အလှည့် ...

ရွှေရောင်ဆံပင်ပိုင်ရှင် မိန်းကလေးဟာ သူ အလုပ်သွားနေတုန်း သူ့ခင်ပွန်း နောက်တစ်ယောက်နဲ့
ဖောက်ပြန်နေမှန်း သိသွားပါတယ်။

နောက်နေ့မှာ သေချာအောင် နေ့လယ်ပိုင်း အိမ်ပြန်ချောင်းတော့လည်း ဖောက်ပြန်နေတာကို
ဆက်တွေ့ရပါတယ်။

အရမ်းဝမ်းနည်းသွားပြီး အနားက သေနတ်ရောင်းတဲ့ ဆိုင်ကနေ သေနတ်တစ်လက် ပြေးဝယ်ကာ
ခင်ပွန်းသည်နဲ့ အမျိုးသမီးဖောက်ပြန်နေရာ အခန်းတွင်းကို ခပ်မြန်မြန် ၀င်လိုက်ပါတယ်။

အံ့အားသင့်သွားတဲ့ ယောက်ျားနဲ့ နောက်ထပ် မိန်းမရှေ့မှာ သေနတ်ကို မောင်းတင်ပြီး
သူ့နားထင်မှာ တေ့ထားလိုက်ပါတယ်။

ယောက်ျားက အလန့်တကြားဖြစ်ရာက "မိန်းမ ကိုယ် မှားသွားပါတယ်။ တောင်းပန်ပါတယ်၊
ကိုယ့်ကိုယ် ကိုယ်တော့ မပစ်သတ်လိုက်ပါနဲ့ကွာ" လို့ ငိုယိုတောင်းပန်ပါတော့တယ်။

ရွှေရောင်ဆံပင်မိန်းမကတော့ မျက်ရည်တွေ ကျနေပေမယ့် ခပ်တင်းတင်း ပြန်ပြောလိုက်တာက
"စိတ်မပူပါနဲ့.. ခု ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပစ်ပြီးရင် ရှင့်အလှည့်ပဲ" တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။