Learning English With the News(15)

regular features = တွေ့မြင်ကျ အင်္ဂါရပ်များ။ တွေ့မြင်ကျ အရာများ

တရုတ်ပိုင်ငံမှာ စက်မှုလုပ်ငန်းတွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့်
ကျတဲ့မြူ ခိုးတွေကြောင့် မြို့ကြီးအတော်များများမှာ နေ့ခင်းမှာတင် ကားတွေ
မီးဖွင့်မောင်းရလောက်အောင် မြူခိုးထုကြီးတွေ ကျနေလေ့ရှိပါတယ်။

ဒီအခြေအနေတွေဟာ ဖြစ်နေကျအရာတွေ၊ မဆန်းတော့တဲ့ မြို့ ပြအင်္ဂါရပ်တွေ ဖြစ်လာခဲ့ပါတယ်။
အဲဒီလို တွေ့မြင်နေကျအရာတွေကို regular features လို့ ရည်ညွှန်းပြောဆိုသုံးစွဲနိုင်ပါတယ်။
သတင်းဝါကျမှာ သုံးနှုန်းထားပုံကို လေ့လာကြည့်လိုက်ပါ။

Toxic clouds of smog are regular features of China’s major cities, with
some studies showing pollution has caused about 1 million premature deaths a year.

- The Guardian, December 12, 2016

ဘေးအန္တရာယ်ဖြစ်စေသည့် မီးခိုးမြူ ထုကြီးများမှာ တရုတ်နိုင်ငံ၏ အချက်အချာကျသော မြို့ကြီးများတွင်
တွေ့မြင်နေကျအရာများပင်ဖြစ်သည်။ ထိုသို့လေထု ညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင်လူတစ်သန်းခန့်မှာ
အရွယ်မတိုင်မီ သေဆုံးနေရကြောင်းလည်း လေ့လာမှုအချို့ တွင် တွေ့ရှိထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။