ဒီတစ်ပတ်ရုပ်ရှင် (ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ)

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ တော့ပ်ရွိုင်ရယ်၊ မင်္ဂလာ(၁)နဲ့ သွင် ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာ
ညီညီထွန်းလွင် ရိုက်ကူးထားပြီး သရုပ်ဆောင် နေတိုး၊ ဇေရဲထက်၊ ဖွေးဖွေးနဲ့ ချမ်းမီမီကို တို့
ပါဝင်သရုပ်ဆောင်ထားတဲ့ "အွန်လိုင်းပေါ်က ၀ိညာဉ်" ဇာတ်ကားကို ပြသသွားမှာပါ။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ ထိုင်း ဟာသအချစ်ဇာတ်ကား “I Fine Thank You Love You” ကို
ဆက်လက်ရုံတင်သွားမှာပါ။

နေပြည်တော် ရုပ်ရှင်ရုံ(၁)မှာ အမေရိကန် သိပံ္ပစိတ်ကူးယဉ်ဇာတ်ကား “Seventh Son” ကို
ဆက်လက်ရုံတင်ထားပါတယ်။

ရုံ(၂) မှာတော့ အမေရိကန် ထိတ်လန့် ချောက်ချားဖွယ်ရာဇာတ်လမ်း “As Above So Below” နဲ့
ရုံ(၃) မှာတော့ ထိုင်း ဟာသအချစ်ဇာတ်ကား “I Fine Thank You Love You” တို့ကို
ပြသသွားမှာပါ။

ရှေ့ဆောင် ရုပ်ရှင်ရုံ(၁) မှာတော့ အမေရိကန် အက်ရှင်ဇာတ်ကား “Taken 3” နဲ့ ရုံ(၂) မှာတော့
စိတ်ကူးယဉ် စွန့်စားမှုဇာတ်ကား “Night at the Museum: Secret of theTomb” ကို
ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

မင်္ဂလာစံပြ ရုပ်ရှင်ရုံ(၁) မှာတော့ "အွန်လိုင်းပေါ်က ၀ိညာဉ်" ဇာတ်ကား၊ ရုံ(၂) မှာ ထိုင်း
အချစ်ဟာသဇာတ်ကား “I Fine Thank You Love You” နဲ့ ရုံ(၃)မှာ "ကိုတင့်တို့ စူပါရပ်ကွက်"
တို့ကို ပြသသွားမှာပါ။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ "အွန်လိုင်းပေါ်က ၀ိညာဉ်" ဇာတ်ကား၊ ထိတ်လန့်
ချောက်ချားဖွယ်ရာ ဇာတ်ကား “Kantemir” နဲ့ "ကိုတင့်တို့ စူပါရပ်ကွက်" ဇာတ်ကားတို့ကို
ရုံတင်ထားပါတယ်။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာလည်း "အွန်လိုင်းပေါ်က ၀ိညာဉ်" နဲ့ စိတ်ကူးယဉ်ဇာတ်ကား
“Spirit of Evil” တို့ကို ပြသသွားမှာဖြစ်ပါတယ်။

နေပြည်တော်ဂျန်းရှင်းမှာတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားပြီး ခန့်စည်သူ၊
ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာနဲ့ မိုးဟေကိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "မင်္ဂလာလှည်း"
ဇာတ်ကားကို စတင်ရုံတင်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။