ဒီတစ်ပတ်ရုပ်ရှင် (ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ)

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ(၁) နဲ့ တော့ပ်ရွိုင်ရယ် ရုပ်ရှင်ရုံတွေမှာ
ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး ခန့်စည်သူ၊ ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာနဲ့
မိုးဟေကိုတို့ ပါဝင်ရုပ်ဆောင်ထားတဲ့ 'မင်္ဂလာလှည်း' ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာလည်း တူးဒီ ထိုင်းအချစ်ဟာသဇာတ်ကား "Rock Angel" ကို စတင်ပြီး
ရုံတင်လာပါတယ်။

နေပြည်တော် ရုပ်ရှင်ရုံ(၁) မှာတော့ "Rock Angel" ကိုပဲ ဆက်လက်ရုံတင်ထားပြီး
ရုံ(၂) မှာတော့ သရီးဒီ ဟောင်ကောင်တရုတ် သည်းထိတ်ရင်ဖိုအက်ရှင်ကား
 "The Taking of Tiger Mountain" နဲ့ ရုံ(၃) မှာတော့ တူးဒီ ထိုင်းအချစ်ဟာသဇာတ်ကား
 "I Fine Thank You Love You" တို့ကိုပဲ ဆက်လက်ပြသနေပါတယ်။

ရှေ့ဆောင် ရုပ်ရှင်ရုံ(၁) မှာတော့ တူးဒီ အမေရိကန် စပိုင်အက်ရှင်ဟာသဇာတ်ကား
 "Kingsman: The Secret Service" ကို စတင်ရုံတင်လာပြီး ရုံ(၂) မှာတော့ အမေရိကန်
ဒရာမာဇာတ်ကား "Unbroken" ကို ပြသသွားမှာပါ။

မင်္ဂလာစံပြ၊ရုပ်ရှင်ရုံ(၁) မှာတော့ "Kingsman: The Secret Service"ဓ ၊ ရုံ(၂) မှာ
 "Rock Angel" နဲ့ ရုံ(၃) မှာတော့ 'မင်္ဂလာလှည်း' တို့ကို ပြသသွားမှာဖြစ်ပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ 'မင်္ဂလာလှည်း' ဇာတ်ကားနဲ့ သရီးဒီ အာကာသတွင်း
စွန့်စားမှုဇာတ်ကား "Jupiter Ascending" တို့ကို ရုံတင်ထားပါတယ်။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ 'မင်္ဂလာလှည်း' ဇာတ်ကားနဲ့ "Jupiter Ascending"
ဇာတ်ကားတို့ကို ပြသသွားမှာဖြစ်ပါတယ်။

နေပြည်တော်ဂျန်းရှင်း မှာတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားပြီး နေတိုး၊ ရွှေမှုံရတီ၊
ယုသန္တာတင်၊ ချမ်းမီမီကိုနဲ့ အိချောပို တို့သရုပ်ဆောင်ထားတဲ့ 'အောင်မြင်ကျော်ကြား
စူးရှထက်မြက်' ဇာတ်ကားကို စတင်ရုံတင်လာပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။