မီအောင်လိုက်

နောင်ဘ၀ဆိုတာကို ကျွန်တော် မယုံ ပါဘူး။ တကယ်ပါ။ ရှေးဘ၀ကုသိုလ်ကံ လို့ ပြောရအောင်
ကျွန်တော့်လိုကောင် မျိုး ရှေးဘ၀ရှိခဲ့ရင် ဒီဘ၀တောင် 'လူ' ဖြစ်လာပါ့မလား စဉ်းစားခန်းဝင် မိ
တယ်။ဘာမှမပြောလိုပါဘူးလေ၊ ကိုယ့်ယုံကြည်ခြင်းနဲ့ ကိုယ်ပဲပေါ့။ ကျွန်တော် ယုံကြည်နှလုံးသွင်း
တဲ့ အချက်အလက်တွေကိုလည်း လာ ရောက် စွက်ဖက် ပြောဆိုမှာ မဟုတ်ဘူး လို့ နားလည်မှု
ယူလိုက်မယ်။ လက်ရှိ ဘ၀ရဲ့ ရှုံးနိမ့်မှုတွေက ကိုယ်ညံ့လို့၊ ဖျင်းလို့၊ မကြိုးစားလို့၊ သို့မဟုတ် သူများ
သွားပြီး ဒုက္ခပေးမိလို့၊ စိတ်ထား မကောင်းလို့ ပါးစပ်ဆင်းရဲလို့ဆိုရင် လက်ရှိဘ၀ရဲ့ အောင်မြင်မှု
တွေက ကိုယ်တော်လို့၊ အမြော်အမြင်ကြီးလို့၊ စိတ်ဓာတ်နဲ့ ခန္ဓာကြံ့ခိုင်လို့၊ သင်ယူမှု အားကောင်း
တာနဲ့တကွ အများသူငါကို ကူညီချင်တဲ့ ၀ါသနာ၊ သနားကြင်နာ တတ်တဲ့ ခံစားချက်တွေအပြင်
နောက် ဆုံးတစ်ခုက 'ယုံကြည်ခြင်း'ပဲ ဆို အစ်ကိုတို့။

သုဝဏ္ဏဘူမိ လေဆိပ်ကနေ Thai Airways နဲ့ Transit စီးပြီးဒိုးတော့ အစစအရာရာ အကုန်ပြောင်း
လဲသွား တာ သတိထားမိခဲ့တယ်။ လေယာဉ် အမျိုးအစား ပိုကြီးလာတယ်။ ပိုကောင်း လာတယ်။
တစ်ယောက်ချင်းစီ ရုပ်ရှင် ကြိုက်တာ ကြည့်လို့ရတယ်။ ကျွေးတာ တွေကတော့ ရှယ်ပဲ။ ၀ိုင်ဆို
ကြိုက် သလောက်မှာသောက်၊ မငြိုမငြင်ဘဲ လာထည့်ပေးတယ်။ ရန်ကုန်က စထွက် တုန်းက
ကော်ဖီပဲတိုက်တာကိုး။ ထားပါ တော့ ဟောင်ကောင်ကို ဆိုက်ရောက် ပြီး သိပ်မကြာခင်မှာပဲ
လူဝင်မှုကြီးကြပ် ရေး ဖြတ်ပြီးတာနဲ့ နိုင်ငံခြားငွေ လဲတဲ့ဆီ မှာ ပိုက်ဆံလဲတော့ အဲဒီက၀န်ထမ်း
(တရုတ်) ရဲ့ အင်္ဂလိပ်စကားပြောဟာ ဗြိတိသျှကောင်စီက ကျောင်းသူ ကျောင်းသားတွေတောင်
ကြွေသွား လောက်တယ်ဗျို့။ တရွှတ်ရွှတ်နဲ့ ဘိုလိုတွတ်နေပုံများ ဗီဒီယိုတောင် ရိုက်ထားချင်တယ်။

စင်ကာပူနဲ့များ ကွာပါ့။ နှစ်ထပ် ဘတ်စ်ကားကြီးနဲ့ သားအဖနှစ်ယောက် မြို့ထဲကိုအသွား
Highway လမ်းတစ် လျှောက် ကျောက်တောင်တွေကိုဖြတ်ပြီး ဖောက်ထားတဲ့ တံတားအရှည်
ကြီးတွေ ပေါ်ကနေ ဖြတ်စီးရင်း ကျွန်တော် နောက်တည့်တည့်က အင်္ဂလိပ်လို ဖုန်းနဲ့ စီးပွားရေး
ကိစ္စတွေ ဆွေးနွေးနေသံ ကြားတော့ အဖြူ (ဘို) တစ်ယောက်လို့ပဲ ထင်လိုက်မိတယ်။ စပ်စပ်
စုစုနဲ့ လှည့် ကြည့်မိပြန်တော့ 'ဟမ်' ခနဲ ဖြစ်သွား တယ်။ တရုတ်အမျိုးသား တစ်ဦးပဲဗျို့။

အာရှတိုက်ရဲ့ နယူးယော့ခ်လို့ တင်စား ခံရတဲ့ ဂုဏ်နာမနဲ့လိုက်တဲ့ မြို့တော်ကြီး ရဲ့ အပြင်အဆင်
ခမ်းနားမှုကိုတော့ နောက်ကြုံမှ သီချင်းထဲ ထည့် ဆိုတော့ မယ်။ ခင်ဗျားတို့ သီချင်းထဲ ထည့်
ထည့် ဆိုနေကြတဲ့ Brand (Guccie, Louis, Vitton, Amani) ဆိုင်တွေက မိုးမြင့်တိုက် တွေရဲ့
အလျား တစ်ဝက်လောက်ကို ယူထားပြီး တစ်ဆိုင်ကို တစ်တိုက် သုံးထပ်လောက်ကတော့ အေး
အေး ဆေးဆေး သူတို့အထပ်ချည်းပဲ။ အဲဒီက တရုတ်မတွေက တစ်ကမ္ဘာလုံးမှာ ရှိသမျှ တရုတ်
မအားလုံးထက် လန်းတယ်။ လူမျိုးရေးလည်း မခွဲဘူး။ သွားရှိတ်ရင် တချို့ဆို အကြည့်နဲ့တောင်
အီစီကလီ ပြန်ထုသေးတယ်။ တရုတ်ဆိုတော့ တစ်မြို့လုံးမှာ ကြိုက်တဲ့နေရာဝင်ပြီး ၀ါးတီးဆွဲ၊
အကုန်ကောင်းတယ်။

ဒီမှာတင် နောက်တစ်ခုပြောရဦး မယ်။ Food Court တစ်ခုမှာ ၀င်စား တော့ ထိုင်ခုံအားလုံးပြည့်
နေလို့ ကျွန်တော်တို့ အုပ်စုခွဲထိုင်ကြတယ်။ လင်မယား နှစ်ယောက်စားသောက်နေ တဲ့ စားပွဲမှာ
နှစ်ယောက်စာ လွတ်နေလို့ ကျွန်တော်လည်း မျှထိုင်ဖို့ အကူအညီ သွားအတောင်း အနားရောက်
ခါနီးမှာ သူတို့က စကား (ကွမ်တုံ) ပြောကောင်း ချိန်၊ သိတယ်မဟုတ်လား ဂျက်ကီချမ်း ဇာတ်ကား
(80s-90s) တွေထဲက အသံတွေလေ "နိမ်းဖားလုံးကေလား၊ တုံးလိန်းမုံလုံးရန်မား၊ ဟိန်းရေကောင်း
ပေလား၊ ဟိုင်းရားဟိုင်းရား" စသဖြင့်ပေါ့။

အဲဒီမှာ ကျွန်တော်ဖြတ် ပြီးတော့ "Can I share this table with you?" လို့ လည်း မေး လိုက်
ရော တီဗီမှာ တရုတ်လိုင်းကြည့်နေရင်းနဲ့ အင်္ဂလိပ်လိုင်း ပြောင်းလိုက်သလိုပဲ။ "It's allright, you
can sit." ဆိုပြီး ပီပီသသ ပြန်လည်ဖြေကြားတဲ့အခါမှာတော့ ဒီဟောင်ကောင်သူ၊ ဟောင်ကောင်
သားတွေကို မချီးကျူးလို့ မရတော့ပါဘူး။ ဒါတွေအားလုံးကို ပြောင်းလဲပစ်နိုင်တာကတော့ တရုတ်
ပြည်မကြီးနဲ့ ဟောင်ကောင်နယ်စပ်ကို ဖြတ်ပြီး 'ရှန်းကျန်း' ဆိုတဲ့ မြို့ကလေးကို သွားလည်ဖြစ်တဲ့
နေ့ပါပဲ။

လူဝင်မှုကြီးကြပ်ရေးမှာ ကတည်းက စလွဲတော့တာပဲဗျာ။ မခို့တရို့ ကြည့်သလိုလို၊ လူကိုပဲ မကျေ
နပ်သလို (ရန်အောင် အိုက်တင်ကြီးနဲ့) ရုပ်လုပ်ထားပြီး တော့ ကျွန်တော့်ပတ်စပို့စ် အစစ်လား
အတုလား သိချင်လို့ စကင်န်ဖတ်နေတာ အခေါက်ပေါင်းမနည်းဘူး။ မြို့ထဲရောက် သွားတော့
လည်း ညစ်ပတ်တဲ့ဘ၀မှာ ဘယ်လိုပြောရမှန်းကို မသိတော့တာ။ ရှော့ပင်းမောလ်တစ်ခုကို
ဝင်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ကျိုက်ထီးရိုးထက်ဆိုးတယ်။ တရုတ်မ တွေ ကိုယ်
တိုင်ထွက်၊ ဆိုင်ထဲဝင်ဖို့ အတင်းလက်ကိုဆွဲပြီး ခေါ်ပါလေရော။ မနည်း ပြန်တောင်းပန်ယူရတယ်။

အပေါ့အပါး သွားချင်လို့ အိမ်သာလိုက်ရှာမိပါတယ်။ ယောက်ျားအိမ်သာရဲ့ အ၀င်ဝပဲရှိသေးတယ်။
နံလွန်းလို့ မူးသွားတယ်။ ဒီလောက်ပဲ မျှဝေပါတော့မယ်လေ။ ဒါနဲ့ညနေ ဟောင်ကောင်ဘက် ပြန်
ရောက်တော့ ကျွန်တော် တို့ အိမ်ရှင် အဆိုတော် ကြာညိုသွယ်ရဲ့ အမျိုးသား (R.I.P) က ကျွန်
တော့်ကို ပြုံးပြုံးလေးကြိုပြီး "ဘယ်လိုလဲ ပျော်ရဲ့ လား"လို့ မေးတော့ ကျွန်တော်လည်း "No" လို့
ဖြေလိုက်ပါတယ်။ ဆက်မေးပါတယ်။ "ဘာဖြစ်လို့လဲ"တဲ့ ကျွန်တော်လည်း လူဝင်မှု ကြီးကြပ်ရေး
မှာ အဆင် မပြေတာတစ်ခုတည်းကိုပဲ ပြောပြလိုက် ပါတယ်။ သူ ကျွန်တော့်ကို ပြုံးပြုံးလေး ကြည့်
ပြီးတော့ "ဘယ်တတ် နိုင်မလဲ၊ ကိုယ်နိုင်ငံကြောင့် ဖြစ်နေတာကိုး။ ကိုယ်နဲ့မှမဆိုင်ဘဲ" ဆိုပြီး အဆုံး
သတ်လိုက်တယ်။

ပြန်ခါနီး နှစ်ရက်လောက် အလိုမှာ တော့ တောင်ထိပ်က ဗုဒ္ဓရုပ်ပွားတော်မြတ် ဖူးချင်တယ်လို့
တချို့ လူတွေရဲ့ တောင်းဆိုချက်အရ ကျွန်တော်လည်း ဟောင်ကောင် ပြည်နယ်တစ်ပတ် ကား
စီးရင်း လိုက်ပါခဲ့ပါတယ်။

အဲ - - - လမ်းမှာ လက်ဝတ်ရတနာ ဆိုင်တစ်ဆိုင်ရောက်တော့ Promotion အချိန်လား တော့
မသိ၊ ကျွန်တော်တို့ရော ကျွန်တော်တို့ရဲ့ ကားပေါ်ပါလာတဲ့ တရုတ်မိသားစုကိုပါ ၀င်ကြည့်ခိုင်း
တယ်။ ဒီဆိုင်မှာတင်ပဲ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ ဆိုင်ရဲ့ဧည့်ကြိုဝန်ထမ်းတွေက
တစ်ယောက်ကို ဘာသာစကား လေးမျိုးတတ်တယ်။ အဲဒီမှာတင်ပဲ ဆိုင်မှာ အသက်အကြီးဆုံး
ဘွားတော်တစ်ယောက် ကျွန်တော့် ကို အင်္ဂလိပ်လို "ငါက ထိုင်းလူမျိုး၊ ဒါပေမဲ့ ငါတရုတ်၊ အင်္ဂလိပ်
၊ ဂျပန်၊ ကိုရီးယား အကုန်ပြောတတ်တယ်" ဆိုပြီး ချေပလိုက်ပါလေ ရော။

ရန်ကုန်ပြန်ပြီးတော့ ဒီ Subject ကို ဘယ်သူနဲ့မှ သိပ်မဆွေးနွေး ဖြစ်ပါ။ ဘာလို့လဲတော့ ကျွန်
တော်လည်း မစဉ်းစားမိဘူး။ အဝေးကြီးကို မကြည့်ပါနဲ့။ ကိုယ်နဲ့ အနီးဆုံးတွေကို ကြည့် ပါ။
အနောက်တိုင်းကို ကြောက်စရာမလိုပါ။ အရှေ့တိုင်းကိုသာ သတိထားရန်လိုပါတယ်။ မယုံရင်
ပိုက်ဆံစုပြီး ဘန်ကောက်မှာ တစ်ပတ်သွားနေကြည့်လိုက်ပါ။ ကိုယ်နဲ့ အနီးဆုံးတွေ ဘယ်လောက်
တိုးတက်နေလဲ ခင်ဗျားသတိထားမိလာမှာပါ။ ယုံကြည်ခြင်းဆိုတာ ကိုယ်လိုချင်တပ်မက်တဲ့အရာ
နဲ့ ငြိမ်းချမ်း ခြင်း တရားနှစ်ခုရဲ့ ကြားထဲမှာ တည်ရှိနေပါတယ်။ ဗေဒင်ကို ယုံရင်တော့ ယုံတဲ့အတိုင်း
ဖြစ်လိမ့်မယ်။(ကားတိုက်၊ မိန်းမရ၊ ထောင်ကျ၊ ကျားကိုက်၊ A ကိုက်သေ) ခင်ဗျားဘုရားကို တကယ်
ယုံရင်တကယ်အချိန်ပေးပြီး ဆုတောင်း။ ပြည့်မှာ မုချမလွဲဘဲ။ ဒီအချက်အပေါ် ယုံကြည်ချက်ရှိ
လာရင်ကိုယ့်ကိုယ်ကိုယ် လည်း ယုံလာလိမ့်မယ်။ အဘယ်ကြောင့်ဆိုသော် ယုံရင်ယုံတဲ့ အတိုင်း
ဖြစ်လိမ့်မယ် ...။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။