ဖေ့စ်ဘုတ်ပေါ်မှာ စိတ်ဝေဒနာ မရှာမိပါစေနဲ့

ဆိုရှယ်မီဒီယာနည်းပညာ ထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ လူ့စိတ်ဆိုတာ အဆိုးဖက်ကို
လွယ်လွယ်ကူကူ ဦးတည်နိုင် တယ်ဆိုတာ လူတိုင်းနေ့စဉ် အသိဝင်ချိန်ရောက်ပြီ ထင်ပါတယ်။

ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာကို အခြားသူတွေနဲ့ဆက် သွယ်ပြောဆိုဖို့ မသုံးဘဲ လူမှုအဆင့်အတန်း
ပြိုင်ဆိုင်လိုစိတ်နဲ့ အခြားသူတွေ လက်ရှိမှာ ဘယ်လိုဘ၀အဆင့်အတန်းတွေရ နေပြီလဲဆိုတာစပ်စုဖို့
သူတို့ရဲ့ ဝေါတွေထဲ ၀င်ကြည့်ရင်းသာ အချိန်ကုန်လွန်တာဟာ မနာလိုစိတ်ဖြစ်ရလေ့ရှိတာကြောင့်
စိတ်ဆင်းရဲရတယ်လို့ မကြာခင်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက သတိပေးထားပါတယ်။

မွေးဖွားကြီးပြင်းရပုံနဲ့ နောက်ခံအထောက်အပံ့ချင်းလည်း မတူတဲ့ ငယ်ပေါင်းကြီးဖေါ်တွေဟာ
အသက် ၄၀ ကျော်မှာရလာတဲ့ ဘ၀အဆင့်အတန်းတွေဟာလည်း ဘယ်လိုမှမတူနိုင်ဘူးဆိုတာ
နှလုံးသွင်းတတ်ရင် လူတူချင်းမှာ သူကတော့အရမ်းသာ သွားလိုက်တာဆိုတဲ့ အတွေးနဲ့ မနာလိုစိတ်၊
မိမိလက်ရှိ အခြေအနေကို စိတ်ပျက်မိတဲ့ ခံစားချက်တွေနဲ့ စိတ်ဒဏ်ရာ မရနိုင်ပါဘူး။

တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်တယ်ဆိုတာဟာ ကောင်းတဲ့ ပုံရိပ်တစ်ခုအနေနဲ့ အပေါ်ယံသဘော
သွန်သင်လေ့ရှိပြီး၊ ပြိုင်ဆိုင်ခြင်းရဲ့ နောက်ခံသဘောတရားနဲ့ ယှဉ်ပြိုင်သင့် မပြိုင်သင့်ရာတွေကိုပါ
ပူးတွဲလမ်းညွှန်လေ့ သိပ်မရှိတာကြောင့် ဘာမဆိုပြိုင်ရမယ်လို့ ထင်တဲ့စိတ်ကို လူတိုင်း
အလွယ်တကူမွေးမိတတ်ကြပါတယ်။

ဒါကြောင့်မနာလို စိတ်လို အဆိပ်သင့်တဲ့ခံစားချက်တွေ ရလွယ်တာပါ။ ယှဉ်ပြိုင်သင့်ရာကိုသာ
ယှဉ်ပြိုင်ပြီး ကိုယ်ရထားတဲ့ ပေါက်မြောက်မှုတွေကို တန်ဖိုးထားတတ်မှ ထပ်ဆင့်မြင့်တဲ့ ဘ၀တွေဆီ
ရောက်ဖို့ လွယ်ကူမယ်ဆိုတာ နှလုံးသွင်းသင့်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။