ဒီတစ်ပတ်ရုပ်ရှင် (ဇန်န၀ါရီ ၁၆ ရက်မှ ၂၂ ရက်အထိ)

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ တော့ပ်ရွိုင်ရယ်၊ မင်္ဂလာ(၁) နဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ
ကျော်ဇောလင်း ရိုက်ကူးထားပြီး ရဲအောင်၊ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ပြေတီဦး၊ နေတိုး၊
ဖြိုးငွေစိုး၊ မြင့်မြတ်၊ အောင်ရဲလင်း၊ နန္ဒ၊ ကောင်းပြည့်၊ ဖိုးချစ်၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊
အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ စန္ဒ္ဒီမြင့်လွင်၊ ၀တ်မှုန်ရွှေရည်၊ ဖွေးဖွေးနဲ့ ယွန်းရွှေရည်တို့
ပါဝင်သရုပ်ဆောင်ထားတဲ့ 'ကိုတင့်တို့ စူပါရပ်ကွက်' ဇာတ်ကားကို ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ အမေရိကန်စိတ်ကူးယဉ်ဇာတ်ကား "Seventh Son" ကို
ပြသသွားမှာပါ။

နေပြည်တော် ရုပ်ရှင်ရုံ(၁) မှာတော့ "Seventh Son" ဇာတ်ကားကို ဆက်လက်ရုံတင်ထားပါ
တယ်။

ရုံ(၂) မှာတော့ သမ္မာကျမ်းလာ လူစွမ်းကောင်းအကြောင်း ရိုက်ကူးထားတဲ့ "Exodus: Gods and
Kings" နဲ့ ရုံ(၃) မှာတော့ "I Fine Thank you Love you" ထိုင်းအချစ်ဟာသ ဇာတ်ကားတို့ကို
ပြသသွားမှာပါ။

ရှေ့ဆောင် ရုပ်ရှင်ရုံ(၁) မှာတော့ အမေရိကန် စိတ်ကူးယဉ်စွန့်စားမှုဇာတ်ကား "Night at the
Museum: Secret of the Tomb" နဲ့ ရုပ်ရှင်ရုံ(၂) မှာတော့ တူးဒီ အမေရိကန် ထိတ်လန့်
ကြောက်ရွံ့ဖွယ်ရာဇာတ်ကား "The Pyramid" တို့ကို ဆက်လက် ရုံတင်ပြသသွားမှာပါ။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာလည်း အမေရိကန်ဇာတ်ကား "Night at the Museum: Secret of
the Tomb"၊ ရုံ(၂) မှာတော့ ထိုင်း အချစ်ဟာသဇာတ်ကား "I Fine Thank you Love you" နဲ့
ရုံ(၃) မှာ 'ကိုတင့်တို့ စူပါရပ်ကွက်' တို့ကို ပြသသွားမှာဖြစ်ပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ သည်းထိတ်ရင်ဖိုဇာတ်ကား "Spirit of Evil"၊
သိပံ္ပစိတ်ကူးယဉ် စွန့်စားမှုဇာတ်ကား "Dinosaur Island" နဲ့ 'ကိုတင့်တို့ စူပါရပ်ကွက်' တို့ကို
ရုံတင်ပြသသွားမှာပါ။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာလည်း 'ကိုတင့်တို့ စူပါရပ်ကွက်' နဲ့ သိပံ္ပစိတ်ကူးယဉ်ဇာတ်ကား
"Dinosaur Island" တို့ကို ရုံတင်ပြသသွားမှာပါ။

နေပြည်တော်ဂျန်းရှင်း Mini-theatre မှာတော့ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားပြီး ရဲတိုက်နဲ့
ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 'ဘိုမ' ဇာတ်ကားကို ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။