မေးခွန်းများစွာနဲ့

ဟာလာလ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သိကြပါသလား။ ကြားတော့ကြားဖူးကြမှာပါ
ဟာလာလ် "Halal" ကို။ ကျိန်းသေတယ်။ Ignorant ဖြစ်တဲ့လူတွေက အဓိပ္ပာယ်သေချာ
မသိဘူး။ ဟုတ်တယ် ဟုတ်၊ သိရင်လည်း လည် လှီးတယ်ဆိုတာပဲ သိမှာ။ ဘာကြောင့်
လည်လှီး လဲဆိုတာရော သိကြပါသလား။ ကိုယ်စားမယ့် အသားရဲ့ လည်မျိုမှာ သွေးကြော
အစုံရှိတယ်။ သွေးထဲမှာ ရောဂါပိုး မြောက်မြားစွာ ကိန်း အောင်းတယ်။ သွေးဟာ မစားထိုက်
မစားအံ့ သော အရာဖြစ်ကြောင်း ကမ္ဘာဦးနဲ့ သမိုင်းကာလ ထဲ ဆေးကျမ်း၊ ဘာသာရေးကျမ်း
ပြုစုသူ တွေဖော်ပြမှတ်သားခဲ့ကြောင်း တွေ့ရှိရတယ်။

အမှန်တော့ ဟာလာလ်ဆိုတာ သန့်ရှင်းသော (ညစ်ညမ်းမှုကင်းရှင်းသော) အစားအသောက်
ကို Arabic စကားနဲ့ ခေါ်ဝေါ်သမုတ်ချင်းပင်။ ဒီတော့ Food Products တွေနဲ့ စားသောက် ဆိုင်
တွေမှာ Halal (ဟာလာလ်) ဟူသော အင်္ဂလိပ် Arabic စကားလုံးနဲ့ ရေးသားဖော်ပြထားပါရင်
အစ္စလာမ် ဘာသာဝင်တွေအပြင် ကျန်ရှိတဲ့ ဘာသာခြား ညီအစ်ကိုမောင်နှမတွေအတွက် စိတ်ချ
လက်ချ စားသုံးနိုင်တဲ့ 'သန့်ရှင်းသော အစားအစာ' ဟူသော အဓိပ္ပာယ်ရတယ်။

အခု ကျွန်တော်တို့ မျက်မှောက်ခေတ်ရဲ့ နာမည်ကြီး ရော့ခ်အဆိုတော်ကြီးတစ်ယောက်နဲ့
နောက်လိုက် ပံ့ပိုးသူ Partner တွေ ရန်ကုန်မြို့မှာ အခြေချပြီး အနုပညာ လုပ်ငန်းတွေ စတင်
လုပ်ဆောင်ဖို့ ပြောင်းရွှေ့ ရောက်ရှိလာချိန် ၀ယ် စုမိဆောင်းမိရှိဖို့နဲ့ ချွေတာသင့်တဲ့ အခြေအနေ
အရပ်ရပ် ကြောင့် ယိုးဒယား ခေါက်ဆွဲခြောက်တွေကို ဖာလိုက်၊ တောင်းလိုက် ၀ယ်ခြမ်းလာပြီး
နေ့စဉ်နဲ့အမျှ ဒီ Instant ခေါက်ဆွဲခြောက်တွေ သာ စားသုံးပြီး ပိုက်ဆံစုကာ အဲဒီရပ်ကွက်ထဲ
က အောင်မြင်စွာ နှုတ်ခွန်းဆက် ထွက်ခွာပြီး မြင့်မားတဲ့ ဘ၀တွေကို ဒီနေ့ထိတိုင် လျှောက်လှမ်း
နိုင်ခဲ့တာကို လူများ အတင်းပြောတာ နားစွန် နားဖျား ကြားဖူးခဲ့တယ်။ ကျွန်တော်လည်း ကြား
ကြားချင်း 'မိုက်တယ်' ဆိုပြီး ပါးစပ်က ရေရွတ်ပြောဆိုကာ သဘောကျ မိခဲ့တယ်။

သူတို့နဲ့ ရှေ့ဆင့်နောက်ဆင့် သိပ်မကွာတဲ့ ပုဂ္ဂိုလ်က တော့ စီးပွားရေးသမားဗျ။ ဘန်ကောက်နဲ့
စင်ကာပူရဲ့ သွင်းကုန် ထုတ်ကုန် (အ၀တ်အစားနဲ့၊ တီးဝိုင်း တူရိယာ၊ စက်ပစ္စည်း) တွေ ရန်ကုန်
မှာ ပြန်ရောင်းတဲ့ ခေတ်ဦးမှာ တော်တော်အောင်မြင်ခဲ့ တဲ့ ပုဂ္ဂိုလ်။ သူပိုက်ဆံစုချက်ကတော့
အစောက လူတွေထက် ကြမ်းတယ်။ ဘန်ကောက်မှာနေသမျှ နှစ်ရှည်လများစွာ ခေါက်ဆွဲခြောက်
ကလွဲလို့ ကျန်တာ ဘာမှကို မစားဘဲစုတာ။

အဲဒီ Instant ခေါက်ဆွဲတွေကြောင့် အခု သူ့မှာ ဆံပင်တစ်မွေးမှ မကျန် ဘူး။ ပထမတော့
သူ့စတိုင်လို့ ထင်ခဲ့ပေမယ့် အကြောင်းစုံ သိလိုက်ရတဲ့အခါမှာ ကျွန်တော် စိတ်မကောင်းဘူး။
သူ့မိသားစု ကို ချစ်တဲ့စိတ်ကိုလည်း လေးစားမိပါရဲ့ All due Respect အဲဒီ ခေါက်ဆွဲခြောက်
တံဆိပ် မြင်တိုင်း သူ့ကတုံးကြီး ပြေးပြေး မြင်ရောင်မိတယ်ဗျို့။ ထားပါတော့လေ။

ကျွန်တော်တို့ ငယ်ငယ် တုန်းက ကိုလွင်မိုးကြော်ငြာတဲ့ ကော်ဖီဆို သိပ်ကြိုက်တာ။ ဒီခေတ်မှာ
တော့ Instant ကော်ဖီ အမျိုးအစားပေါင်း တော်တော် များများ ပလူပျံနေတယ်။ ဒါနဲ့ကြုံတုန်း
ဆရာသမား တစ်ယောက် နဲ့တွေ့တော့ မေးမိတယ်။

"ဒီ Instant ကော်ဖီတွေက ဘာတွေနဲ့ပေါင်းပြီး ဖော်စပ်ထား တာလဲဗျ၊" ပြန်ဖြေတယ် "ငါသိ
သလောက်တော့ စားသုံးလို့ရတဲ့ Chemical အမှုန့်တွေရယ်၊ သကြားရယ်၊ ကော်ဖီအနံ့နဲ့ အရသာ
ရယ်ပဲပါတာ။ ရှင်းရှင်းပြောရင် ကော်ဖီတောင်မပါဘူး" ကျွန်တော့်မှာ 'ဟင်...'ကလွဲလို့ ကျန်တာ
ဘာမှမပြောနိုင်။

ရှေ့ တစ်ပတ်လောက်က သန်လျင်က စစ်စီးတောမှာ ကျွန်တော့် အဖေနဲ့အတူ Crew တွေ
အပါအ၀င် ကြော်ငြာတစ်ခု သွားရိုက် ဖို့ တာဝန်အရ လိုက်သွားတော့ အဲဒီရုပ်ရှင်ခြံထဲက
တောအိမ် (တဲ) လေးတစ်ခုမှာ နားနေတုန်း ဒီ Product Company ရဲ့ ကားဒရိုင်ဘာက
နာမည်ကြီး (ဂျပန်အသံထွက်) အာလူးကြော် Brand ကထုတ်လုပ်တဲ့ (ဘီယာနဲ့မြည်းတဲ့)
အခြောက်ကြော် တစ်ခုကို ကျွန်တော့်ဘေးနားလာပြီး ကောင်းကောင်း ထိုင်ဝါး နေစဉ်မှာပဲ
ကျွန်တော်တို့ Crew ခေါင်းဆောင် Peter ခူးရီ (Cameraman) က ရောက်လာပြီး "အစ်ကို၊
ခင်လို့ သတိပေး မယ်နော်၊ ဒီ * * * အကြော်တွေ မစားနဲ့။ ဟိုတစ်နေ့က ဂျာနယ်တွေ ထဲမှာ
ပါလာတာ မီးရှို့တာလောင်လို့ဆိုပြီး အခု သူတို့ သေချာ ပြန်စစ်ဆေးမယ် ပြောနေကြတယ်"
လည်းဆိုရော ကျွန်တော်က မယုံလို့ နှစ်ယောက်စလုံးရှေ့မှာပဲ မီးခြစ်နဲ့တစ်ခုလောက်ယူပြီး
ကောက်ခြစ်လိုက်တော့ '၀ုန်း'ခနဲဆို မီးထတောက်ပါလေရော။

သာမန် အာလူးကြော်၊ အခြောက်ကြော်ဆိုရင် မီးထိတာနဲ့ ပျော့ပြီး ပျော်ကျလာရမှာ။ အခုဟာက
လောင်နေတာများ ရှေးဟောင်းမီးခြစ်ဆံထက်တောင် အရှိန်ကောင်းသေးတယ်။ တော်တော်နဲ့
မီးမသေဘူး။ ဒါနဲ့ လောင်လို့ဝပြီး မည်းတူးချိပ်သွား တဲ့ နေရာကို ဒရိုင်ဘာကြီးက အနံ့ခံကြည့်
တော့ 'ဟုတ်ပ' ကော်နံ့ ရတယ်။

တော်တော့်ကို စိတ်မကောင်းဖြစ်သွားတဲ့အချက်က အရင်နှစ်များစွာကတည်းက အဲဒီဂျပန်
နာမည်နဲ့ အာလူးကြော်၊ အခြောက်ကြော်ကို ဗိုက်ဆာတိုင်း အဆာပြေ အားပေးခဲ့ဖူး တယ်ဆိုတော့
ခေါင်းထဲဝင်လာတာ "ဒါဆို ဆယ်နှစ်ကျော်ကျော် လောက် ငါ့ဗိုက်ထဲကို ကော်တွေ၊ Chemical
တွေ၊ ပလတ်စတစ် တွေ အဆမတန် ထည့်ခဲ့ပါကလား" ဆိုတာပဲ။ အခုသိလို့သာ ပေါ့။ အထဲမှာ
ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး။ အသိပေးတဲ့ ဂျာနယ်ကို ဒီနေရာမှ လက်အုပ်ချီပြီး ကျေးဇူးတင်
ရှိပါကြောင်း။ Corporate လောကကြီးဟာ ရှုပ်ထွေးလှပါတယ်။

အရင်း နည်းနည်းနဲ့ အမြတ်များများရလိုတဲ့ဆန္ဒဟာ ကိုယ့်နိုင်ငံကပေး တဲ့ အခြေအနေကြောင့်
ပေါ်ပေါက်လာတဲ့ စိတ်ကူးစိတ်သမ်း တစ်မျိုးပင်။ Brand တွေရဲ့ ကြော်ငြာတွေမှာ TV, Media,
Billboard နဲ့ Website တွေကတစ်ဆင့် ကျွန်တော်တို့ကို နေ့စဉ် နေ့တိုင်း ခြောက်လှန့် လျက်ရှိ
တယ်ဆိုတာ ခင်ဗျားလည်း ငြင်းမှာမဟုတ်။ ကိုယ့်ရဲ့ Merchandise ကို အားပေးဝယ်ယူ
သုံးဆောင်တဲ့ ပြည်သူတွေကို ဘယ်လိုရောင်းချ ကျွေးမွေးသင့် သလဲ၊ ကိုယ့် Product ကြောင့်
လူတွေရောဂါရသွားရင် ကိုယ့် လိပ်ပြာ ဘယ်လို 'လုံ'သလဲ။ ထားစရာမရှိအောင် ချမ်းသာဖို့
လူတွေကို ဒုက္ခရောက်အောင်လုပ်ဖို့ ဆုံးဖြတ်ချက်ရှိသလား။

နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်ပြန်မေးစရာတွေ ပေါ်လာတယ်။ ငါရော ဒါမျိုး လုပ်ခဲ့မိသလား။
ငါ့သီချင်းတွေအားပေးတဲ့ ကလေးတွေက ငါ့ကို သူတို့ Hero တစ်ယောက်လို သတ်မှတ်ချိန် မှာ
ငါသူတို့ကို မစို့မပို့နဲ့ ရေသာခိုပြီး ဂျင်းထည့်ခဲ့ဖူးသလား။ ဒါဆို နေ့စဉ်ထွက်နေတဲ့ မြန်မာ ဗီဒီယို
ဇာတ်လမ်းတွေကရော အားပေးမှု ထိုက်တန်သလား၊ မီဒီယာတွေကရော လူတွေကို အစစ်အမှန်
ပေးနေသလား၊ Brain Wash တွေလား၊ Propaganda တွေလား?????
ကျွန်တော့်မှာ မေးခွန်းတွေ အများကြီးပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။