Learning English with The Myanmar Times (15)

gather steam = အရှိန်ရလာသည်။

မူရင်းဓာတ်ပုံ - အီးပီအေမူရင်းဓာတ်ပုံ - အီးပီအေ

လုပ်ငန်းစဉ်တစ်ခုလုပ်တာ၊ လုပ်ရင်းနဲ့ အရှိန်ရလာတယ်လို့ ပြောချင်ရင် gather steam ဆိုတဲ့
အီဒီယမ်ကို သုံးနိုင်ပါတယ်။

ရေနွေးငွေ့ အင်ဂျင်တွေမှာ ဘွိုင်လာကိုမီးစထိုးတဲ့အချိန်မှာ ရေနွေးငွေ့ ထွက်မလာသေးပေမယ့်၊
အချိန်ကြာလို့ ဘွိုင်လာထဲက ရေဆူလာရင်တော့ ရေနွေးငွေ့တွေ အရှိန်ကောင်းကောင်းနဲ့
ဆက်တိုက် ထွက်လာတာကို ရည်ညွှန်းရင်း ဒီ အီဒီယမ် ပေါ်လာတာလို့ ဆိုပါတယ်။

ဒီ အီဒီယမ်မှာ gather နဲ့သာတွဲသုံးနိုင်တာ မဟုတ်ဘဲ pick up/build up/gain steam လို့ သုံးတဲ့
မူကွဲတွေရှိပါသေးတယ်။

အောက်က ၀ါကျမှာတော့ gather steam လို့သုံးထားပုံကို လေ့လာကြည့်လိုက်ပါ။

Compensation is on the agenda for Myanma Railways, as planned upgrades to
the Yangon circular railway gather steam.

- The Myanmar Times, November 22, 2016

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်သည့် လုပ်ငန်းများမှာ စီစဉ်ထားသည့်အတိုင်း အရှိန်ရလာပြီ
ဖြစ်ရာ စီမံကိန်းဆောင်ရွက်မှုကြောင့် ထိခိုက်နစ်နာရသူများ အတွက်နစ်နာကြေးပေးရန်
မြန်မာ့မီးရထားလုပ်ငန်းက စီစဉ်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။