Learning English with The Myanmar Times (1)

get under way နှင့် kick off

လုပ်ငန်းစဉ်တစ်ခုခု စတင်တာကို အင်္ဂလိပ်လို ရေးတဲ့အခါ start ဆိုတဲ့ကြိယာ တစ်လုံးတည်းနဲ့
ရေးလို့ရပေမယ့် သတင်းစာတွေမှာတော့ အီဒီယမ်တွေကို သုံးလေ့ရှိပါတယ်။

start ဆိုတဲ့ အဓိပ္ပာယ်အတွက် အီဒီယမ်တွေဖြစ်တဲ့ get under way နဲ့ kick off တို့ကို အသုံးပြု
ရေးသားနိုင်ပါတယ်။

ကြိုတင်မဲဆန္ဒပေးတဲ့ အစီအစဉ်စတင်ပြီဆိုတာကို ပထမ၀ါကျမှာ get under way နဲ့
ရေးသားထားပါတယ်။

Advance voting got under way yesterday for those unable to cast a ballot in their constituencies on polling day, many of whom are soldiers and civil servants.

- The Myanmar Times, October 30, 2015, Issue 163

ရွေးကောက်ပွဲနေ့တွင် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲမပေးနိုင်သည့်သူများအတွက်
ကြိုတင်မဲပေးမှုမှာ မနေ့ကစတင်ခဲ့ပြီး၊ ထိုသို့ကြို တင်မဲပေးသူ အများစုမှာ တပ်မတော်သားများနှင့်
နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်။

get under way နဲ့ဘဲ ထပ်တလဲလဲ မရေးချင်ရင် ကြိုတင်မဲဆန္ဒပေးတဲ့ အစီအစဉ်စတင်ပြီဆိုတာကို
kick off ဆိုတဲ့ အီဒီယမ်နဲ့လည်း ဒုတိယ ၀ါကျမှာလို ရေးသားနိုင်ပါတယ်။

Advance voting kicked off yesterday for those unable to cast a ballot in their constituencies on polling day, many of whom are soldiers and civil servants.

- The Myanmar Times, October 30, 2015, Issue 163

ရွေးကောက်ပွဲနေ့တွင် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲမပေးနိုင်သည့်သူများအတွက်
ကြိုတင်မဲပေးမှုမှာ မနေ့က စတင်ခဲ့ပြီး၊ ထိုသို့ ကြိုတင်မဲပေးသူအများစုမှာ တပ်မတော်သားများနှင့်
နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်။

ပုဇွန်တောင်မှာ သီတင်းကျွတ်မီးထွန်းပွဲတော် စတင်ပြီလို့ ရေးထားတဲ့ သတင်းတစ်ပုဒ်မှာတော့
အထက်က အီဒီယမ်နှစ်ခုစလုံးကို ၀ါကျတစ်ခုတည်းမှာ ထည့်သုံးထားပါတယ်။

ဒီတတိယ၀ါကျကို လေ့လာလိုက်ရင် get under way နဲ့ kick off တို့ရဲ့ အသုံးအနှုန်းကို ပိုပြီး
နားလည်သွားမှာပါ။

The three-day festival of lights officially kicks off today, while celebrations in Yangon’s Pazundaung township have already gotten under way with Ferris wheels, candles and vendors spread along streets.

- The Myanmar Times, October 28, 2015, Issue 161

သုံးရက်ကြာမြင့်မည့် မီးထွန်းပွဲတော်မှာ ယနေ့တွင်တရားဝင်စတင်သည်။ ရန်ကုန်မြို့၊
ပုဇွန်တောင်မြို့နယ်တွင်မူ ရှားရဟတ်များ၊ မီးတိုင်များနှင့် ဈေးသည်များမှာ လမ်းများတစ်လျှောက်
စည်ကားလျှက် ယနေ့မတိုင်ခင်ကပင် ပွဲစတင်ခဲ့နှင့်ပြီး ဖြစ်လေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။