နည်းလမ်းလေးသိချင်လို့ ...

အမျိုးသားတစ်ဦးဟာ ရဲစခန်းဆီသွားပြီး သူ့အိမ်ကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူခဲ့တဲ့
ဖောက်ထွင်းဝိဇ္ဇာနဲ့ စကားပြောခွင့်ရဖို့ တောင်းဆိုလိုက်ပါတယ်။

တာဝန်ကျရဲအရာရှိ - "ခုချိန်မှာ တွေ့ခွင့်မပေးနိုင်တာ စိတ်မကောင်းပါဘူးဗျာ။ ဒါပေမဲ့ ခင်ဗျား..
သူ့ကို တရားရုံးမှာတော့ စကားပြောခွင့်ရမှာပါ"

အမျိုးသား - "မဖြစ်ဘူးဗျ။ ခင်ဗျား နားမလည်ပါဘူးဗျာ။ ကျွန်တော့် မိန်းမကို မနိုးစေဘဲ အိမ်ထဲကို
သူ ဘယ်လိုဝင်လာတာလဲဆိုတာ ကျုပ်သိရမှ ဖြစ်မယ်ဗျ။ အဲဒီအဖြေကို သိရဖို့ ကျုပ်ကြိုးစားနေတာ
နှစ်ပေါင်းများစွာ ကြာနေပြီ"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။