတော့မှ 'အို' အတွင်း
ပုံရိပ်များက ဆန်းကြယ်သလား...ဆိုတဲ့ ပထမအကြောင်းကို နားယောင်မိရင်း ကမ္ဘာ ပေါ်မှာ
ငါ့ညီအစ်ကိုတွေ အနုပညာပိုင်းမှာ ကျေးဇူးတော်အားဖြင့် တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြောင်း
စိတ်နှလုံးအားဖြင့် အသိ အမှတ်ပြုလာကြောင်း ၀န်ခံအပ်ပါတယ်။ ကျွန်တော်က ဘေးမှာရှိတဲ့
လူတွေကို ရှိနေချိန်၊ တန်ဖိုးထား ချီးမွမ်းရမယ့်အချိန်မှာ ရှေ့က မာနတံတိုင်းကြီးနဲ့ မစ္ဆရိယခြံစည်း
ရိုးတွေက အတ္တတွေနဲ့ ကာဆီးနေတာကြောင့် မချီးမွမ်း ဖြစ်ဘူး၊ တော်လို့ တော်ကြောင်းကို
အသိ အမှတ်မပြုဖြစ်ဘူး။

တကယ်လို့ သူတို့သော် လည်းကောင်း၊ ကိုယ်တွေသော်လည်းကောင်း ကိုယ်တော့်အလိုတော်
အားဖြင့် 'နေ့မြင်လို့ ညပျောက်' ခဲ့သည်ရှိသော် သူတို့တော်တဲ့ အကြောင်း၊ သူတို့မိုက်တဲ့
အကြောင်း သူတို့ ကိုယ့်အနားရှိပေးခဲ့တာကို ဘယ်လောက် ကျေးဇူးတင်ကြောင်း ပြောမပြလိုက်
ရရင်ဖြင့် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်လိုက် မလဲ။ ဒါကြောင့် အခုကစပြီး ချစ်သည်ဖြစ်စေ၊
မုန်းသည်ဖြစ်စေ၊ တွေ့သမျှပုဂ္ဂိုလ်အားလုံး ထဲက ပုဂ္ဂိုလ်မြတ်တွေကို လေးစားချစ်ခင်စွာ
ဆက်ဆံတော့မှာဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါတယ်ခင်ဗျား။ သင်္ကြန်ရောက်ပြီ။
ကျွန်တော်က ဏြွှ ဆွေသဟာမဏ္ဍပ်မှာ လေးရက်စလုံး အနုပညာ ရှင်တွေနဲ့အတူရှိမယ်။
အဆင်ပြေရင် လာခဲ့ ကြလေ။ ဒါပဲ...။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။