Learning English with the news (3)

အသက်ဝင်တဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို သတင်းစာသားတွေမှာ လေ့လာတာ
အကောင်းဆုံးနည်းလမ်း တစ်ရပ်ဖြစ်ပါတယ်။

အခု သင်ခန်းစာမှာ အဓိပ္ပာယ်တူညီတဲ့ စကားလုံး၊ စကားတွဲတစ်ချို့ကို တင်ပြသွားမှာပါ။

ထောပတ်သီးစားတာဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်လို့ သုတေသနတစ်ခုမှာ
တွေ့ရှိတာကို တင်ပြတဲ့ သတင်းတွေထဲမှာ 'လျှော့ချပေးတယ်' ဆိုတဲ့ အနက်အဓိပ္ပာယ်ရအောင်
cut,cut down နဲ့ reduce တို့ကို အသုံးပြုရေးသားသွားပုံတွေကို တင်ပြမှာပါ။

cut နဲ့ reduce တို့ရဲ့ အဓိပ္ပာယ်ဟာ အမြဲတမ်းဆင်တူနေတာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် 'လျှော့ချပေးတယ်'၊ 'လျှော့နည်းစေတယ်' ဆိုတဲ့ အနက်အဓိပ္ပာယ်ကို ပေးတာမှာတော့
တူညီပါတယ်။

cut ကို မသုံးချင်ရင် cut down လို့လဲ သုံးနိုင်ပါသေးတယ်။

နမူနာဝါကျ ပထမနှစ်ခုမှာ သတင်းဌာနတစ်ခုက cut ကိုသုံးပြီး ရေးထားသလို အခြားသတင်းဌာန
တစ်ခုကတော့ cut down ကို အသုံးပြုပြီးရေးထားတာကို လေ့လာကြည့်ပါ။

A new study says eating avocados as part of a regular daily diet can significantly cut the risk of developing serious heart diseases.
China Topix, January 08, 2015

ထောပတ်သီးကို နေ့စဉ်အစားအစာတစ်ခုအဖြစ် သုံးဆောင်ခြင်းကြောင့် ပြင်းပြင်းထန်ထန်
ခံစားရသည့် နှလုံးရောဂါမျိုး ဖြစ်ပွားမည့် အခြေအနေကို သိသိသာသာ လျှော့နည်းသွား
စေနိုင်ကြောင်း အသစ်ပြုလုပ်သည့် သုတေသနတစ်ခုက ဆိုသည်။

Including one avocado to your daily diet can cut down the risk of developing heart diseases, claims a new study.
Business-Standard, January 8, 2015

တစ်နေ့လျှင် ထောပတ်သီးတစ်လုံး စားဖြစ်အောင်စားခြင်းသည် နှလုံးနှင့် ပတ်သက်သော
ရောဂါများ ဖြစ်ပွားနိုင်သည့် အလားအလာကို လျှော့နည်းစေနိုင်ကြောင်း အသစ်ပြုလုပ်သည့်
သုတေသနတစ်ခုက ဆိုသည်။

cut နဲ့ cut down ကို မသုံးချင်ရင် reduce ကိုသုံးနိုင်ပါတယ်။ အောက်က နမူနာဝါကျမှာ
လေ့လာကြည့်ပါ။

Eating an avocado a day can lower bad cholesterol and reduce the risk of heart disease, a new study has claimed.
Financial Express, January 8, 2015

နေ့စဉ် ထောပတ်သီးတစ်လုံးစားသုံးခြင်းသည် အကျိုးမပြုသည့် ကိုလက်စထရောဓါတ်များကို
လျော့ပါးသွားစေနိုင်ပြီး နှလုံးရောဂါဖြစ်ပွားမည့် အန္တရာယ်ကို လျှော့နည်းစေကြောင်း
အသစ်ပြုလုပ်သည့် သုတေသနတစ်ခုက ထုတ်ဖေါ်ခဲ့ပြီး ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။