ဖလင် အပိုင်းအစဟောင်းများ

"ကြာဆံဟင်းခါး ကြာဆံဟင်းခါး" ဟု အော်ကာ မျက်လုံးကြီးပြူး၍ ဆိုင်ထဲသို့ ပြေးဝင်သွားလေ
တယ်။ နှစ်ပွဲဆက် တိုက် အုပ်ပစ်လိုက်ပြီးတော့မှ "ငါက ကြာဆံဟင်းခါးကို ရေလည် ကြိုက်တာ"
ဟု ဆရာကြီး အိုက်တင်နဲ့ ပြောကာ Roller-Coaster ပေါ် တက်သွားပြန် တယ်။

"ဟီး... အား အမယ်လေး ဟေး ဟေး"ဟု အော်ကာ စီးနေပြန်တယ်။ ဘာလဲသိလား၊ လွန်ခဲ့တဲ့
ဆယ်နှစ်က မြကျွန်းသာမှာရှိတဲ့ ကလေးစီး Roller-Coaster အသေးစားမှာ ကြီးကောင် ကြီးမား
ကြီးနဲ့ တက်စီးနေတာ မျက်လုံး ကလည်းပြူး၊ အရပ်အမောင်းကလည်း ရှည်မျောကြီး၊ အော်နေ
တဲ့ပုံနဲ့ Roller Coaster Size နဲ့ မြင်ယောင်ကြည့် လိုက်ကြတော့။

လူပျိုပေါက်ဆိုတော့ ကလေးစိတ်ကလည်း မကုန်သေး။ သူ့ကိုကြည့်ရင်း အောက်မှာ ကျွန်တော်
တို့ အူတက်နေတယ်။ ပွေးတယ်၊ ပွဲခံတယ်၊ ခွီတယ် ဒီလောက်ပဲ။ ပြီးတော့ အားလုံး ဓာတ်ပုံ စုရိုက်
ကြတယ်။ အဲ... ဓာတ်ပုံရိုက်တော့ ဒင်းက မျက်နှာကို ဖမ်းပြီး ချောအောင် နေလိုက်သေး တယ်။

အဲဒီ ဓာတ်ပုံ အခုထိ စမ်းချောင်း အိမ်မှာ ရှိသေးတယ်။ မရှိတော့တာက အဲဒီဓာတ်ပုံထဲက သူငယ်
ချင်းတွေ တစ်ယောက်အနားမှာ တစ်ယောက်မရှိ တော့တာပါပဲ။ ဘယ်ရောက်ကုန်ပြီလဲ။ နေရပ်
ဟူ၍ အတိအကျ မှတ်မထား၊ အချိန်တော့ မသိတော့ဘူး။ တော်တော် ညဥ့်နက်နေပြီ။ မှတ်မိတာ
မြရိပ်ညို Fan Fair က ပြန်လာတယ်ဆိုတာပဲ။ လူလည်း နည်းနည်းထွေနေပြီ။ ဆရာမ Lခွန်းရီရဲ့
သား ကိုထိုက်ရဲ့ စိတ္တဇဆန်တဲ့ မွေးခွန်းတွေကို ထိုင်ဖြေနေရင်း လူက ပိုပို များလာတယ်။ သိပ်
မကြာဘူး။ ဘတ်စ် ကားကြီး ရောက်လာတော့ အထုပ်အပိုး တွေတင်ရင်း နေရာဦးသူဦးပြီး ဘတ်စ်
ကားကြီး ၁၅ မိနစ်အတွင်း ပြည့်သွား လေရော။

အမှန်တော့ ကျွန်တော့် အိမ်က ကျွန်တော့်ကိုပေးမလိုက် တာကို အတင်းပုန်ကန်ပြီး လိုက်သွား
တာ အိမ်ပေါ်က ဆင်းရလည်း ဘာဖြစ် လဲဆိုတဲ့စိတ်နဲ့ လိုင်စင်မရတဲ့လူအိုကြီး တချို့နဲ့ သောက်ခုံး...
အဲလေ sorry၊ ခေပုတ် ယုန်လေးကလွဲရင် အဲဒီခေတ် မှာ နာမည်ကြီးလာမယ့် အဆိုတော် Rapper
အားလုံးနီးပါး ကားပေါ်မှာ အကုန်ပါတယ်။ ကားက ပြည့်နေပြီ ဆိုတော့ တချို့က အလယ်ခုံရတယ်။

စိတ်မကောင်းစွာနဲ့ ရသခမျာတော့ အလယ်ခုံ နှစ်ခုံကြားထဲက ကားကြမ်း ပြင်ပေါ် ထိုင်ရတယ်။
ခေါ်ပုတ် ယုန်လေး ကတော့ သူပြောနေကျ ခန့်စည်သူ အသံကြီးနဲ့ "ငါမလိုက်ရပေမယ့် ငါ့ ဂစ်တာ
လေးတော့ မင်းတို့ ယူချင်ယူ သွားကြပါကွာ"ဆိုပြီး ပြောတယ်။ ကျွန်တော်လည်း သနားသွားပြီး
"အေးပါ သူငယ်ချင်းရာ။ ငါတို့ ကောင်းကောင်း ထိန်းသိမ်းပါမယ့်" ပြောပြီး သိပ်မကြာ ခင်မှာပဲ
ကားစထွက်တော့တာပဲ။

'ချောင်းသာ Here we come'။ ယုန်လေး ကတော့ သူ့ကားလေးနဲ့ ဘတ်စ်ကားနား ရစ်သီရစ်သီ
လာလုပ်နေတယ်။ ဘယ်လောက် သောက်ကျင့်မကောင်း တဲ့ ကောင်တွေလဲဆိုတာ ကားပေါ်
ကနေပြီး "အံ့ကျော်၊ အံ့ကျော်" လို့ အော်ပြီး လှမ်းစနေကြသေးတယ်။ ဂစ်တာလေးက ချောင်းသာ
တောင် မရောက်လိုက်ဖူး။ ကိုထိုက်က အောက် မှာ ထိုင်နေတဲ့ ရသရဲ့ နားရွက်ကို ခြေမနဲ့ညှပ်ပြီး
သွားဆွဲလိုက်တဲ့ အခါမှာ တော့ ရသဟာ ဘေးနားက ယုန်လေးရဲ့ ဂစ်တာနဲ့ ထိချင်တဲ့ကောင်
ထိကွာဆိုပြီး လှမ်းရိုက်လိုက်တာ ဘယ်သူ့မှမထိပဲ အလယ်ခုံနဲ့ ရိုက်မိပြီး ယုန်လေး ဂစ်တာ
ကွဲသွားပါလေရော။

ကျွန်တော် နဲ့ G-Tone နှစ်ကောင် ၀ိုင်းဆွဲထားလို့၊ နို့မို့ဆို ကွိုင်ပြီ။ ပြောသေးတယ်။ "ငါက ဘီလူး
နက္ခတ်နဲ့ မွေးတာ" တဲ့။ မနည်း ပြန်ချော့ထားရတယ်။ ပျော်စေပြက်စေ ဆိုပြီး သီချင်းတွေ ဆိုသွား
လိုက်တာ၊ 'ဧရာဝတီတိုင်း မှ ကြိုဆိုပါ၏' ရောက်တဲ့အထိ သံချပ်သံ မဆုံးသေးဘူး။ မုန့်ဆင်းစား
တော့ အဲဒီ နားက နွားကျောင်းသား တစ်ကောင် ကို ရဲလေးက သေချာကြည့်ပြီး ရသနဲ့ တူတယ်
ဆိုပြီး ထအော်ပါလေရော။ မယုံလို့ သွားကြည့်တာ တကယ်ဗျို့။ ပါးကွပ်ကွက်မထားတာပဲ ကွာ
တာ၊ တစ်ဖွဲ့လုံးချုပ်ပြီး ရသကို ဒီဘဲနဲ့ ဓာတ်ပုံတွဲရိုက်ခိုင်းတာမှ ပိုရယ်ရတာ ပဲ။ သကောင့်သားက
မတူအောင် တမင် မျက်ခွက်ကြီးမဲ့ပြီး လျှာထုတ်ထား သေးတယ်။ ဓာတ်ပုံထဲမှာ ဒီအတိုင်း ပါလာ
တယ်။ ပြီးတော့ ခရီးဆက်ရင်း ပန်းတနော်ရောက်တော့ အဆိုတော် လင်းရာအိမ်မှာ ထမင်းဆင်း
စားချိန်မှာ တော့ ရှယ်ကြိတ်ကြတာပေါ့။ ဂျာဂျား ဆိုရင် ဘယ်လောက်ကြိတ်သလဲဆို ချောင်းသာ
ရောက်ခါနီးတောင် ပတ်လမ်းလည်းရောက်ရော ပြတင်း ပေါက်ဖွင့်ပြီး ဥဩဆွဲပစ်လိုက်တာ ဘတ်စ်
ကား နံရံပေါ်မှာ အ၀ါကွက်ကြီး နဲ့ ချောင်းသာရောက်သွားပေါလေရော။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။