မိုးတွင်းမှာ အ၀တ်လျှော်တဲ့အခါ ...

၁။ အိမ်ထဲမှာ အ၀တ်တွေခြောက်အောင် လှန်းပါ အိမ်ထဲမှာ အ၀တ်လှန်းဖို့ တန်းမရှိဘူးလား။
ကိစ္စမရှိပါဘူး။ ဖန်တီးလို့ရပါတယ်။

ဝါးလုံး တစ်ချောင်းကို ထိုင်ခုံနှစ်ခု အစွန်းနှစ်ဖက်မှာ တင်လိုက်ရင် အ၀တ်တန်း ရပါပြီ။ ၀ါးလုံး
မရှိရင်တော့ ကြိုးရှည်တစ်ခုကို ထိုင်ခုံနှစ်ခုကြားမှာ ချည်လိုက်မယ်ဆိုရင် တန်းဖြစ်သွားတာပဲ။

စောင်၊ အိပ်ရာခင်းနဲ့ ကိုယ်သုတ်ပုဝါလို ခပ်ကြီးကြီးတွေကိုတော့ အိပ်ခန်း (သို့) ရေချိုးခန်းတံခါး
ဘောင်တွေမှာ လှမ်းလို့ရပါတယ်။ ရေစိုရှူးဖိနပ်တွေကိုတော့ ဖိနပ်ဦးခေါင်းပိုင်းထဲ ရေစုပ်တဲ့
အ၀တ်စခပ်သေးသေးတွေ သွပ်သွင်းပြီး ရေစစ်သွားအောင် လုပ်ပါ။

ပြီးတဲ့အခါမှာတော့ ရေခဲသေတ္တာအနောက်ဘက်ပိုင်းလိုမျိုး ပူနွေးတဲ့နေရာလိုမျိုးမှာ
သွားချထားလိုက်ပါ။

လျှော်နေတဲ့ အ၀တ်တွေကို နောက်ဆုံးအကြိမ်ရေနဲ့ သန့်စင်တဲ့အခါမှာ quickdry fabric
conditionerကို ရောစပ်အသုံးပြုပါ။

ဒီလိုဆိုရင် အ၀တ်တွေကို လှန်းတဲ့အခါ အချိန်တိုအတွင်း ခြောက်သွေ့သွားပါလိမ့်မယ်။

၂။ အောက်သိုးသိုးအနံ့ မထွက်ရအောင် အ၀တ်တွေက လျှော်ပြီးတာတောင် မှိုနံ့လိုမျိုး
အောက်သိုးသိုးအနံ့ တစ်မျိုးမျိုး ထွက်နေတယ်ဆိုရင် အ၀တ်လျှော်စက်မှာ ပြဿနာရှိနေတာ
ဖြစ်နိုင်ပါတယ်။

ဒီတော့ လျှော်စက်ထဲကို ရေချည်းထည့်ပြီး ခဏလောက် စက်လည်ပေးပါ။

စက်လည်ပြီးလို့ ရေဖောက်ထုတ်ပြီးသွားပြီဆိုရင်တော့ လျှော်စက်ကို အဖုံးဖွင့်ပြီး လေနဲ့
အခြောက်ခံထားလိုက်ပါ။

နောက်တစ်မျိုးကတော့ မိုးတွင်းမှာဖြစ်တတ်တဲ့ အောက်သိုးသိုးအနံ့မျိုး အ၀တ်တွေမှာ မဖြစ်ရအောင်
အ၀တ်တွေကို နောက်ဆုံးအကြိမ် ရေလျှော်တဲ့အခါ fabric conditioner ကို ထည့်ပြီးအသုံးပြုပါ။

Fabric conditioner က အ၀တ်အစားတွေတင်မကဘဲ မျက်နှာသုတ်ပုဝါတွေ၊ စားပွဲခင်းနဲ့
အိပ်ရာခင်းတွေကို လျှော်ဖွပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။

မိုးတွင်း စိုစွတ်စွတ်ကာလလိုမျိုး နေရောင်ရှားပါးတဲ့ ရာသီမျိုးမှာ အ၀တ်အထည်တွေကို အနံ့အသက်
အကောင်းဆုံးဖြစ်အောင် ကူညီပေးတာမို့ fabric conditioner က သင့်ရဲ့အကောင်းဆုံး
အဖော်မွန်လို့ပဲ မှတ်ထားလိုက်ပါတော့။

၃။ ချွတ်ရခက်တဲ့ အစွန်းအကွက်တွေနဲ့ ပိုးမွှားတွေကို သုတ်သင်ပစ်ပါ မိုးတွင်းမှာတော့ ရေတွေ၊
ရွှံ့တွေကနေ အ၀တ်အစားတွေမှာ အစွန်းအထင်းတွေ အများကြီးကြုံရမှာ သေချာပါတယ်။

အစွန်းအကွက်က ကြီးတယ်ဆိုရင် အဲဒီနေရာကို ဆပ်ပြာမှုန့်နဲ့ ချက်ချင်းပဲ သန့်စင်ပေးပါ။

ရွှံ့စက်သေးသေးလေးတွေကိုတော့ ခြောက်သွားအောင် ထားထားလိုက်ပါ။

ပြီးတော့မှ သွားတိုက်တံအဟောင်းတစ်ခုနဲ့ ပွတ်တိုက်သန့်စင်ပေးပါ။

အဲဒီအဆင့် လုပ်ပြီးတော့မှ ပုံမှန်အတိုင်း လျှော်ဖွပ်ပါ။

ရေထဲ ဖြတ်လျှောက်ခဲ့ရလို့ စိုလာတဲ့ အ၀တ်တွေကို ဘက်တီးရီးယားပိုးတွေ မကူးစက်ရလေအောင်
တခြား အ၀တ်တွေနဲ့ မရောဘဲ သပ်သပ်လျှော်ပါ။

ဒါ့ပြင် အ၀တ်တွေကို နောက်ဆုံးအဆင့် ရေလျှော်တဲ့အခါမှာ fabric conditioner ကို
ရောစပ်အသုံးပြုပါ။

ဒီလိုဆိုရင် အတင်းကပ်တွယ်ပြီး ကျန်နေတဲ့ ပိုးမွှားတွေကို အပြီးတိုင် သုတ်သင်ပစ်ရာရောက်သလို
အ၀တ်တွေ ခြောက်သွားတဲ့အခါမှာလည်း ရနံ့မွှေးကြိုင်လှတဲ့ အ၀တ်တွေကို ရရှိမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။