အောင်မြင်တဲ့ ဘ၀ဆိုတာ မေတ္တာနဲ့ အနားသတ်ရတယ်

ဘ၀ခြေလှမ်းတွေ မှားသွားဖူးရင် စိတ်မပျက်ပါနဲ့။ လမ်းပြကောင်းလို့ တစ်နေရာရာကို အခက်အခဲမရှိ
ရောက်သွားသူနဲ့ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်နဲ့ လမ်းအကြိမ်ကြိမ်မှားဖူးပြီးမှ လိုရာပန်းတိုင်ကို
ရောက်သူတို့ရဲ့ ဘ၀လမ်းကျွမ်းပုံ ဘယ်လိုမှမတူနိုင်ဘူးနော်။ ခလှမ်းမှားတွေကတစ်ဆင့်
သင်ယူနိုင်စွမ်းရှိသူဟာ သရုပ်မှန်တဲ့ ဘ၀ကို ရဖို့ပိုနီးစပ်ပါတယ်။

လမ်းလျှောက်သင်စ ကလေးတွေဟာ အကြိမ်ကြိမ် လဲဖူးပြီးမှ သွက်သွက်လက်လက်လျှောက်တတ်
လာအောင် သန်မာလာကြတယ်ဆိုတာကို သတိရပြီး၊ ဘ၀မှာရည်မှန်းအားထုတ်ရင်း လွဲချော်သွားခဲ့
ရတာတွေအတွက် တစိမ့်စိမ့်ခံစားနေရတာတွေကို မေ့ပျောက်လိုက်ပါ။ သင်ခန်းစာယူ အားသစ်မွေးပြီး
တစ်ကြိမ်ထပ်လျှောက်ကြည့်ပါ။

ဘ၀မှာကိုယ့်အရည်အချင်းနဲ့ ဖြစ်နိုင်တာတွေကို ရည်မှန်းချက်ထား အားထုတ်နေတာဟာ
အဓိပ္ပာယ်ရှိတဲ့ ဘ၀တစ်ခုကိုတည်ဆောက်နေတာ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။
ကိုယ်ပိုင်အစွမ်းအစနဲ့ ရနိုင်တာတွေကို ရည်မှန်းချက်ထားအား ထုတ်နေမှသာ ဘ၀ခရီးဟာ
အရွေ့ရှိမှာဖြစ်ပါတယ်။

အောင်မြင်ပေါက်မြောက်လိုစိတ်ဇောသန်ပြီး ကိုယ့်ရဲ့ မေတ္တာစက်ကွင်းကိုလည်း မေ့မထားပါနဲ့။
ကိုယ်ချစ်ရတဲ့ သူတွေ၊ ကိုယ့်ကိုယ်ချစ်သူတွေ အတွက်လည်း အချိန်ပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချဖို့၊
ဘ၀အလှကို ခံစားဖို့မမေ့ပါနဲ့။ ကိုယ်ချစ်ရသူ၊ကိုယ့်ကိုချစ်သူတွေနဲ့ ကိုယ့်အကြားက
မေတ္တာစက်ကွင်းကို ခိုင်မာအောင် မလုပ်သူတွေ၊ တနည်းအားဖြင့် ချစ်ရသူ တွေရဲ့မေတ္တာကို ခံယူဖို့၊
ကိုယ်ချစ်သူတွေကို မေတ္တာပေးဖို့ မေ့နေသူတွေ ရလာတဲ့ အောင်မြင်မှုဟာ အမြုံသက်သက်သာ
ဖြစ်တာကြောင့် ရှင်သန်လန်းဆန်းတဲ့ ဘ၀ကို ဖန်တီးမပေးနိုင်ပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။