မူးနေမှပါ ...

တစ်ညမှာ ဂျွန်နဲ့ ဂျက်စီကာတို့ဟာ ဘားဆိုင်ကနေ အိမ်ပြန်လာကြရာ ရဲက ကားကို
လှမ်းတားတာကြောင့် ရပ်ပေးလိုက်ကြပါတယ်။

ကားနောက် မီးမလင်းတာကြောင့် ရပ်ခိုင်းတာလို့ ရဲအရာရှိက ပြောတာကြောင့် ဂျွန်က
"ဟုတ်လားခင်ဗျာ.. ကျွန်တော် သတိမထားမိလိုက်လို့ပါ။ ချက်ချင်း ပြင်လိုက်ပါမယ်"လို့
ပြန်ပြောလိုက်ပါတယ်။

အဲဒီအခါ ဂျက်စီကာက "ဒီလိုဖြစ်မယ်ဆိုတာ ကျွန်မ သိသားပဲ။ ပြီးခဲ့တဲ့ နှစ်ရက်က သွားပြင်ဖို့
ရှင့်ကို ကျွန်မ ပြောတယ်မဟုတ်လား"လို့ ပြောလိုက်ပါတယ်။

ရဲအရာရှိက ဂျွန်ရဲ့ လိုင်စင်ကို တောင်းကြည့်လိုက်ပြီး "လူကြီးမင်းရဲ့ လိုင်စင်က သက်တမ်းကျော်
နေပါ့လား"လို့ ပြောလိုက်ပြန်ပါတယ်။

ဂျွန်က သူသတိမထားမိလိုက်တာကို တောင်းပန်လိုက်ပြန်ပြီး နောက်နေ့ မနက်ခင်းမှာ
လိုင်စင် တိုးတာကို အရင်ဆုံး သွားလုပ်လိုက်ပါ့မယ်လို့ ပြောလိုက်ပြန်ပါတယ်။

အဲဒီအခါ ဂျက်စီကာက "ပြီးခဲ့တဲ့ တစ်ပတ်က လိုင်စင်ရုံးကနေ စာပို့လာတော့ သွားလုပ်ဖို့ ရှင့်ကို
ကျွန်မ ပြောတယ်မဟုတ်လား"လို့ ပြောလိုက်ပြန်ပါတယ်။

ရဲအရာရှိရှေ့မှာ သူနဲ့ ဆန့်ကျင်ဘက်ချည်းပဲ လိုက်ပြောနေတဲ့ မိန်းမကို ကျွဲမြီးတိုလာတဲ့ ဂျွန်ဟာ
"ဂျက်စီကာ မင်းပါးစပ်ကို ပိတ်မထားနိုင်ဘူးလား" လို့ အသံကျယ်ကျယ်နဲ့ အော်လိုက်ပါတယ်။

အဲဒီအခါ ရဲအရာရှိက ဂျက်စီကာဘက် လှည့်လိုက်ပြီး "ခင်ဗျားရဲ့ ယောက်ျားက ခင်ဗျားကို
အမြဲတမ်း အဲဒီလိုပဲ ဆက်ဆံတာလား" လို့ မေးလိုက်ပါတယ်။

ဂျက်စီကာ ပြန်ဖြေလိုက်တာက "သူမူးနေတဲ့ အချိန်မှပါရှင်"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။