ဗေဒါရီရဲ့ ဟင်းလျာ

ဒီတစ်ပတ်တော့ ဗေဒါရီက ငါးအရေခွံခြောက်နဲ့ အသုပ်လေး သုပ်ပေးထားပါတယ်။

ကြွပ်ရွနေတဲ့ ငါးအရေခွံတွေကို ချဉ်ငန်စပ်လေး သုပ်ပေးထားတာမို့ ထမင်းမြိန်စေတဲ့
ဟင်းတစ်မည်ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအရေခွံခြောက် ၅ ခု
    (ကြော်ပြီးသားအသင့် ငါးအရေခွံခြောက်တွေကို စီတီးမတ်ဆိုင်တွေမှာ ရရှိနိုင်ပါတယ်)
  • ကြက်သွန်နီ ၂ ဥ
  • မန်ကျည်းရည် အနည်းငယ်
  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့် အနည်းငယ်
  • နံနံပင် အနည်းငယ်
  • ငရုတ်သီးစိမ်း ၅ တောင့်

ပြင်ဆင်ပုံ

ငါးအရေခွံခြောက်က မကြော်ရသေးတဲ့ အစိမ်းဆိုပါက ဆီနဲ့ကြွပ်နေအောင် ကြော်ပါ။

ကြက်သွန်နီကို ပါးပါးလှီးထားပါ။

ငါးအရေခွံကြော်ကို အပိုင်းလေးတွေပိုင်းပြီး ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းရည်၊
နံနံပင်တို့နဲ့ ရောနယ်ပါ။

ငရုတ်သီးစိမ်းတွေ နုတ်နုတ်ညှပ်ထည့်ပါ။

ဒီလိုဆိုရင် ချဉ်ငန်စပ် ငါးအရေခွံကြော်သုပ်လေးကို ရပါပြီ။

ထမင်းနဲ့စားစား၊ သူ့ချည်း အဆာပြေပဲစားစား၊ အမြည်းလေးလုပ်လုပ် ခံတွင်း မျက်စေမှာပါလို့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။