နုယဉ်ရဲ့ 'ဂျာအေး ပုံပြင်များ'

ဆရာမနုယဉ်ရဲ့ 'ဂျာအေး ပုံပြင်များ' စာအုပ်ကို စိတ်ကူးချိုချို စာအုပ်တိုက်က တတိယအကြိမ်အဖြစ်
ယခုလမှာ ထုတ်ဝေဖြန့်ချိပါတယ်။

စုစုပေါင်း ပုံပြင် ၁၈ ပုဒ် ပါဝင်ပါတယ်။ မြန်မာနိုင်ငံက ကလေးစာပေတွေရဲ့ အားနည်းချက်ဖြစ်တဲ့
ကလေးစာပေတွေမှာ အသက်အရွယ် ကန့်သတ်ပိုင်းခြားထားမှု မပါရှိပေမဲ့ ဖော်ပြထားတဲ့ ပုံပြင်တွေက
အသက်ခုနစ်နှစ်နဲ့အထက် အရွယ်တွေအတွက် ဖတ်ရှုဖို့သင့်တော်တဲ့ပုံပြင်တွေဖြစ်ပါတယ်။

ကြားဖူးနေကြ အိပ်ရာဝင်ပုံပြင်တွေထဲ မတူကွဲပြားတဲ့ ပုံပြင်လေးတွေမို့ ကလေးတွေလည်း
ကြိုက်နှစ်သက်မှာဖြစ်ပြီး ဖတ်ပြတဲ့ မိဘတွေကိုယ်တိုင်လည်း နှစ်သက်ပျော်မွေ့မှုကို
ခံစားရမှာဖြစ်ပါတယ်။

"ပုံပြင်တွေဟာ နိုင်ငံတကာအတွက် ချစ်ကြည်မှုရစေတဲ့ သံတမန်များသဖွယ်ဖြစ်တယ်"လို့ ဆိုထားတဲ့
မဟတ္တမဂန္ဒီရဲ့ စကားအတိုင်း ယခုစာအုပ်မှာပါတဲ့ ပုံပြင်တွေဟာ ကလေးငယ်တွေကို
လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုမိုဝင်ဆံ့စေနိုင်တဲ့ အသိစိတ်ကို ဖြစ်ပေါ်စေပြီး မကောင်းမှုကို
ရှောင်တတ်အောင်၊ ကောင်းမှုကို ဆောင်တတ်အောင်၊ ရိုင်းပင်းကူညီတတ်အောင်၊ အမှားကို
ရှက်ရွံ့မုန်းတီးတတ်အောင်၊ မနာလိုကင်းအောင်၊ ချစ်ခင်ကြင်နာမှုကို ခံစားတတ်အောင် စတဲ့
အတွေးအပိုင်းအစလေးတွေကို ရရှိစေမှာဖြစ်ပါတယ်။

တန်ဖိုး ကျပ် ၁,၅၀၀ နဲ့ ဖြန့်ချိထားပြီး မျက်နှာဖုံးနဲ့ အတွင်းသရုပ်ဖော်ကို ဗိုသံက
ဖန်တီးပေးထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။