စေတနာနဲ့ပါ ...

စိတ်ရောဂါဝေဒနာရှင် နှစ်ဦး ဆေးရုံဝင်းအတွင်းမှာ ရှိတဲ့ ရေကန်တစ်ခုနား လမ်းလျှောက်နေတာကို
ဆရာဝန်ကြီးက အပေါ်ထပ် ပြတင်းပေါက်ကနေ လှမ်းတွေ့နေရပါတယ်။

လမ်းလျှောက်နေရင်း ဝေဒနာရှင် တစ်ဦးက ၀ုန်းခနဲ ရေကန်ထဲ ခုန်ဆင်းလိုက်တော့
နောက်တစ်ယောက်က ချက်ချင်းဆိုသလို သူပါ ရေကန်ထဲ လိုက်ခုန်ဆင်းလိုက်တာကို
မြင်လိုက်ရပါတယ်။

ဒုတိယလူရဲ့ အပြုအမူဟာ သာမန်လူတွေ ပြုလုပ်တဲ့ ရေကန်ထဲ ခုန်ချတဲ့ သူကို ကယ်ဆယ်တဲ့
အခြေအနေမှန်း သတိထားမိတာကြောင့် ဒုတိယလူကို ဆေးရုံက ဆင်းခွင့်ပြုတော့မယ်လို့
ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

နောက်တစ်ရက်မှာ ဆေးရုံက ဆင်းခွင့်ပြုမယ့်အကြောင်း ဒုတိယလူကို ခေါ်ပြောရင်းနဲ့
တစ်ခါတည်း "မင်းအတွက်တော့ ပုံမှန်စိတ်အခြေအနေကို ပြန်ရောက်နေတာမို့ ၀မ်းသာမိပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာက မင်းလိုက်ကယ်တဲ့ ရေကန်ထဲ ခုန်ချသွားသူက ဒီမနက်မှာ
သူ့အခန်းထဲမှာပဲ ဆွဲကြိုးချသေသွားခဲ့တယ်ကွာ" လို့ ဆရာဝန်ကြီးက ပြောလိုက်ပါတယ်။

အဲဒီစကားကြားချိန်မှာ ဒုတိယလူနာ တအံ့တဩနဲ့ ရုတ်တရက်ပြန်ပြောလိုက်တာက
"ဟာ... ဆရာ ထင်သလို ကျွန်တော့် သူငယ်ချင်းက ဆွဲကြိုးချ သေသွားတာ မဟုတ်ပါဘူး။
မနေ့က ရေကန်ထဲ သူကျသွားလို့ ဆယ်ပေးရင်း သူ့တစ်ကိုယ်လုံး ရေမခြောက်မှာစိုးလို့ မနေ့ညက
ကျွန်တော်ကိုယ်တိုင် ကြိုးနဲ့ ချည်ပြီး ရေစစ်ထားခဲ့တာလေ" တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။