မရေးဖြစ်သေးသော သီချင်းဟောင်းများ

မိုးသက်လေပြင်းမကျပါ။ လေငြိမ်တယ်။ ဒါပေမဲ့ မိုးက မှောင်မိုက်လျက် လှတယ်လို့ ခံစားရ
တယ်။

ဖြည်းညင်းတဲ့ ကမ်းနားက လေပြည်က ရွက်လှေကြီးရဲ့ ရွက်ဖျင်တွေကို ကကွက်ဆန်းတွေ
ရေးသားပေးနေတယ်။ ခရီးသည်တစ်စုံတစ်ယောက် ရောက်လာ တယ်လို့ ထင်လိုက်ပါ
သလော။ သတ်မှတ် ချင်ရင် သတ်မှတ်လို့ရပါတယ်။ ဒီလှေ၊ ဒီရွက်လှေ ဘယ်သွားမှာလဲ။
သွားရော သွား မှာလား၊ ထွက်မှာလား မထွက်ဘူးလား။ ဘယ်ကိုသွားမှာလဲ၊ ဘယ်မှာ
အဆုံးသတ်မှာ လဲ၊ ဘယ်လိုအဆုံးသတ်မှာလဲ၊ လှိုင်းတွေက တော့ လူးလွန့်လျက်ပင်....။
တယောတစ်လက် စတင်တီးခတ်နေ တယ်။ ငြိမ့်ညောင်းလှတယ်။ လွင်ပြင်ကျယ်ထဲမှာ
တယောထိုးသံကြားနေရတယ်။

ဒါပေမဲ့ တီးတဲ့လူမရှိ တယောသံတော့ ရှိတယ်။ ပန်းသီးတစ်ကိုက် ကိုက်လိုက်တယ်။
ပန်းသီး စိတ်တွေ လေနဲ့အတူ လွင့်လာတယ်။ လေတိုက် တဲ့အခါ သစ်ရွက်စိမ်းတွေ
သီချင်းဆိုတယ်။ လှလှပပဆိုတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်း ဆိုတယ်။ ဒီအချိန်မှာ
မိုးရွာချတယ်။ ရွာချ လိုက်တဲ့ မိုးကြောင့် သစ်ရွက်တွေ စိုသွားတယ်။ လှလှပပစိုတယ်။
ငြိမ့်ငြိမ့်ညောင်းညောင်းစိုတယ်။

တောအုပ်ကြီးတစ်ခုလုံး သာယာလှပ စိမ်းစိုလို့။ ကျေးဇူးပြုပြီး အသည်းကွဲသီချင်းတွေ
မဖွင့်ပါနဲ့။ မိန်းကလေး အသည်းကွဲချိန်မှာ ခါးခါးသီးသီး ငိုချလိုက်တယ်။ နှင်းဆီပန်းတွေ
ကြေမွလွင့်စဉ်ကြွေကျသွားတယ်။ ဂီတသံတွေ မြိုင်ဆိုင်လျက် ဓာတ်ပြားဟောင်းကြီး
လည်နေတယ်။ ခံစားချက်တွေ စီးဆင်းလာတယ်။ ဆေးသကြားတွေ၊ အချို့မုန့်တွေနဲ
့ အပိုပစ္စည်း တွေ မီးလောင်နေတယ်။ စက်ရုံတွေ မီးလောင် နေတယ်။ "ငါခိုင်းတာလုပ်၊
ငါလုပ်တာ မလုပ်နဲ့"ဆိုတဲ့လူတွေ မီးလောင်နေတယ်လို့ ထင်ပါသလား...လူကြီးမင်း
သဘောပါ။ ခရီးသည်တွေ ဆိုက်ရောက်လာတယ်။ အရေအတွက် မဖော်ပြ၊ ဘာနဲ့
လာလဲ မဖော်ပြ။ ကန္တာရနဲ့တူတဲ့ လွင်ပြင်ကျယ်ကြီးထဲ ခရီးသည် တွေ မရှိ၊ ဘယ်သူ
ရှိလဲမသိပါ။ လူရှိလား မရှိလား မဖော်ပြ။ အဆောက်အအုံတွေ ဆန်းကြယ်စွာတည်ရှိ။
ရှေးဟောင်း တူရိယာ တွေ တီးခတ်ကြတယ်။ မိန်းကလေး သီချင်း ဆိုတယ်။
ကောင်းလိုက်တဲ့အသံ။ ငြိမ့်ငြိမ့် ညောင်းညောင်းဆိုတယ်။

လှလိုက်တဲ့အသံ။ သူက ချောတယ်၊ လှတယ်၊ တအား လှလွန်း တယ်။ သူ့ကို
မြတ်နိုးတယ်၊ မချစ်ပါ။ ကျွန်တော့်မှာ ချစ်စရာ ထာဝရချစ်သူရှိတယ်။ သူ့ကိုမြတ်နိုးတယ်။
သူ့အသံကို မြတ်နိုးတယ်၊ သူ့ဂီတကို မြတ်နိုးတယ်၊ သူ့ဘ၀ကို မြတ်နိုး တယ်၊ သူ့အနာဂတ်ကို
မြတ်နိုးတယ်။ ဒါကြောင့် သူ့ကိုမြတ်နိုးတယ်။ မကြားဖူးတဲ့ သီချင်းအများကြီး၊ မမြင်ဖူးတဲ့
အရောင်တွေ အများကြီး၊ မသိသေးတဲ့ ဘာသာစကားတွေ အများကြီး၊ မြည်းမကြည့်ရသေးတဲ့
ဂီတ အမျိုးအစားတွေ အများကြီး၊ လျှာပေါ် မတင် ဖူးသေးတဲ့ အစားအသောက်တွေ၊ မရောက်
သေးတဲ့ နိုင်ငံနဲ့ ဒေသတွေ၊ မမွေးဖွားသေးတဲ့ ခံစားချက်တွေဟာ လူကြီးမင်းကို စောင့်မျှော်
နေကြောင်း အစီရင်ခံတင်ပြရင်း ဒီည ဂီတအစီ အစဉ်ပြီးကြောင်း ကြေညာအပ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။