ဟိုး အပေါ်မှာ

ယေဘုယျအားဖြင့် ရေပူတွေရနေတယ်။ ပူပင် သောကများတဲ့ ရေတွေ ရရှိနေပါကြောင်း။
အမှောင်အမိုက်က နေရာယူနေတယ်။ အလင်းမဲ့ဝါဒီ ကြီးစိုးနေတယ်။ ကွန်ရက်တွေ
ညစ်ညူးနေတယ်။

အချက်အလက်တွေ ပွဲမတိုးပါ။ မသေခင်ပုပ်နေတဲ့အယူအဆတွေ လမ်းလျှောက်လာနေတယ်။
လက်ဖက်ရည် တစ်ခွက်လောက် သောက်သွားပါဦးလား။ စိတ်ရဲ့ခံစားချက် အပိုင်းအစတွေ
နှေးနှေး ကွေးကွေး ရွေ့လျားပြီး ဘယ်ကိုဦးတည်မယ် ဆိုတာ မသေချာသေး။ စတော့
ထွက်နေပြီ။ သမ်းဝေလိုက်တဲ့အခါ အတိတ်များစွာ လေပင့်လိုက်တဲ့ မီးလောင်ရာနဲ့အတူ
ပါသွား လေတယ်။ နိုင်ငံခြားက ဈာပနတချို့မှာ ခေါင်းကို မြေမြှုပ်ပြီးတဲ့အခါ Jazz Music ကို
ကျယ်ကျယ်လောင်လောင်(ဘင်ခရာနဲ့) တီးခတ်ပြီး မြူးထူးကခုန်လို့ သင်္ချိုင်းကနေ အိမ်ကို
ပြန်ကြတယ်။

ပထမတော့ ဟာသကားမို့ ကြည့်နေတဲ့ ရုပ်ရှင်က တမင်ဖောက်တယ် ထင်တာ၊ ဘယ်ဟုတ်မလဲ၊
တခြားရုပ်ရှင်တွေ ထဲမှာလည်း ဒီအတိုင်းပဲ။ ဟုတ်တယ်လေ၊ ပျော်သင့်တာပေါ့။ စိတ်ပျက်
စရာကောင်းတဲ့ (ဗုဒ္ဓဘာသာလိုပြောရင် လူ့ဘုံဆိုတဲ့) ဒီလောကီ ကြီးကို လွတ်မြောက်ပြီး
ထားခဲ့ရမှာ။ သေတဲ့ လူအတွက် ပျော်ပေးတာ ဘယ်လောက်ကောင်း သလဲ။ သေတဲ့လူထက်
ဘေးကသင်္ဂြိုဟ်ပေးတဲ့ လူတွေက ဒီပုဂ္ဂိုလ် ဘယ်သွားမလဲဆိုတာ ကောင်းကောင်းသိနေတာ၊
ဒါကြောင့် သူ့ အတွက် ပျော်ပေးနေကြတာ။ တစ်နည်းအား ဖြင့် သူတို့တွေက 'ကယ်တင် ခြင်း'
စိတ်ချတယ်လို့ ခေါ်တယ်။ ဒီအဓိပ္ပာယ်ကို သေသေချာချာ နားလည်သဘောပေါက်ချင်ရင်
အပြင်မှာ လူချင်းတွေ့မှပဲ ရှင်းပြပါတော့ မယ်။ ဒီက အသုဘများကတော့ အမင်္ဂလာ တီးလုံးကို
အကျယ်ကြီးဖွင့်၊ အုပ်လိုက်ကြီး ရုပ်ပျက်ဆင်းပျက်ငို...အော်...သေတဲ့ လူရဲ့ ၀ိညာဉ်အတွက်
ဝမ်းမြောက်ခြင်း ရမရ တော့ မသိဘူး။ လာတဲ့ဧည့်သည်နဲ့ ကလေး သူငယ်တွေ (1st Timer)
အတွက်ကျတော့ သေခြင်းတရားကြီးဟာ ကြီးစွာသော ချောက်ချား စရာ အမင်္ဂလာကြီးတစ်ရပ်
ဖြစ်လို့နေတော့တာပေါ့။

ကြည့်ကောင်းတာ၊ ကြည့်မကောင်းတာ၊ မြင်ကောင်းတာ၊ မြင်မကောင်းတာ ကျွန်တော်နဲ့
မဆိုင်ပါဘူး။ ဟိုးအရင် Issue များစွာတုန်းက တစ်ခေါက်မှာ 'သေရင် ဘယ်သွားမလဲ'
ဆိုတဲ့ ခေါင်းစဉ်နဲ့ ကော်လံတစ်ခုရေးခဲ့ဖူးပါ တယ်။ (မြန်မာတိုင်း(မ်) ပုံမှန်အားပေးသူတွေ
ဖတ်ဖူးမှာပါ) ဒီဆောင်းပါးကို ရေးဖွဲ့ခဲ့တုန်းက ကျွန်တော်ကိုယ်တိုင် တကယ်သေရင် ဘယ်
သွားမယ်(ဘယ်ရောက်မယ်)ဆိုတာ တကယ် ကို မသိတာ။ မသေချာနိုင်ဘူး ဖြစ်နေခဲ့တယ်။
အတွင်းဝိညာဉ်ထဲက ကောင်းကောင်းသိတာ က ဘယ်လိုမှ နိဗ္ဗာန် မရောက်နိုင်ဘူး။ ဆရာစံ
တိုးပြောသလို "ကိုယ့်လိပ်စာ ကိုယ်သိဖို့ အရေးကြီးတယ်။

" အို...ဒါပေမဲ့ အခုကောင်းကောင်းသိသွားပြီ။ ထင်လင်း မြင်သာ သိရုံသာမက သေချာသွားပါပြီ။
ကြိုက်တဲ့အချိန်သေ၊ လုံးဝငရဲသွားစရာမလို ဘူး။ ဒါပဲ...။ စကားတွေကုန်သွားသလို ထမင်းလည်း
ကုန်သွားပြီဗျ။ ကိုယ်တွေကတော့ အေးအေး ဆေးဆေးပဲ အမြဲတမ်း ရွှေထီးဆောင်းတယ်။
မသိမသာဆိုတဲ့ စကားအတိုင်း လူတွေ 'မသိ'လို့ မသာဖြစ်နေကြရတဲ့အထဲက ရုန်းထွက်
သွားနိုင်ရင် သိသိသာသာကြီး အောင်မြင်လာ လိမ့်မယ်။ လူတွေမလွတ်မြောက်ဘူးဆိုတာ
ဘယ်စနစ်ကြီးကမှ ချုပ်ကိုင်ထားလို့မဟုတ်ဘူး။

ကိုယ့်အထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်မိ နေတာတွေ အများကြီး။ ကိုယ်အားဖြင့် ကိုယ်
မလွတ်မြောက်နိုင်တာပါ။ အတွင်းလူ လွတ် မြောက်သွားရင်လေ၊ ခင်ဗျားကို ကျွန်တော်
ပြောမယ်။ ဘယ်စနစ်၊ ဘယ်အာဏာရှင်၊ ဘယ်အရင်းရှင်၊ ဘယ်ဘာသာရေး၊ ဘယ်ဝါဒ၊
ဘယ်လူမျိုးရေးခေါင်းဆောင်မှ ခင်ဗျားအပေါ် မှာ ဩဇာမရှိဘူး။ ခင်ဗျားက အားလုံးရဲ့ အထက်မှာ၊
အတောင်ပံတွေနဲ့ ကြော့မော့ လျက်ပဲ။ အားလုံးပျော်ရွှင်ကြည်နူးချမ်းမြေ့ ပါစေသော်...။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။