ဗေဒါရီရဲ့ ချဉ်ဖတ်စုံသုပ်

ဒီတစ်ပတ်တော့ အသား၊ ငါးတွေ မစားချင်တဲ့အခါ ခံတွင်းမြိန်မြိန်လေး စားနိုင်မယ့်
ချဉ်ဖတ်စုံသုပ်လေးကို ဗေဒါရီက ဝေမျှပေးလိုက်တယ်နော်။

အကုန်အကျလည်းသက်သာပြီး ပြင်ဆင်ရတာလည်း အရမ်းကို လွယ်ကူပါတယ်လို့။

ပါဝင်ပစ္စည်းများ

  • ခံတက်ချဉ်
  • ဟင်းဂလာချဉ်
  • မုန်လာဥချဉ်
  • ကန်စွန်းရိုးနီချဉ်
  • ပဲတီချဉ်
  • ကြောင်လျှာချဉ်
  • သရက်ကင်ချဉ်
  • ဆီချက်အနည်းငယ်
  • ကြက်သွန်နီ
    (ချဉ်ဖတ်စုံကို လိုအပ်သလောက် ကျပ် ၂၀၀ ဖိုး (သို့) ၅၀၀ ဖိုး လောက်ဝယ်ပါ)

ပြင်ဆင်ပုံ

ချဉ်ဖတ်တွေကို ရေတစ်ထပ်ဆေးချပါ။

ပြီးတဲ့အခါ နုပ်နုပ်လှီးပါ။

ကြက်သွန်နီပါးပါးလှီးထားပါ။

အားလုံးပြီးပြီဆိုရင် ပါးပါးလှီးထားတဲ့ ချဉ်ဖတ်အစုံကို ကြက်သွန်နီ၊ ဆီချက်အနည်းငယ်၊ ဆား၊
ဟင်းခတ်မှုန့် အနည်းငယ် (ကြိုက်ရင်)နဲ့ နယ်ပါ။

ပါးပါးညှပ်ထားတဲ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးကို အပေါ်ကနေ အုပ်လိုက်တယ်ဆိုရင်
ထမင်းစားကောင်းစေဖို့ တကယ်သေချာတဲ့ ချဉ်ဖတ်စုံသုပ်လေးကို ရပါပြီ။

ထမင်းပူပူနဲ့ တွဲဖက်စားရင် အင်မတန်မှလိုက်ဖက်သလို ဆီပြန်ဟင်းတစ်ခွက်ချက်ပြီး
အရန်ဟင်းအနေနဲ့လည်း အဆင်ပြေတဲ့ အသုပ်အမယ်(အမည်) လေးပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။