Learning English With the News(16)

picture = စိတ်ကူးမြင်ယောင်ကြည့်သည်။ ပုံဖေါ်ကြည့်သည်။

picture ကို ရုပ်ပုံ၊ပန်းချီကား စသဖြင့် noun အသွင် သုံးတာကို အသိများကြပါတယ်။ ဒါပေမယ့်
picture ကို verb အသွင်သုံးရင် "တစ်ခုခုကို မြင်ယောင်ကြည့်သည်" ဆိုတဲ့ အဓိပ္ပာယ်လည်း
ရပါသေးတယ်။

ခရစ်စ္စမတ်ကာလမှာ စင်တာကလာ့စ် ခေါ် ခရစ်စမတ်ဘိုးဘိုးကြီးဟာ အရေးပါတဲ့ ဇာတ်ဆောင်
တစ်ဦးပါ။ သူ့ပုံကို မြင်ယောင်ကြည့်မိတယ်ဆိုတဲ့အနက် အဓိပ္ပာယ်အတွက်အောက်က
သတင်းဝါကျမှာ picture ကို verb အသွင်သုံးထားတာကို လေ့လာကြည့်လိုက်ပါ။

When most people in the UK think about Santa Claus they picture a jolly old man
with a white beard and red suit.

- BBC, December 25, 2016

ဗြိတိန်နိုင်ငံနေ လူအများစုက ခရစ်စ္စမတ်ဘိုးဘိုးကြီးအကြောင်း တွေးမိကြသည့်အခါ အနီရောင်ဝတ်စုံ
ဝတ်ဆင်ထားပြီး၊ ပြုံးပျော်ရွှင်မြူးနေသည့် မုတ်ဆိတ်ဖြူ  အဘိုးအိုကို မြင်ယောင်မိကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။