ပျော်ရွှင်ဖွယ် အားလပ်ရက်များ

'ဟေး' ဆိုတဲ့ အသံနဲ့အတူ ၀ုန်းဒိုင်းကြဲ ပျော်ရွှင်ရယ်မောကာ ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေက
"သိန်း ၁၀၀ ကျော် ထီများပေါက်သွားသလား" လို့ မေးရလောက်အောင်ပင် အမူအရာ မျိုးစုံနဲ့
ဆိုက်စုံ၊ ဂိုက်စုံ၊ အုံလိုက်ကျင်း လိုက် ၀င်လာကြလေသတည်း။ ဘာဖြစ် ရမှာလဲ၊ ကျွန်တော့်
အမျိုးတွေပေါ့။

ကျဉ်းမြောင်းလှပါသော ကျွန်တော်တို့ နေထိုင်ခဲ့တဲ့ စမ်းချောင်းတောင်ပိုင်း ဦးဖီးလမ်းအိမ်ဟာ
မိနစ်ပိုင်းအတွင်း မှာပဲ ခြေထောက်ချစရာရှားအောင် ပြည့်ညပ်ကျပ်ပြီး လူရော၊ ပစ္စည်းပါ နေရာ
ယူလိုက်နိုင်တဲ့ စွမ်းပကားဟာ သာမန် မြန်မာမိသားစုဝင်တွေအတွက် 'ထူးချွန်အံ့ဩဖွယ်'
စာပေတွေမှာ ထည့်သွင်း ပြုစုရနိုင်လောက်တယ်လို့ ကျွန်တော် ယုံကြည်လာတာ သိပ်မကြာ
သေး။

ဒီလောက်တော့ ရှိမှာပေါ့။ ဒါ ခရစ္စမတ် အချိန်အခါသမယပဲလေ။ စမ်းချောင်း၊ မြေနီကုန်း၊ သမိုင်း၊
မင်္ဂလာဒုံ၊ စာတိုက်၊ မြရတနာမြို့သစ်၊ တွံတေး၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်နဲ့ တောင်ကြီးမြို့က
အမျိုးတွေဟာ ၁၂ ပေ၊ ပေ ၄၀ တိုက်ခန်းလေးထဲမှာ လူကြုံ ပစ္စည်းတွေ၊ သူတို့ချက်ပြီး ယူလာတဲ့
ဟင်းအစုံအလင်၊ ကုန်ကြမ်းနဲ့ လက်ဆောင်တွေနဲ့အတူ ပွဲခံဖို့ အဆင် သင့် ဖြစ်နေပုံကို ပြန်မြင်
ယောင်တိုင်း စိတ်ထဲကမေးမိတယ်။ ကုလသမဂ္ဂ အစည်းအဝေး ခန်းမကြီးတောင် ဒီလောက်စရိုက်
စုံပါ့မလား။ ဒီဇင်ဘာ ဒုတိယပတ်လောက်ဆိုရင် သူတို့ အေးဆေးရောက်နေပြီ။

တစ်နှစ်နေမှ တစ်ခေါက်မို့လို့လားတော့ မသိ။ ဒီအချိန် မှာပဲ ပျော်ကြ၊ ရွှင်ကြ၊ သတင်းတွေ
ဖလှယ်ကြ၊ သောင်းကျန်းကြ၊ ရွှေ့ကြ၊ ကျော်ကြ၊ ခွကြ၊ ကွိုင်တက်ကြ၊ ရန်ဖြစ် ကြ၊ ပြန်ချစ်ကြနဲ့
ခရစ္စမတ်များပြီးလို့ ဇာတ်လမ်းကိုယ်စီနဲ့ ပြန်သွားကြချိန် မှာ ကျွန်တော်တို့ တိုက်ခန်းလေးဟာ
အထီးကျန် ဆွေးမြည့်ဖွယ်ရာအတိ။ ခရစ္စမတ်နေ့ဆို အိမ်မှာနှစ်တိုင်း ကြာဆံချက်ကျွေးပြီး အလှူ
လုပ်တယ်။ အမျိုးတွေများချက်ကတော့ အိမ်က အလှူမှာ လာစားတဲ့ ဧည့်သည်အများစု ဟာ
စားနေရင်း တုတ်တုတ်တောင် မလှုပ်ရဲကြဘူး၊ စဉ်းစားကြည့်လေ။

ကျွန်တော့်အမျိုးတွေ ပွဲခံတဲ့ အသံနဲ့ ဟိတ်ဟန်တွေကြည့်ရင်း ကြာဆံချက် ကို အလုတ်မှန်အောင်
စားနေရတဲ့ ဧည့်သည်က ဘယ်လိုအသံထွက်ရဲ တော့မှာတုံး။

အဲ... ဘုရားကျောင်း လူငယ်အသင်းဘက်မှာကျတော့ ဇာတ်လမ်းကတစ်မျိုး။ သူတို့က နိုဝင်ဘာ
လောက်ကတည်းက သီချင်း တွေ အသေတိုက်၊ ခရစ္စမတ် မရောက်ခင် သုံးပတ်အလိုမှာကတည်း
က Carol Singing ထွက်ပြီ။

ခုနစ်နာရီနောက် ပိုင်းဆို ရပ်ကွက်ထဲမှာ Tabourine အသံတွေ တချွင်ချွင်နဲ့ Merry Christmas
to you all နေကြတာ ကြားဖူးကြမှာပါ။ Carol ထွက်တဲ့ ကားပေါ်မှာ အုပ်ထိန်းတဲ့ ဘုရား ကျောင်း
လူကြီးမပါတဲ့ ညတွေမှာတော့ ဇာတ်လမ်းက စုံပါဘိ။ ဟာသ ပြောတဲ့ကောင်၊ ပဲမမတွေ၊ အီသီယိုး
ပီးယားက လာတယ်လို့ ထင်ရ အောင် ငတ်ပြနေသူတွေ၊ ငမ်းနေသူ တွေ၊ ဖွန်ကိုကိုကြီးတွေနဲ့
မှောင်ရိပ်ခို ငမူးတွေကို တစ်ယောက်တည်း ထိန်းကျောင်းရတဲ့ လူငယ်ဥက္ကဋ္ဌရဲ့ ဘ၀ ဟာ သက်
သာမယ့်ပုံ မပေါ်။ မိုးလင်း ပေါက် ညတိုင်းဆိုရတာ၊ နားတဲ့ရက် တော့ ရှိပါတယ်။

Carol Singing နောက်ဆုံးညပြီးလို့ နောက်နေ့မနက် မှာ ဘုရားကျောင်း လူငယ်ဆောင် ထဲက
လူငယ်အမျိုးသမီးတွေရဲ့ ဆံပင်နဲ့ မျက်နှာတွေဟာ "Star Wars" ဇာတ်ကားထဲက Wookie
ကြီးတွေနဲ့ တူ မတူ ကျွန်တော့်ရဲ့ Fellow Geeks တွေကို ပြသပြီး တိုင်ပင်ချင်ပါသေး တယ်။
ဘုရားကျောင်း အသိုင်းအ၀ိုင်းနဲ့ ကျွန်တော့်အမျိုးတွေမှာ တူတဲ့အချက် တစ်ခုကတော့
တစ်နှစ်နေမှ တစ်ခေါက် ဘုရားကျောင်းတက်တဲ့ အကျင့်ပါပဲ။ တချို့တလေ ပြောပါတယ်။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အလုံးစုံကို ပြောင်းလဲပစ်နိုင်တာက တော့ Christmas Eve ညမှာ ကက်သ
လစ် ဘာသာဝင်တိုင်း မတက်မဖြစ်တက်တဲ့ Midnight Mass ပါပဲ။ အဲဒီအချိန်မှာ စိတ်ထဲမှာ
ရှိသမျှ အကုသိုလ်တွေ၊ အမုန်းတွေ မရှိတော့တာ တော့ အမှန်ပဲဗျို့။

ကျွန်တော် အခုထိမှတ်မိနေသေးတဲ့ ဘုန်းတော်ကြီးတစ်ပါးရဲ့ ဩ၀ါဒကတော့ "ခရစ္စမတ် ဆိုတာ
သောက်ဖို့စားဖို့၊ ပျော်ရွှင်ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူး။ဲနျကျ မွေးတဲ့ အခါသမယမှာ စိတ်
ကောင်းမွေးဖို့၊ မစားနိုင်တဲ့ လူတွေကိုကျွေးဖို့၊ ကိုယ်ချစ်ရတဲ့ လူတွေအားလုံးရဲ့ အနားမှာ ရှိဖို့ပါပဲ"
တဲ့။

ကျွန်တော့်အမျိုးတွေကတော့ ပြတ်တယ်။ ခရစ္စမတ်ပြီးတာနဲ့ တန်းစီပြီး 'မားသား' ကြီးဆီက မုန့်ဖိုး
တောင်းကြပါလေရော။ တစ်ခါတလေ ကိုယ့်ပါ 'တိုင်ကယ်' လာချိတ်နေလို့ အဆစ်ပေး လိုက်ရပါ
သေးတယ်။

ဘာပဲဖြစ်ဖြစ် ခရစ္စမတ်ပဲလေ။ ငယ်တုန်းက ဆန်တာကလော့စ် တကယ် ရှိတယ်လို့ ယုံကြည်သူ
တွေထဲမှာ ကျွန်တော်လည်း ပါခဲ့ဖူးသဗျ။ Walkman တစ်လုံးတောင် ရခဲ့ဖူးသေးတယ်။ အဖေနဲ့
အမေကိုယ်တိုင် ခရစ္စမတ် မနက်မှာ လာနှိုးပြီးပြောတာ။

"မင်းကို ညက ဆန်တာကလော့စ် Walkman လာပေးသွားတယ်" တဲ့။ ဖြူစင်တဲ့ အရွယ်ဆိုတော့
အတိုင်းမသိ ပျော်ရွှင်ရတာပေါ့။ အမှန်တော့ ဆန်တာကလော့စ်က တကယ်ရှိပါတယ်လေ။ ဘယ်
မှာလဲဆိုတော့ အားလုံးရဲ့ ဘ၀ကိုယ်စီမှာပဲပေါ့ဗျာ။ ကိုယ် ၀မ်းနည်းချိန်မှာ ဖြေသိမ့်ဖို့၊ အားငယ်နေ
ချိန် အားပေးဖို့၊ အကူအညီလိုနေချိန်မှာ ကူညီဖြည့်ဆည်းပေးနိုင်မယ့် လူ တစ်ယောက်မဟုတ်တစ်
ယောက် ပေါ်လာစမြဲပါပဲ။ဒီလူဟာ ကျွန်တော်တို့၊ ခင်ဗျားတို့ရဲ့ ဆန်တာကလော့စ်ပါပဲလေ။

စာဖတ် ပရိသတ်ကြီးကို ဒီမှာတင်ပဲ Merry Christmas လို့ နှုတ်ခွန်းဆက် သရင်း Emmanuel
ကြွဆင်းလာတဲ့ကာလမှာ လိုရာဆုနဲ့တကွ နှလုံးသားထဲ ချစ်ခြင်းမေတ္တာတရား ပြည့်စုံကြပါစေလို့
ဆုတောင်းပါတယ်။ အာမင်...

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။