ဒီတစ်ပတ်ရုပ်ရှင် (ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ)

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ တော့ပ်ရွိုင်ရယ်၊ မင်္ဂလာ(၁) နဲ့ သွင် ရုပ်ရှင်ရုံတွေမှာ
ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားပြီး အောင်ရဲလင်းနဲ့ ဖွေးဖွေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
'သက်တံသစ်' ၀ိညာဉ်ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ "Rise of the Legend" သရီးဒီတရုတ် အက်ရှင်ဒရမ်မာဇာတ်ကား
စတင်ရုံတင်လာပါတယ်။

တော့ပ်ရွိုင်ရယ် ရုပ်ရှင်ရုံမှာတော့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အမေရိကန်ဇာတ်ကား "Ouija" ကို
စတင်ရုံတင်လာပါတယ်။

နေပြည်တော်ရုပ်ရှင်ရုံ(၁) မှာတော့ "The Hunger Games: Mockingjay" တူးဒီ အမေရိကန်
သိပ္ပံစိတ်ကူးယဉ် စွန့်စားမှုဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ထားပါတယ်။

ရုံ(၂) မှာတော့ "Big Hero 6" အမေရိကန် သရီးဒီ ကာတွန်းဇာတ်ကားနဲ့ ရုံ(၃) မှာတော့
"Rise of the Legend" သရီးဒီ တရုတ် အက်ရှင်ဒရမ်မာဇာတ်ကားတို့ကို ပြသသွားမှာပါ။

ရှေ့ဆောင်ရုပ်ရှင်ရုံ(၁) မှာတော့ အမေရိကန် ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာဇာတ်ကား "Ouija" နဲ့
ရုံ(၂) မှာတော့ "Happy New Year" တူးဒီ ဘောလိဝုဒ် ဟာသအက်ရှင်ဇာတ်ကားတို့ကို
ရုံတင်ထားပါတယ်။

မင်္ဂလာစံပြရုပ်ရှင်ရုံ(၁) မှာတော့ အမေရိကန် ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာဇာတ်ကား "Ouija"၊
ရုံ (၂) မှာ "Rise of the Legend" သရီးဒီ တရုတ် အက်ရှင်ဒရမ်မာဇာတ်ကားနဲ့ ရုံ(၃) မှာတော့
မြန်မာဝိညာဉ်ဇာတ်ကား 'သက်တံသစ်' တို့ကို ပြသသွားမှာဖြစ်ပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ တရုတ်သရဲကား "Sifu vs Vampire" နဲ့ မြန်မာဝိညာဉ်
ဇာတ်ကား 'သက်တံသစ်' တို့ကို ရုံတင်ပြသသွားမှာပါ။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာလည်း "Sifu vs Vampire" နဲ့ 'သက်တံသစ်' ဇာတ်ကား
တို့ကိုပဲ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

နေပြည်တော်ဂျန်းရှင်း mini-theatre မှာတော့ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးတင်ဆက်
ထားပြီး ရန်အောင်၊ ရဲအောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ပြေတီဦး၊ နေတိုး၊ ဖြိုးငွေစိုး၊ မြင့်မြတ်၊
အောင်ရဲလင်း၊ နန္ဒ၊ ကောင်းပြည့်၊ ဖိုးပြည့်၊ ကျော်ကျော်၊ အရိုင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊
သက်မွန်မြင့်၊ စန္ဒမြင့်လွင့်၊ ၀တ်မှုန်ရွှေရည်၊ ဖွေးဖွေး၊ မိုးပြည့်ပြည့်မောင်နဲ့ ယွန်းရွှေရည်တို့
ပါဝင်သရုပ်ဆောင်ထားတဲ့ 'ကိုတင့်တို့ စူပါရပ်ကွက်' ဇာတ်ကားကို ပြသသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။