ပြဿနာတွေကို သင်္ချာပုစ္စာတစ်ပုဒ်လိုသာမြင်ပါ

ကြည်နူးစရာအောင်မြင်မှုတွေ ရတဲ့အခါ ကိုယ့်အသိုင်းအ၀ိုင်းကို အားပါးတရပြောပြတတ်ကြတယ်။ ဒါပေမယ့် ဒီလိုမျိုး ကြာကြာမပြောနိုင်ကြပါဘူး။ အချိန်အတိုင်းအတာတစ်ခုမှာ ရပ်သွားတတ်တယ်။ လူတွေရဲ့စိတ်ကို ကြည်နူးစရာတွေထက် ပြဿနာတွေက ပိုမိုစိုးမိုးနိုင်တာကြောင့် ကိုယ်ရထားတာတွေကို ကြာကြာတန်ဖိုးမထားနိုင်တာလို့ စိတ်ပညာရှင်တစ်ချို့က ဆိုပါတယ်။

ကိုယ်ပိုင်ဆိုင်တာတွေကိုကြာကြာတန်ဖိုးမထား နိုင်လို့ ပြဿနာတွေလက်ရှိကြုံမနေတောင် အရင်က ရှိခဲ့ဖူးတာတွေကို ပြန်ပြန်တွေးရင်း စိတ်ဆင်းရဲရ လေ့ရှိတာ လူ့သဘာဝတစ်ခုလို့ လည်း စိတ်ပညာ ရှင်တွေက မှတ်ချက်ပြုဖူးပါတယ်။တကယ်တော့ အဆင်မပြေတာတွေကိုဘဲ ပြန်ပြန်တွေးတတ် ၊ ခဏခဏ ပြန်ပြောတတ်တဲ့အကျင့်ဟာ သတိမထား မိပေမယ့် လူတွေမှာ နာတာရှည်ဖြစ်နေတဲ့ စွဲလန်း လွန်ရောဂါတစ်ခုပါဘဲ။

ဒီလိုစိတ်စွဲလန်းမှုမျိုးဖြစ်ဖန်များနေရင် အတိတ်ကိုသာ ပြန်ရောက်သွားပြီး ရှေ့ဆက်မယ့်ခြေလှမ်းတွေကို ကောင်းကောင်း မပြင်ဆင်နိုင်တာကြောင့် ဒီစိတ်နေ စိတ်ထားဟာ ထိန်းကျောင်း ပေးသင့်တဲ့ ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ပြဿနာတွေကို အဖြေမှားသွားတဲ့ သင်္ချာပုစ္စာတစ်ပုဒ်လို မြင်တတ်ပြီး စမှားတဲ့ အဆင့်ကို ရှာလိုစိတ်မွေးလိုက်ရင် ဒီလိုစွဲလန်းမှုကို ဖြတ်တောက် နိုင်ဖွယ်ရှိပါတယ်။

ပြဿနာတွေကိုသာ ပြန်မတွေးဘဲ ကိုယ်ခြေလှမ်းစမှားတဲ့ နေရာကို ရှာတတ်ရင်၊ကိုယ်ပေါက်မြောက်ရရှိခဲ့တာ တွေကို တန်ဖိုးထားတတ်ပြီး၊ အဲဒီအကြောင်းတွေကို များများတွေးတတ်လာရင် စိတ်ခွန်အားရှိတဲ့ဘ၀ကို ရနိုင်ပါတယ်။ ကိုယ်အောင်မြင် ပေါက်မြောက်ခဲ့တာ တွေကို သူများတွေကိုပြောလို့ ကြွားတယ်လို့ ထင်မှာ စိုးရင် ကိုယ့်စိတ်ကိုသာ ပြန်ပြန်ပြောပါ။ ဒါဟာကိုယ့် ကို အမျိုးမျိုးစေစားနိုင်တဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင် ထိန်းကျောင်းခြင်း တစ်မျိုးပါဘဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။