အသက် ၆၅ နှစ်အရွယ် မေမေ ...

သန္ဓေအောင်ခြင်းနဲ့ ပတ်သက်လို့ ခေတ်မီနည်းပညာတွေ
တစ်ဆင့်ပြီးတစ်ဆင့် ပေါ်ပေါက်လာတာနဲ့အမျှ
အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ
အဆင်ပြေပြေနဲ့ ကလေးမီးဖွားနိုင်ခဲ့ပါတယ်။

» အပြည့်အစုံသို့

အသက် ၆၅ နှစ်အရွယ် မေမေ ...

သန္ဓေအောင်ခြင်းနဲ့ ပတ်သက်လို့ ခေတ်မီနည်းပညာတွေ တစ်ဆင့်ပြီးတစ်ဆင့်
ပေါ်ပေါက်လာတာနဲ့အမျှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အဆင်ပြေပြေနဲ့
ကလေးမီးဖွားနိုင်ခဲ့ပါတယ်။

မီးဖွားပြီးလို့ ဆေးရုံကနေဆင်းပြီး အိမ်ကိုပြန်ရောက်တဲ့အခါ အိမ်ကို ဆွေမျိုးတွေ လာလည်ကြပါတယ်။

ဆွေမျိုးတစ်ဦးက "ကလေးလေးကို ကြည့်လို့ရမလား" လို့ မေးတဲ့အခါ "မရသေးဘူး။

မင်းတို့တွေအတွက် ငါ ကော်ဖီအရင် ဖျော်လိုက်ဦးမယ်။ ပြီးတော့မှ ကြည့်တာပေါ့" လို့
ကလေးအမေက ပြောလိုက်ပါတယ်။

မိနစ် ၃၀ လောက်ကြာပြီးတဲ့နောက် နောက်ထပ်ဆွေမျိုးတစ်ယောက်က "ကဲ.. အခု ကလေးလေးကို
ကြည့်လို့ရပြီးလား"လို့ မေးလိုက်ပြန်တဲ့အခါ "မရသေးဘူး" လို့ ကလေးအမေဆီကနေ
အဖြေရလိုက်ပြန်ပါတယ်။

ဒီလိုနဲ့ နောက်ထပ်မိနစ်အနည်းငယ် ကုန်သွားပြန်တဲ့အခါ ကလေးကို ကြည့်လို့ရပြီလားလို့
ဆွေမျိုးတွေက ထပ်မေးလိုက်ပြန်ပါတယ်။

တူညီတဲ့ အဖြေကိုပဲ ဆက်တိုက်ရနေတာမို့ စိတ်မရှည်ဖြစ်လာကြတဲ့ ဆွေမျိုးတွေဟာ
"ကဲ .. ဒါဆိုလည်း ဘယ်တော့ကြည့်ခွင့်ရမှာလဲ" လို့ မေးလိုက်ပါတယ်။

"ကလေးငိုတဲ့အခါ"လို့ အမေက ပြန်ဖြေတာမို့ "ငါတို့က ဘာကြောင့်မို့ ကလေးငိုတဲ့အထိ
စောင့်ရမှာလဲ" လို့ မေးခွန်းထုတ်လိုက်ကြပါတယ်။

အဲဒီအခါ စိတ်တိုတဲ့လေသံနဲ့ ကလေးအမေဖြစ်သူ ပြန်ပြောလိုက်တာက "ဘာဖြစ်လို့လဲဆိုတော့
သူ့ကို ဘယ်မှာထားမိမှန်း ငါမမှတ်မိတော့လို့။ ဟုတ်ပြီလား" တဲ့။

စမ်းချောင်း၊ ဗဟိုလမ်းက 'မအေးသက်' အသုပ်ဆိုင်

စမ်းချောင်းလို အစားအသောက်ပေါတဲ့ နေရာမျိုးမှာနေတဲ့
မိတ်ဆွေအပေါင်းအသင်းတွေရှိတာလည်း စာရေးသူလို
အစားမက်တဲ့ Foodie တစ်ယောက်အတွက်
ကံကောင်းခြင်းလို့ ဆိုရမလားပဲ။

» အပြည့်အစုံသို့

အကြာကြီးမစောင့်နိုင်လို့ပါ ...

ကုန်စည်တွေကို လက်လီရောင်းတဲ့ ကုန်သည်ဖြစ်တဲ့
ရစ်ခ်ျဟာ အထည်ချုပ်စက်ရုံကို ဒေါ်လာ ၇၀,၀၀၀ တန်ဖိုးရှိတဲ့
တီရှပ်အထည် ၁၀,၀၀၀ ပို့ပေးဖို့ လှမ်းမှာလိုက်ပါတယ်။

» အပြည့်အစုံသို့

ဗေဒါရီရဲ့ ဟင်းလျာ (၀က်အသည်းကုဆိုင်ကြော်)

ဒီတစ်ပတ်တော့ ဗေဒါရီက ချက်ရတာ လွယ်ကူပေမဲ့
အဓိကဟင်းပွဲအဖြစ် စားလို့ရတဲ့ '၀က်အသည်းကုဆိုင်ကြော်'
ချက်နည်းကို ဝေမျှပေးလိုက်ပါတယ်။

» အပြည့်အစုံသို့

ထောပတ်သီးသုပ် စားကြမယ်

ထောပတ်သီးဆိုရင် ဖျော်ရည်အဖြစ် ဖျော်သောက်ဖို့ပဲ
တွေးမိကြမှာပါ။ ပြီးတော့ ဆိုင်တွေမှာ ဖျော်ရောင်းလေ့
ရှိတာက နို့ဆီတွေ၊ သကြားတွေ ထည့်ပြီးဖျော်တာမို့
ကျန်းမာရေးအတွက် ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။

» အပြည့်အစုံသို့

ဗေဒါရီရဲ့ ဟင်းလျာ (ဖော့ဖူးကြော်)

ဒီတစ်ပတ်တော့ ဗေဒါရီက ဟင်းအမယ်(မည်)
ဆန်းလေးတစ်မျိုးကို ဝေမျှပေးလိုက်ပါတယ်။


» အပြည့်အစုံသို့

အံ့မခန်းကို တော်တာ ...

အမျိုးသမီးတစ်ဦးဟာ လည်ချောင်းမှာ ပိုးဝင်တာကြောင့်
ဆေးခန်းသွားပြပါတယ်။


» အပြည့်အစုံသို့

အံ့မခန်းကို တော်တာ ...

အမျိုးသမီးတစ်ဦးဟာ လည်ချောင်းမှာ ပိုးဝင်တာကြောင့် ဆေးခန်းသွားပြပါတယ်။

အလှည့်ရောက်ဖို့အတွက် လူနာတွေ ထိုင်စောင့်ရတဲ့ အခန်းထဲမှာ ထိုင်စောင့်နေချိန်မှာ
အမျိုးသမီးဟာ သူ့ရဲ့ခြေထောက်နှစ်ချောင်းကို တင်ပျဉ်ခွေချိတ်ထားရင်း စာအုပ်ဖတ်နေပါတယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့အလှည့်ရောက်လာတာကို ရုတ်တရက် သိလိုက်ရတာမို့ မတ်တတ်
ထရပ်လိုက်တဲ့အခါမှာ ခြေထောက်ကြွက်တက်နေတာကို သတိထားလိုက်မိပါတယ်။

ဒါပေမဲ့လည်း စောင့်ခေါ်နေတဲ့ သူနာပြုကို အားနာတာကြောင့် ခြေထောက်ထော့နင်း ထော့နင်းနဲ့ပဲ
ဆရာဝန်အခန်းထဲကို ၀င်သွားလိုက်ပါတယ်။

ဒါကိုမြင်တဲ့ အနားမှာထိုင်နေတဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက သူ့ဘေးက အဖော်ကို
တံတောင်နဲ့ တွက်ပြီးပြလိုက်ရင်း နာကျင်ဟန်နဲ့ တဖြည်းဖြည်းချင်း လျှောက်ဝင်သွားတဲ့
အမျိုးသမီးကိုလည်း စာနာသနားဟန်နဲ့ ကြည့်ပြီးကျန်ရစ်ခဲ့ကြပါတယ်။

ငါးမိနစ်လောက်ကြာတဲ့အခါ အခန်းထဲက အမျိုးသမီးပြန်ထွက်လာတဲ့အခါ သူ့ခြေထောက်မှာ
ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီမို့ လူနာစောင့်အခန်းထဲကို သက်သောင့်သက်သာပဲ ပြန်လျှောက်
ဝင်လာခဲ့ပါတယ်။

စောစောက အမျိုးသမီးကြီးနှစ်ဦးကို ဖြတ်ကျော်လာစဉ်မှာ တစ်ဦးက နောက်တစ်ဦးကို လေသံလေးနဲ့
ခပ်တိုးတိုးလှမ်းပြောလိုက်တာက "တွေ့လား.. အယ်မာ။ နင့်ကို ငါပြောသားပဲ။ ဒီက ဆရာဝန်က
တကယ့်ကို တော်တာပါဆိုတာလေ"တဲ့။

ဗေဒါရီရဲ့ ဟင်းလျာ (ခရမ်းသီးမီးဖုတ်သုပ်)

ဒီတစ်ပတ်တော့ ဗေဒါရီက အသား၊ ငါးဟင်း မဟုတ်ဘဲ
ပြုလုပ်ရတာ လွယ်ကူပြီး ထမင်းလည်း မြိန်စေတဲ့
ခရမ်းသီးမီးဖုတ်သုပ်လေးကို ဝေမျှပေးလိုက်ပါတယ်။

» အပြည့်အစုံသို့