သဲအိမ်

 

တိမ်တွေကို မျှော်ကြည့်ရင်း မှိုင်တွေကာ... ကျွန်တော် သူ့ကို ခေါ်ပါတယ်။
ရင်ထဲက ခံစားချက်တွေနဲ့ခေါ်တယ်။ အရောင်မျိုးစုံ ပြောင်းသွားတယ်။

လေတိုက်ပုံတိုက်နည်း တွေလည်း ပြောင်းသွားတယ်။ ညဘက်၊ ဟုတ်တယ်
ညဘက်ကြီး။ ကောင်းကင်မှာ ကြယ်မထွက်...သဘောပေါက်မှာပါ။ လေတိုက်ပုံ
တိုက်နည်း ပိုမိုက်လာတယ်။

မှောင်နေတဲ့ ကောင်းကင်ယံမှာ တိမ်တွေက နီရဲလာတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။
မိုးသား ထဲမှာပဲလား၊ မိုးကုပ်စက်ဝိုင်းရဲ့ ဟိုဘက်မှာ ပဲလား၊ ကျွန်တော့်စိတ်ထဲကပဲလား။
ကျွန်တော် သူ့ကို စကားပြောပါတယ်။ သူကတော့ အမြဲတမ်း မပြောင်းလဲ... တည်းမြဲခြင်း
ကတိသစ္စာ သူကြားတယ်၊ ကျွန်တော်သိတယ်၊ သူကြားတယ်ဆိုတာကို။ ကျွန်တော့်ကော်ဖီတွေ
အေးသွားတယ်။ ကော်ဖီတွေ အေးသွားခဲ့ဖူးတယ်။ ကျွန်တော့် ကော်ဖီတွေ အေးသွားခဲ့တာ
အကြိမ်ပေါင်း မနည်းတော့ဘူး။ ကော်ဖီအေးသလို ကျွန်တော် ပါ လိုက်ပြီး အေးသွားတယ်။
အေးပစ်လိုက် တယ်။ အစအဆုံး။ တစ်ခါတစ်ရံ ကောင်းကင်ကြီးကိုကြည့်ရင်း မိုးကုပ်စက်ဝိုင်း
ရဲ့ဟိုးဘက် ထောင့်တစ်နေရာက လျှပ်စီးလက်သလို ရုတ်တရက် လင်းသွားတယ်။လျှပ်စီးလက်
သလို လင်းတာ၊ လျှပ်စီးလက်တာမဟုတ်ဘူး။ တစ်ခုခုပေါက်ကွဲသွားသလို လင်းသွားတာ။
ကြုံတာ နှစ်ခါသုံးခါရှိပြီ။ မိုးရာသီလည်း မဟုတ်၊ တစ်ခုခုတော့ တစ်ခုခုပဲ။ ရာသီဥတု ပဲလား၊
ဓာတ်ပြုမှုတစ်ခုလား။ ကျွန်တော် တကယ်မသိပါ။ သိလို့ပြောပြန်လည်း လူကြီး မင်းတို့
လက်ခံမည်၊ လက်မခံမည် အာမခံချက် မပေးနိုင်တာမို့ ကျွန်ုပ် ပြောပြမည်မဟုတ်ပေ။
မိုးကုတ်အသွားတုန်းက လမ်းမှာ ကားစီး နေရင်းနဲ့ ဟိုးအနောက်ဘက်ခြမ်းဆီက အပိုင်း အစ
ပြတ်ရွေ့တွေက လှပစွာ လွင့်စဉ်လာတယ်။

ကိုယ်စီကိုယ်စီ နေရောင်နေသားတွေ ဆင်မြန်း လို့။ ဒီလောက်လှတဲ့ တိမ်နဲ့နေ ရောပြီး
ပေါင်းစပ် ထားတဲ့ ပန်းချီကား သူမှမရေးရင် ဘယ်သူမှ ရေးလို့မရဘူး။Mary Poppins ဇာတ်ကား
ထဲက သီချင်းတစ်ပုဒ် အရမ်းကြိုက်တယ်။ စာသားမမှတ်မိတော့ပါ။ အခုအရွယ်မှာ ဒီဇာတ်ကား
ကိုလည်း မကြိုက်တော့ပါ။ တိမ်တိုတိမ်စတွေ ရွေ့နေတယ်။ ခံစားချက် တွေ ရွေ့နေတယ်။
စာသားတွေရွေ့နေတယ်။ အခိုးအငွေ့တွေ ရွေ့နေတယ်။ ဆုတောင်းသံ တွေ လွင့်နေတယ်။
Deja vu တွေ များလာ တယ်။ ဆက်တိုက်ကို ဖြစ်နေတယ်။ မြင်ရတဲ့ မတည်မြဲခြင်းတွေနဲ့
မမြင်ရတဲ့ ယုံကြည်ခြင်း။ ဒုတိယတစ်ခုက ကိုယ်တွေနဲ့ တိုက်ရိုက် ပတ်သက်တယ်။ တံဆိပ်ခတ်
မထားပေမယ့် မျိုးသုဉ်းပြီးသား သင်္ခါရတွေမှာ ကျုပ်မပါ။ ဖြစ်ဦးမယ် ထပ်ဖြစ်ဦးမည်။ ဘယ်တော့လဲ
ဘာလဲ၊ ဘယ်မှာလဲ။ ပို့သသော မေတ္တာများသည်၊ ကြည်နူး ခြင်းများသည်၊ ငြိမ်သက်ခြင်း များသည် '
လှုပ်၍မရသောနိုင်ငံ' ၌ ကိန်းအောင်းပါ ကြောင်း အစီရင်ခံတင်ပြရင်း...။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။