English For 2014 World Cup (1)

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဖင်လန်အသင်းနှင့် ယှဉ်ပြိုင်စဉ်က ပြင်သစ်ရှေ့တန်းလူ ဖရန့်ခ်ရီဘာရီ ဘောလုံးသယ်လာပုံကို ၂၀၁၃ အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဖင်လန်အသင်းနှင့် ယှဉ်ပြိုင်စဉ်က ပြင်သစ်ရှေ့တန်းလူ ဖရန့်ခ်ရီဘာရီ ဘောလုံးသယ်လာပုံကို ၂၀၁၃ အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဘရာဇီးနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပတော့မှာမို့
ကမ္ဘာတစ်ဝှမ်းက ဘောလုံးချစ်သူတွေဟာ မျှော်လင့်စိတ်လှုပ်ရှားနေကြပါတယ်။

မြန်မာပရိသတ်တွေ အထူးသဖြင့် လူငယ်တွေဟာ ကမ္ဘာ့ဖလားဘောလုံးပွဲနှင့်ဆိုင်တဲ့ သတင်းတွေ
ကို စိတ်ဝင်တစား ဖတ်ရှုကြတာကို တွေ့ရပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲသတင်းတွေကို အင်္ဂလိပ်လိုပါ ဖတ်တတ်လာအောင် ကြိုးစားကြရင်
ဝါသနာ အခြေပြု ဘာသာစကား လေ့လာမှု လုပ်ရာရောက်ပြီး အကျိုးရှိနိုင်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖလားနဲ့ဆိုင်တဲ့ သတင်းတွေထဲက အင်္ဂလိပ်စာ အသုံးအနှုန်းလှလှတွေကို ရှာဖွေ
တင်ပြလိုက်ပါတယ်။

ဒီသင်ခန်းစာမှာတော့ suffered a massive blow ဆိုတဲ့ phrase ကို လေ့လာကြမှာ
ဖြစ်ပါတယ်။

suffered a massive blow ဆိုတာ အကြီးအကျယ်နစ်နာတယ်၊ အကြီးအကျယ် ထိခိုက်တယ်
ဆိုတဲ့ အနက်ကိုဆောင်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အနိုင်နွှဲဖို့ အားခဲထားတဲ့ ပြင်သစ်အသင်းဟာ သူတို့ရဲ့ ရှေ့တန်းတောင်ပံ
လူတစ်ဦးဖြစ်တဲ့ ဖရန့်ခ်ရီဘာရီ မပါဝင်နိုင်တော့တာကြောင့် အသင်းအတွက် အကြီးအကျယ်
နစ်နာရတဲ့ အကြောင်းကို suffered a massive blow ဆိုတဲ့ phrase ကို အသုံးပြုရေးသားထား
တဲ့ ၀ါကျတစ်ကြောင်းကို တင်ဆက်လိုက်ပါတယ်။

France's World Cup hopes suffered a massive blow Friday when star winger
Franck Ribery withdrew from the tournament because of a back injury that
has virtually stopped him running.
AFP,June 06, 2014

၂၀၁၄ ရှေ့တန်းလူ ဖရန့်ခ်ရီဘာရီမှာ နောက်ကျော ဒဏ်ရာကြောင့် မပြေးနိုင်တော့သဖြင့်
ဘောလုံးပွဲစဉ်မှ လွန်ခဲ့သည့်သောကြာနေ့တွင် ဖယ်ရှားခဲ့ရရာ ပြင်သစ်အသင်း၏ ကမ္ဘာ့ဖလား
မျှော်လင့်ချက်ကို များစွာထိခိုက်ခဲ့ရတော့သည်။

suffered a massive blow လို့မသုံးချင်ရင် deal a massive blow လို့လဲ သုံးနိုင်ပါတယ်။
နမူနာဝါကျကို ကြည့်ရအောင်။

QPR’s(Queens Park Rangers ) hopes have been dealt a massive blow after scans
showed striker Charlie Austin has suffered a serious shoulder injury.
30 January 2014                                                                           

၂၀၁၄ အသင်း၏ တိုက်စစ်မှူး ချာလီအော်စတင်မှာ ပခုံး ဒဏ်ရာ အကြီးအကျယ်ရနေကြောင်း
စမ်းသပ်တွေ့ရှိပြီးနောက် QPR အသင်း၏ မျှော်လင့်ချက်များမှာ အကြီးအကျယ်မှေးမှန်သွားခဲ့ရ
တော့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။