Monday, April 24, 2017

ကြက်အူချောင်းသုပ်

ဒီတစ်ပတ်မှာတော့ ကြက်အူချောင်း (သို့) ၀က်အူချောင်းကို သုပ်စားကြရအောင်နော်။

ဖြိုးရဲ့ အမျိုးသားက Club House ကို ပြီးခဲ့တဲ့ လကုန်ခါနီး ကတည်းကစပြီး ဖြိုးတို့ နေတဲ့နေရာမှာ
ဖွင့်ပါတယ်။

ရေလာကူးဖို့ ဖိတ်ထားတဲ့ မိတ်ဆွေတွေရယ်၊ သူတို့မိသားစုတွေရယ်၊ အိမ်လာကြည့်တဲ့
သူတွေရယ်နဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ စည်ကားနေတာပါပဲ။

ကလေးတွေကလည်း ရေကူးပြီးရင် ဗိုက်ဆာကြပြီ။

အဲဒီတော့ သူတို့ ဩဇီစတိုင် Hot Dog (ပေါင်မုန့်နဲ့ ၀က်အူချောင်း အသားညှပ်ကို) လုပ်ကျွေး
ဖြစ်ပါတယ်။

နှစ်ပတ်လောက်ကြာတော့ ထုံးစံအတိုင်း ဖြိုးက တစ်မျိုးမျိုး ထွင်ပြီး လုပ်ဖို့ဖြစ်လာရော။

တစ်မျိုးတည်းကို နေ့စဉ်၊ အပတ်စဉ်ချက်ရရင် ငြီးငွေ့တတ်တာက ဖြိုးအကျင့်ဆိုတော့
အသစ်အဆန်းကလေး လုပ်လိုက်ရမှ ကျေနပ်မိတာလေ။

အဲဒီတော့ သူတို့ အတွက်လုပ်ဖို့ ၀က်အူချောင်းလေးတွေကြော်တိုင်း ဘယ်လိုများ အဆန်းလုပ်ရင်
ကောင်းမလဲလို့ စဉ်းစားနေတာ၊ ဒီတစ်ပတ်မှာတော့ အသုပ်လေးတွေ လုပ်စားဖို့ စီစဉ်လိုက်ပါတယ်။

ကြက်အူချောင်းသုပ် (မြန်မာစတိုင်)
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

  • ကြက်အူချောင်း ၅ ချောင်း (၁၇၀) ဂရမ် (၀က်အူချောင်းကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ဆလတ်ရွက် ၁ စည်း (ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း (ကုလားအော်သီး) ၂ တောင့်
  • ငရုတ်ဆီ စားပွဲဇွန်း ၁ ဇွန်း
  • ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၂ ဥ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ကြက်အူချောင်းတွေကို အထုပ်ပါအညွှန်အတိုင်း ပြင်ဆင်ပါ။ (သို့) မတူးနိုင်တဲ့ Non stick
ဒယ်အိုးပြားထဲထည့်ကာ ရေကို သုံးပုံတစ်ပုံ မြုပ်အောင်ထည့်ပြီး မီးမပြင်းတပြင်းနဲ့ ပြုတ်ပါ။
အဖုံးအုပ်ထားပါ။

ကြက်အူချောင်းပြုတ်ရည် ခန်းပြီဆိုရင် ဟင်းသီး ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး
ကြော်ပါ။

၂ - ၃ မိနစ်မျှအကြာ ကြက်အူချောင်းတွေ ကျက်ပြီဆိုရင် မီးပိတ်ပြီး အဖုံးအုပ်ကာ
၂ - ၃ မိနစ်လောက် နှပ်ထားပါ။

ပြီးတဲ့အခါ မထူမပါးဖြစ်ဖြစ် ကြိုက်နှစ်သက်တဲ့ အရွယ်လှီးပြီး ဇလုံတစ်ခုထဲမှာ အသုပ်သုပ်ဖို့
ပြင်ဆင်ပါ။

ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ဆလတ်ရွက်၊ နံနံပင်၊ ငရုတ်ဆီ၊ ငရုတ်သီးစိမ်း၊ ငံပြာရည်နဲ့
လက်ကျန်ဆီတို့ကို ထည့်ကာ နှံ့အောင် နယ်ပါ။

အပေါ့အငန်အတွက် ငံပြာရည်ကို သုံးပါ။


ကြက်အူချောင်းသုပ် (Fusion)
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

ကြက်အူချောင်း ၅ ချောင်း (၁၇၀)ဂရမ် (၀က်အူချောင်းကိုလည်း အသုံးပြုနိုင်ပါတယ်) ဆလတ်ရွက် ၁ စည်း (ပါးပါးလှီးပါ) မရိုးနိစ် စားပွဲဇွန်း ၁ ဇွန်း မုန်ညင်းစိဆော့စ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခရမ်းချဉ်သီးအသေး ၁၀၀ ဂရမ်

ပြင်ဆင်ပုံ

ကြက်အူချောင်းတွေကို အထုပ်ပါ အညွှန်းအတိုင်း ပြင်ဆင်ပါ၊ (သို့) မတူးနိုင်တဲ့ Non stick
ဒယ်အိုးပြားထဲမှာ ထည့်ကာ ရေကို သုံးပုံတစ်ပုံ မြုပ်အောင်ထည့်ပြီး မီးမပြင်းတပြင်းနဲ့ ပြုတ်ပါ။
အဖုံးအုပ်ထားပါ။

ကြက်အူချောင်းပြုတ်ရည် ခမ်းပြီဆိုရင် ဟ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။