Learning English with the news (5)

tarnish vs sully

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦး အသတ်ခံရတဲ့နောက်ပိုင်း
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်လိုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ သူတို့လုံခြုံရေးအတွက်
စိုးရိမ်သွားကြပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ ပျော်ရာနေရာတစ်ခုအဖြစ် ထင်ရှားပြီး
ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရနေတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့်၊ ခရီးသွားတွေ
စိုးရိမ်စိတ်ဝင်စရာ ဖြစ်စေခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုဟာ ဒီနိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ ပုံရိပ်ကို
ထိခိုက်စေခဲ့တယ်လို့ဆိုကြပါတယ်။

အခုသင်ခန်းစာမှာတော့ ပုံရိပ်တစ်ခုကိုထိခိုက်စေတယ်၊ နာမည်ပျက်စေတယ်လို့ ရေးသားရာမှာ
သုံးနိုင်တဲ့ အင်္ဂလိပ် ကြိယာနှစ်ခုကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမ၀ါကျမှာတော့ tarnish ကို
သုံးထားပါတယ်။ tarnish ဟာ verb ဖြစ်ပြီး "တစ်စုံတစ်ခုဟာ အရင်ကလောက်မကောင်းတော့ဘူး"
ဆိုတဲ့ အနက်မျိုး၊ တစ်နည်းအားဖြင့် "to make people think that someone or something is
less good" ဆိုတဲ့ အနက်မျိုး ကိုဆောင်ပါတယ်။ tarnish ရဲ့ အသုံးအနှုန်းကို ပထမ၀ါကျမှာ
လေ့လာကြည့်ပါ။

The killings tarnished the image of Thailand’s tourism industry, which was already
struggling to recover after the army staged a coup.

- Associated Press, December 24, 2015

လူသတ်မှုများသည် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။ စစ်တပ်က
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းမှာ နာလန်ပြန်ထူရန် ကြိုးစားနေရဆဲ
ဖြစ်သည်။

ပုံရိပ်၊ ထင်ပေါ်ကျော်ကြားမှု၊ နာမည်ကောင်းရတာတွေ၊ တစ်နည်းအားဖြင့် (image နဲ့ reputation)
တွေကို ထိခိုက်စေတယ် ဆိုတဲ့ အနက်အဓိပ္ပာယ်အတွက် tarnish အပြင် sully ဆိုတဲ့ verb ကိုလည်း
အသုံးပြုနိုင်ပါတယ်။ sully ကို "to spoil something which is pure or someone’s perfect
reputation" လို့ အနက်ဖွင့်နိုင်ပြီး "ထင်ပေါ် ကျော်ကြားမှုကို ထိခိုက်စေတယ်" ဆိုတဲ့ အဓိပ္ပာယ်ကို
ပေးပါတယ် ။(image နဲ့ reputation)တွေကို ထိခိုက်စေတယ်လို့ ရေးချင်တဲ့အခါ ဝေါဟာရ
ကြွယ်ဝအောင် ဒုတိယ၀ါကျမှာ sully ရဲ့ အသုံးအနှုန်းကို လေ့လာကြည့်လိုက်ပါအုံး။

The killings sullied Thailand’s reputation as a happy-go-lucky tourist destination and
raised questions over its justice system and its treatment of migrant workers.

- Reuters, Dec 25, 2015

ခရီးသွားများ အပူအပင်ကင်းကင်း သွားလာပျော်ရွှင်နိုင်သည့် နေရာအဖြစ် ထင်ရှားသည့် ထိုင်းနိုင်ငံ၏
ကျော်ကြားမှုမှာ လူသတ်မှုများကြောင့် ထိခိုက်ခဲ့ရသည်။ ထို့အပြင် အဆိုပါ လူသတ်မှုများကြောင့်
ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ဆက်ဆံမှုကို
မေးခွန်းထုတ်လာခဲ့ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။