လွန်လေသော အခါ ခပ်လှမ်းလှမ်း နဂါးငွေ့တန်း တစ်ခုတွင်

အထင်သေးလည်း မတတ်နိုင်ဘူး။ အထင်ကြီး စရာကတော့ ရှာဖွေနိုင်ရင်တွေ့ရအံ့။
ကလေး စိတ်မကုန်သေးဘူး။ ပြောရအောင်လည်း ဒီကား ကို ဖန်တီးခဲ့တဲ့လူတွေ အကုန်လုံးက
အရွယ် ရောက်ပြီးသား ဆရာတွေကြီးပဲ။

ဂျပန် ရုပ်ရှင် မဂ္ဂဇင်းတွေမှာတော့ Darth Vader ပုံကိုချာတိတ်ဘ၀တုန်းက ခဏခဏ တွေ့ဖူး
တယ်။ ကလေးဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ဒီဇိုင်းမြင်ပြီး ကျော်ကြည့်ရတာပေါ့။
စက်ရုပ်ပုံ တစ်ခုနဲ့ ကြော်ငြာရိုက်ဖို့ အကြောင်းပါတော့ Late 90s လောက်မှာ ကျွန်တော့်အဖေဆီ
က ကြားလိုက်ရတဲ့ စကားသံက "ဒီဇိုင်းကို သေချာ မိုက်အောင်ဆွဲ၊ Star Wars ထဲက စက်ရုပ်ကြီး
လိုပေါ့" ဒါနဲ့ ကျွန်တော်လည်း သိချင်သွားပြီး "Star Wars ဆိုတာ ဘာကားလဲ၊" သူတစ်ချက်
တည်း Reply လုပ်လိုက် တယ်။

"အေး... မင်းမမွေးခင်က စက်ရုပ်ကား ကြီးပေါ့ကွာ..." လွန်လေသာအခါ စမ်းချောင်းမြို့နယ်
(တောင်ပိုင်း)၊ စမ်းချောင်းလမ်းရှိ ဗီဒီယိုတိပ်ခွေ အငှားဆိုင်လေးမှာ ကျွန်တော် ဟာ Star Wars:
A New Hope (Episode IV) အခွေ မရနိုင် တော့သဖြင့် စိတ်ဓာတ်ကျစွာဖြင့် Return of the
Jedi (Episode VI) ကိုသာ လုပြီးငှားခဲ့ ရတယ်။

နောက်တစ်လ လောက်ကြာတော့ စမ်းချောင်းလမ်းထဲမှာပဲ ကချင်တွေပိုင်တဲ့ ဗီဒီယိုတိပ်ခွေအငှား
ဆိုင် နောက်တစ်ဆိုင် လာဖွင့်ပြန်ရော၊ ဒီတော့မှသာ ဒုတိယကား Empire Strikes Back
(Episode V) ကို မြိန်ရေရှက်ရေ ကြည့်ရတော့တယ်။

သို့ပေမဲ့လည်း A New Hope ကို တမ်းတဆဲပင်။ နှစ်ဝက်လောက်နေသော် ကြည့်ခဲ့ပြီးသော
နှစ်ခွေကို အလွတ်ရ၍ ဇာတ်လမ်း၊ ဇာတ်သွား ကို သဘောပေါက်နေပြီး (ပိုက်ဆံရှိတိုင်း ရရင်
ရသလို နှစ်ဆိုင်စလုံးက တစ်ခွေစီသွားငှား၊ တစ်ရက် သုံးခေါက်လောက် ကြည့်နေတာကိုး)
A New Hope ဇာတ်လမ်းအကျဉ်းကိုပင် ခန့်မှန်းတတ်နေပြီ ဆိုပါတော့။

Obi Wan Kenobi မသေခင် ဘာတွေကြွယ်ခဲ့လဲ၊ ဘယ်လို တွေ ဗျင်းခဲ့လဲ သိပ်သိချင်ခဲ့တာ။
ဘယ်နေရာ ရောက်ရောက် ဒီအကြောင်းပဲ ပြောနေတော့ ကျွန်တော့်ဦးလေးက "ဪ...
R2D2 နဲ့ C3PO ။

ဟောလိဝုဒ် တောင် ညွှတ်သွားတဲ့ စက်ရုပ်နှစ်ကောင်ပေါ့" ဆိုပဲ။ အချိန်
အနည်း ငယ်ကြာသော်... Star Wars ရဲ့ ဒါရိုက်တာ George Lucas ဟာ Late 90's မှာ
သုံးကား စလုံး Special FX တွေ အကုန်ပြင် ဖလင်တွေ ပြန်ဆေးပြီး The Star Wars Trilogy
"The Special Edition" ဆိုပြီး ဗီဒီယိုနဲ့ ဖလင်တွေ ဒုတိယ အကြိမ် ပြန်လည်ဖြန့်ချိကြောင်း
တီဗီက သတင်းရသော် လွန်စွာဝမ်းသာမိခဲ့တယ်။

ထိုအချိန်မှာ ဦးအောင်ကိုလတ်သည် သူရဲ့ သားကိုချစ်သောအားဖြင့် BKK ခရီးစဉ်တစ်ခု မှာ PAL
Systemနဲ့ရလာတဲ့ Star Wars: A News Hope တစ်ခွေ ပါလာ သော် ကျွန်တော့် ဘ၀ရဲ့
အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့သလို ခံစားခဲ့ရတယ်။ ဪ... ဒါနဲ့ ကြုံတုန်း
(မကြည့်ဖူးသော/ ပရိသတ် မဟုတ်သောသူများအတွက်) Star Wars ဟာ အဓိပ္ပာယ်မဲ့
တိုက်ခိုက်နေတဲ့ ဆန်ကုန်မြေလေး သိပ္ပံဇာတ်လမ်း မဟုတ်ကြောင်း သက်သေခံရရင်ဖြင့်
ဇာတ် အိမ်ဟာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းအတွင်းမဟုတ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက
ဝေးလံတဲ့ နေအဖွဲ့အစည်းတစ်ခု မှာရှိတဲ့ လူ၊ သတ္တ၀ါ တွေရဲ့ သဘာဝ၊ ရှင်သန်မှု၊ အချစ်၊
စီးပွားရေး၊ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ ကယ်တင်ရှင် တွေဖြစ်ကြတဲ့ Jedi (ဥပမာပေးရလျှင်
Samurai ) ခေါ် တန်ခိုးရှင်တွေနဲ့ အာဏာရူး ကဝေတွေဖြစ်ကြတဲ့ Sith (ဥပမာပေးရလျှင် Ninja )
တွေရဲ့ Action ဇာတ်ကားပင်ဖြစ်တယ်။ သူတို့ရဲ့ ကိုးကွယ်ရာဟာ ဒြပ်ဝတ္ထု မြောက်မြား စွာ
(သက်ရှိ၊ သက်မဲ့) ကို ထိန်းချုပ် ပဲ့ကိုင် ပေးတဲ့ Energy Field တစ်ခုဖြစ်တဲ့ "Force" ဖြစ် ကြောင်း
ပါရှိလျက် Star Wars ဟာ ဒဿနိကနဲ့ တရားသဘော ပညာရပ်တွေကို ဖော်ကျူး၊ ကိုးကားပြဋ္ဌာန်း
တဲ့ Epic Space Opera တစ်ခုပင်ဖြစ်တယ်။

Jedi တွေရဲ့ ထူးခြားချက် တွေမှာ Sith ဘက်က ပုဂ္ဂိုလ်တွေနဲ့ ထပ်တူထပ်မျှ အသုံးပြုတဲ့
လက်နက် Light Saber (ရောင်ခြည်ဓား) နဲ့ သူတို့ ခုန်ပျံ ကျော်လွှား သိုင်းပညာ၊ အရာဝတ္ထုတွေ
ကို စိတ်စွမ်းအားနဲ့ စိတ်ကြိုက်ရွှေ့ပြောင်း၊ ပင့်၍ မနိုင်တဲ့ အစွမ်းနဲ့ စိတ်ဓာတ် သိမ်ဖျင်းတဲ့ (Weak
Mind) တွေကို ညှို့ယူခိုင်းစေနိုင်တဲ့ Jedi Mind Trick ပင်တည်း။ ကဲ... ထားပါ တော့လေ။ ဒါနဲ့
အစောက ဗီဒီယိုတိပ်ကို တစ်နှစ်စာ ၀အောင်ကြည့်ပစ်လိုက်တော့ အလွတ် လည်းရသွား၊ နောက်
ကျန်တဲ့ Episode V နဲ့ VI ကို ရှာဖွေ စုဆောင်းနေစဉ် တစ်ခဏမှာ လှည်းတန်းက သူငယ်ချင်း
တစ်ယောက် ငှားလို့ ပထမအခွေကို နောက်ဆံမတင်းဘဲ ငှားလိုက်ပါတယ်။

နောက်တစ်လလောက်ကြာတော့ "ဟေ့ကောင်၊ ငါ့အခွေရော" ဆိုပြီးမေးတော့ "အေး...၊ ငါတော့
သိပ်မကြိုက်ဘူး၊ ဒါပေမဲ့ ငါ့ညီကတော့ တစ်နေ့ကို အခေါက် ၇၀ လောက် ကြည့်တယ်" ဆိုပဲ။
မှန်တာပြော ချမ်းသာ။ှအမွျှေမျေ ရဲ့ ဇာတ်လမ်းအဖွဲ့ အနွဲ့၊ နောက်ခံတေးဂီတနဲ့ ဒိုင်ယာလော့ခ်
တွေဟာ ကျွန်တော်နဲ့ ကျန်တဲ့ Fellow Geeks တွေရဲ့ ဘ၀ကို နည်းမျိုးစုံနဲ့ Modivation ပေးနိုင်
ခဲ့ကြောင်း ၀န်ခံအပ်ပါတယ်။ မိုက်တာ တစ်ခုက၊ စပြီး Release လုပ်တုန်းက ၁၉၇၇၊ လေးခုမြောက်
ဇာတ်ထုပ် ကနေ ခြောက်ခုမြောက်အထိ ၁၉၈၃ ပဲ၊ နောက်မှာ ၁၉၉၉ မှာ Episode I ကို ပြန်ရိုက်ပြီး
သရုပ်ဆောင်၊ ကာရိုက်တာ အသစ် တွေနဲ့ ဇာစ်မြစ်ကို ပြန်ဖော်တာ Episode III အထိ။ Star
Wars Fan တွေ တစ်ယောက်နဲ့ တစ်ယောက် Discover လုပ်မိပြီဆို တစ်ယောက်အကြောင်း
တစ်ယောက် မပြောဘဲ နားလည်သွားကြတာများတယ်။

စထွက်တဲ့ အချိန်ကနေစပြီး ယခုတိုင် Star Wars Merchandise ဆိုရင်တော့ ပြောမနေ
ချင်တော့ပါဘူး။ ကစားစရာအရုပ် (Character တစ်ခုချင်းစီ)၊ T-shirt, Comic Books, Jedi,
Sith, Strom Trooper, Darth Vader, Booba Felt ၀တ်စုံတွေ (London မှာ မျက်မြင် ကိုယ်
တွေ့)၊သူကနေ ပြန်ခွဲထွက်ကာ Star Wars "Expaned Universe" ဆိုပြီး ၀တ္ထုတွေ၊ ကာတွန်း
ဇာတ်လမ်းတွေ၊ ရေတွက် လို့ မရသေးတဲ့ (Nitando ခေတ်မှစ၍) ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်း တွေရဲ့
ရောင်းအားဟာ ယခုတိုင် Star Wars ကို ၀င်ငွေ အကောင်းဆုံး (ဂျိန်းစ်ဘွန်းနှင့် ဟယ်ရီပေါ်တာ
ပြီးလျှင်) ဇာတ်လမ်းအဖြစ် နေရာယူစေခဲ့တယ်။

သူနဲ့ ဘာမှမဆိုင်တဲ့ ကားတွေထဲမှာပါ သူ့ရဲ့ Subject တွေ ထည့်ဆွေးနွေးတာ တွေ ပါလာတော့
ဘယ်လောက် Influence ဖြစ်သလဲ ဆိုတာ ခင်ဗျားတို့သာ စဉ်းစားကြည့်ပေတော့။ လူကြီးမင်း
တွေ မယုံရင် ကြိုက်တဲ့ Star Wars Website နဲ့ Facebook Pages တွေ တက်ကြည့်လိုက်ပါ။
ဒီ အာကာသယာဉ် တွေသာ အပြင်မှာရှိရင် ဘယ်လောက် Speed နဲ့ ပျံသန်းနိုင် မယ်လို့ ခန့်မှန်း
တွက်ချက်နေတဲ့ Geek များစွာရဲ့ အစွန်း ရောက်မှုကို တွေ့မြင်ရပါလိမ့်မယ်။

နောက်ဆုံးပိတ် အိတ်နဲ့ လွယ်၊ အကုန်ပြောရရင်ဖြင့် ကျွန်တော်တို့ Hip Hop ထိပ်သီးတွေ ဖြစ်တဲ့
NAS က Bibleနှင့် Star Wars ကို နှိုင်းယှဉ်ထားတဲ့ XXL Magazine Inteview နဲ့ "Venus Vs
Mars"သီချင်းမှာ"Both Covered in Gold like C3PO" လို့ အချစ်ဇာတ်လမ်းကို တင်စားရေးသား
ထားတဲ့ ကမ္ဘာကျော် သန်းကြွယ်သူဌေး (Rapper) Jay-Z ရဲ့ အပြုအမူတွေကိုသာ အကဲခတ်ကြ
ပေ တော့။

အခု Walt Disney ဇာတ်လမ်းကို Star Wars ဆီကနေ၀ယ်ပြီး လန်ဒန်မှာ တွဲဖက်ဒါရိုက်တာတွေ
နဲ့ နပန်းလုံးနေပြီ ကြားတယ်။ ၂၀၁၅ မှာ ထပ်ထွက်မယ့် Episode VII ကို ရင်ခုန်စွာ စောင့်မျှော်ရင်း
ကျွန်တော့်ရဲ့ Fellow Jedi တွေကို May the force be with you.

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။