သတိပြန်လည်လာနည်း ...

အမျိုးသမီးတစ်ဦးဟာ အသည်းအသန် နေမကောင်းဖြစ်နေပြီး
အရေးပေါ်အခန်းထဲ ရောက်နေတာမို့ သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ
မျက်ရည်မဆည်နိုင်အောင် ၀မ်းနည်းနေပါတယ်။

» အပြည့်အစုံသို့

ကန်တော်ကြီးထဲက ဈေးသင့်တဲ့ မော်လမြိုင် ဘူးသီးကြော်ဆိုင်

ကန်တော်ကြီးထဲက စားသောက်ဆိုင်တွေကို
လူတော်တော်များများလည်း သိကြသလို
သွားပြီးတော့လည်း စားဖူးကြမှာပါ။

» အပြည့်အစုံသို့

ယိုးဒယားစာတွေ ရောင်းတဲ့ လမ်းဘေးဆိုင်လေး

ရန်ကုန်မှာ ဘယ်နေရာမျိုး၊ ဘယ်မြို့နယ်မှာ နေချင်လဲလို့
မေးလာရင် စားသောက်ဆိုင်တွေ ပေါတဲ့ နေရာတွေဖြစ်တဲ့
ကျောက်မြောင်း၊ စမ်းချောင်း၊ တောင်ဥက္ကလာ စတဲ့
နေရာတွေကိုပဲ ရွေးဖြေမိမှာပါ။

» အပြည့်အစုံသို့

ဗေဒါရီရဲ့ ဟင်းလျာ (တမာရွက်သုပ်)

ဒီတစ်ပတ်တော့ ဗေဒါရီက တမာရွက်သုပ် ပြင်ဆင်ပုံကို
ဝေမျှပေးလိုက်ပါတယ်။ ခုချိန်ရာသီက တမာဖူး၊ တမာညွန့်တွေ
လှိုင်လှိုင်ပေါနေပြီမို့ သုပ်စားလို့ ကောင်းဆုံးအချိန်ပါပဲ။

» အပြည့်အစုံသို့

ဗိုလ်တထောင် ၄၈ လမ်းထိပ်က ခေါက်မုန့်ဆိုင်လေး

မြန်မာလူမျိုးမှန်ရင် ခေါက်မုန့်ဆိုတာ သိပ်ထူးခြားပြီး
ပြောနေရမယ့် အစားအသောက်တော့ မဟုတ်ပါဘူး။


» အပြည့်အစုံသို့

ဗေဒါရီရဲ့ ဟင်းလျာ (၀က်တောက်တောက်ချဉ်စပ်သုပ်)

ဒီတစ်ပတ်တော့ ထိုင်းစတိုင်လို့ပဲပြောရမလား ..
ဝက်တောက်တောက်ချဉ်စပ်သုပ် ပြင်ဆင်ပုံကို
ဝေမျှပေးလိုက်ပါတယ်။

» အပြည့်အစုံသို့

အသက် ၆၅ နှစ်အရွယ် မေမေ ...

သန္ဓေအောင်ခြင်းနဲ့ ပတ်သက်လို့ ခေတ်မီနည်းပညာတွေ
တစ်ဆင့်ပြီးတစ်ဆင့် ပေါ်ပေါက်လာတာနဲ့အမျှ
အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ
အဆင်ပြေပြေနဲ့ ကလေးမီးဖွားနိုင်ခဲ့ပါတယ်။

» အပြည့်အစုံသို့

အသက် ၆၅ နှစ်အရွယ် မေမေ ...

သန္ဓေအောင်ခြင်းနဲ့ ပတ်သက်လို့ ခေတ်မီနည်းပညာတွေ တစ်ဆင့်ပြီးတစ်ဆင့်
ပေါ်ပေါက်လာတာနဲ့အမျှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အဆင်ပြေပြေနဲ့
ကလေးမီးဖွားနိုင်ခဲ့ပါတယ်။

မီးဖွားပြီးလို့ ဆေးရုံကနေဆင်းပြီး အိမ်ကိုပြန်ရောက်တဲ့အခါ အိမ်ကို ဆွေမျိုးတွေ လာလည်ကြပါတယ်။

ဆွေမျိုးတစ်ဦးက "ကလေးလေးကို ကြည့်လို့ရမလား" လို့ မေးတဲ့အခါ "မရသေးဘူး။

မင်းတို့တွေအတွက် ငါ ကော်ဖီအရင် ဖျော်လိုက်ဦးမယ်။ ပြီးတော့မှ ကြည့်တာပေါ့" လို့
ကလေးအမေက ပြောလိုက်ပါတယ်။

မိနစ် ၃၀ လောက်ကြာပြီးတဲ့နောက် နောက်ထပ်ဆွေမျိုးတစ်ယောက်က "ကဲ.. အခု ကလေးလေးကို
ကြည့်လို့ရပြီးလား"လို့ မေးလိုက်ပြန်တဲ့အခါ "မရသေးဘူး" လို့ ကလေးအမေဆီကနေ
အဖြေရလိုက်ပြန်ပါတယ်။

ဒီလိုနဲ့ နောက်ထပ်မိနစ်အနည်းငယ် ကုန်သွားပြန်တဲ့အခါ ကလေးကို ကြည့်လို့ရပြီလားလို့
ဆွေမျိုးတွေက ထပ်မေးလိုက်ပြန်ပါတယ်။

တူညီတဲ့ အဖြေကိုပဲ ဆက်တိုက်ရနေတာမို့ စိတ်မရှည်ဖြစ်လာကြတဲ့ ဆွေမျိုးတွေဟာ
"ကဲ .. ဒါဆိုလည်း ဘယ်တော့ကြည့်ခွင့်ရမှာလဲ" လို့ မေးလိုက်ပါတယ်။

"ကလေးငိုတဲ့အခါ"လို့ အမေက ပြန်ဖြေတာမို့ "ငါတို့က ဘာကြောင့်မို့ ကလေးငိုတဲ့အထိ
စောင့်ရမှာလဲ" လို့ မေးခွန်းထုတ်လိုက်ကြပါတယ်။

အဲဒီအခါ စိတ်တိုတဲ့လေသံနဲ့ ကလေးအမေဖြစ်သူ ပြန်ပြောလိုက်တာက "ဘာဖြစ်လို့လဲဆိုတော့
သူ့ကို ဘယ်မှာထားမိမှန်း ငါမမှတ်မိတော့လို့။ ဟုတ်ပြီလား" တဲ့။

စမ်းချောင်း၊ ဗဟိုလမ်းက 'မအေးသက်' အသုပ်ဆိုင်

စမ်းချောင်းလို အစားအသောက်ပေါတဲ့ နေရာမျိုးမှာနေတဲ့
မိတ်ဆွေအပေါင်းအသင်းတွေရှိတာလည်း စာရေးသူလို
အစားမက်တဲ့ Foodie တစ်ယောက်အတွက်
ကံကောင်းခြင်းလို့ ဆိုရမလားပဲ။

» အပြည့်အစုံသို့

အကြာကြီးမစောင့်နိုင်လို့ပါ ...

ကုန်စည်တွေကို လက်လီရောင်းတဲ့ ကုန်သည်ဖြစ်တဲ့
ရစ်ခ်ျဟာ အထည်ချုပ်စက်ရုံကို ဒေါ်လာ ၇၀,၀၀၀ တန်ဖိုးရှိတဲ့
တီရှပ်အထည် ၁၀,၀၀၀ ပို့ပေးဖို့ လှမ်းမှာလိုက်ပါတယ်။

» အပြည့်အစုံသို့