ဒီတစ်ပတ်ရုပ်ရှင် (မတ် ၆ ရက်မှ ၁၂ ရက်အထိ)

ဒီတစ်ပတ်မှာတော့ ... သမ္မတ၊ သွင်၊ မင်္ဂလာ (၁) နဲ့ တော့ပ်ရွိုင်ရယ်ရုပ်ရှင်ရုံ တွေမှာတော့
ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားပြီး ခန့်စည်သူ၊ ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာနဲ့
မိုးဟေကိုတို့ ပါဝင်ရုပ်ဆောင်ထားတဲ့ 'မင်္ဂလာလှည်း' ဇာတ်ကား ဆက်လက်ရုံတင်ထားပါတယ်။

မင်္ဂလာ(၂) ရုပ်ရှင်ရုံမှာတော့ သရီးဒီ ဟောင်ကောင်တရုတ်အက်ရှင်ကားဖြစ်တဲ့ "Snow Girl And
The Dark Crystal" ကို ဆက်လက်ရုံတင်ထားပါတယ်။

နေပြည်တော်ရုပ်ရှင်ရုံ(၁)မှာတော့ စွန့်စားခန်းတွေ ပါဝင်တဲ့ အမေရိကန် သည်းထိတ်ရင်ဖို
ဇာတ်ကား "Black Hat" ကိုပဲ ဆက်လက်ရုံတင်ထားပြီး ရုံ(၂) မှာတော့ ထိုင်းအချစ်ဟာသ
ဇာတ်ကား "Rock Angel" နဲ့ ရုံ(၃)မှာတော့ တူးဒီ ထိုင်းဟာသကား ဖြစ်တဲ့ "I Fine Thank You
Love You" ဇာတ်ကား တို့ကိုပဲ ဆက်လက်ပြသနေပါတယ်။

ရှေ့ဆောင်၊ရုပ်ရှင်ရုံ(၁) မှာတော့ တူးဒီ စွန့်စားခန်းဟာသ ဇာတ်ကားဖြစ်တဲ့ "Kingsman:
The Secret Service" နဲ့ ရုံ(၂) မှာတော့ သရီးဒီကား "Snow Girl And The Dark Crystal"
တို့ကိုပြသသွားမှာပါ။

မင်္ဂလာစံပြ၊ရုပ်ရှင်ရုံ(၁) မှာတော့ "Kingsman:The Secret Service" ကို ရုံတင်ပြသမှာဖြစ်ပြီး
ရုံ(၂) မှာ "Snow Girl And The Dark Crystal" ဇာတ်ကားနဲ့ ရုံ(၃) မှာတော့ 'မင်္ဂလာလှည်း'
တို့ကို ဆက်လက်ရုံတင်ထားပါတယ်။

ဂျန်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာတော့ 'မင်္ဂလာလှည်း' ဇာတ်ကားနဲ့ ဟောင်ကောင်ဒါရိုက်တာ
ရိုက်ကူးထားတဲ့ သရီးဒီ အက်ရှင်ကား "Dragon Blade" ဇာတ်ကားတို့ကို ရုံတင်ထားပါတယ်။

ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာလည်း 'မင်္ဂလာလှည်း' ဇာတ်ကားနဲ့ သရီးဒီ အက်ရှင်ဇာတ်ကား
"Dragon Blade" တို့ကိုပဲ ပြသသွားမှာဖြစ်ပါတယ်။

နေပြည်တော်ဂျန်းရှင်းမှာတော့ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားပြီး ပြေတီဦး၊
ဝတ်မှုန်ရွှေရည်၊ ချမ်းမီမီကိုနဲ့ ညီထွဋ်ခေါင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 'လူကြီးမင်းခင်ဗျာ'
ဇာတ်ကားကို ဆက်လက်ရုံတင်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။