သန်းဝင်းလှိုင်ရဲ့ 'အာဇာနည်နေ့ (သို့မဟုတ်) မြန်မာ့သမိုင်း၌ မမေ့သင့်သော နေ့တစ်နေ့'

စာရေးဆရာ သန်းဝင်းလှိုင်ရေးသားတဲ့ 'အာဇာနည်နေ့ (သို့မဟုတ်) မြန်မာ့သမိုင်း၌ မမေ့သင့်သော
နေ့တစ်နေ့' စာအုပ်ကို လ၀န်းရိပ်စာပေက ၂၀၁၇ ဇူလိုင်လမှာ တတိယအကြိမ်
ပြန်လည်ထုတ်ဝေပါတယ်။

ဆရာသန်းဝင်းလှိုင်ရဲ့ စာအုပ်မှာတော့ အာဇာနည်နေ့ဖြစ်စဉ် အကြောင်းကို လုပ်ကြံမှုမတိုင်မီ
နိုင်ငံရေးအခင်းအကျင်း၊ ဂဠုန်ဦးစောရဲ့ အကြံအစည်အပါအ၀င် လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေ
အကြောင်းနဲ့ လုပ်ကြံသတ်ဖြတ်မှုပြီးနောက် တရားခွင်အခြေအနေ၊ တရားခံတွေနဲ့ ပတ်သက်တဲ့
မိသားစုထံ ပေးစာတွေအကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဘ၀မှတ်တမ်းအကျဉ်းချုပ်ကို ဖော်ပြထားခဲ့ပြီး
"ဗိုလ်ချုပ်အောင်ဆန်းကို ဂဠုန်ဦးစော ဘာကြောင့် လုပ်ကြံခဲ့သလဲ" ဆိုတဲ့ ဆောင်းပါးကို
အပိတ်အနေနဲ့ ဖော်ပြထားပါတယ်။

ဒီဆောင်းပါးမှာတော့ ဂဠုန်ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့ ဖြစ်လာစေခဲ့တဲ့
နိုင်ငံရေးအခင်းအကျင်း၊ လူမှုရေးအခင်းအကျင်း၊ ဖြစ်စဉ်ကြောင်းရာ ဆက်စပ်မှုတွေကို
ဖော်ပြထားခဲ့ပါတယ်။

ဆရာသန်းဝင်းလှိုင်ရဲ့စာအုပ်ကိုတော့ တန်ဖိုး ကျပ် ၂,၅၀၀ နဲ့ ဖြန့်ချိတာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။