အမြဲအချိန်ကောင်း စောင့်ရလောက်အောင် ဘ၀ဟာ မရှည်လျားပါ

ဘ၀ဟာ တိုတောင်းလှတယ်လို့ လူတွေ ယေဘုယျအားဖြင့် လက်ခံထားသလို၊ မဟာဗျူဟာအရ
အချိန်ကောင်း စောင့်လုပ်ရမယ့် အခါမျိုးမှာတော့ အချိန်တွေ ရှိပါသေးတယ်လို့
အားတင်းတတ်ကြပြန်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်တစ်နိုင်တစ်ပိုင်စနိုင်တာတွေကို အချိန်ဆွဲချင်စိတ်ပေါ်လာရင်၊
တစ်နည်းအားဖြင့် အဲလိုလုပ်ဖို့ ပျင်းရိစိတ်ဝင်လာရင်တော့ ဘ၀ဟာ တိုတိုလေးဆိုတဲ့ အသိကို
ရှင်သန်အောင် လုပ်ဖို့ လိုပါလိမ့်မယ်။

ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ဘ၀ဟာအဆုံးသတ် သွားနိုင်သလို၊
အခြေအနေကောင်းတစ်ခုဟာလည်း ကုန်လွန်သွားတတ်ပါတယ်။

ကိုယ့်အတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ ကောင်းရာကောင်းကျိုးတွေ လုပ်ခွင့်ရတဲ့အချိန်မှာ
တစ်ခုခုလုပ်ဖြစ်သွားအောင် စလုပ်ကြည့်လိုက်ပါ။

ဘ၀ဆိုတာ ကိုယ်လုပ်ချင်တာတိုင်းအတွက် အချိန်ကောင်းစောင့်ရလောက်အောင်
မရှည်လျားတတ်ပါဘူး။

ကိုယ်လုပ်ချင်တဲ့ စိတ်ကူးကောင်းတွေကိုအကောင် အထည်ဖေါ်ဖို့ အချိန်ဆွဲနေရင် ဘာမှမလုပ်ဖြစ်ဘဲ
ဘ၀အဆုံး သတ်ရတာမျိုးတွေရှိတတ်ပါတယ်။

အကုသိုလ်စိတ်တွေ ပေါက်ကွဲရမယ့် အခိုက်အတန့်မျိုးကိုသာ နောင်မှပေါက်ကွဲမယ်လို့ အချိန်ဆွဲပါ။

ကိုယ်လုပ်သင့်တာတွေကို လုပ်ဖို့တော့ အချိန်မဆွဲပါနဲ့။

ဘာကြောင့်လဲဆိုတော့ ဘ၀ဟာ တိုတိုလေးပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။