ဗေဒါရီရဲ့ ဟင်းလျာ

ဒီတစ်ပတ်တော့ ဗေဒါရီက ချဉ်စပ်လေးစားရမယ့် ကင်ပွန်းချဉ်တောချက်ကလေးကို
ဝေမျှပေးထားပါတယ်။

ထမင်းမြိန်စေတဲ့ ဟင်းကောင်းလေး တစ်ခွက်ပါနော်။

ပါဝင်ပစ္စည်းများ

  • ကင်ပွန်းချဉ် ၁၀ ကျပ်သား
  • ငါးကြင်း ၃ တုံး
  • ကြက်သွန်ဖြူ ၃ မြွှာ
  • ကြက်သွန်နီ ၂ ဥ
  • ငရုတ်သီးအကြမ်းမှုန့် ၁ ဇွန်း
  • ငံပြာရည် အနည်းငယ်
  • ငါးပိ အနည်းငယ်

ပြင်ဆင်ပုံ

အရင်ဆုံး ငါးကြင်းသုံးတုံးကို ပြုတ်ပြီး အရိုးနွှင်မွထားပါ။

ကြက်သွန်ဖြူ၊ နီနဲ့ ငရုတ်ကြမ်းမှုန့်ကို ဆီသတ်ပြီး ငါးထည့် ရောမွှေပါ။

ခဏကြာရင် ကင်ပွန်းချဉ်ရွက် ထည့်ပြီး ရောမွှေပါ။

ရေအနည်းငယ်နဲ့ ငါးပိထည့်ပါ။ ရေစပ်စပ်လေးနဲ့ တစ်အောင့်လောက်ကြာတဲ့အခါ
အပေါ့အငန်မြည်း ကြည့်ပြီးလို့ စိတ်ကြိုက်ဖြစ်ပြီဆိုရင် ဟင်းအိုး ကို ချလို့ရပါပြီ။

အစပ်ကြိုက်တယ်ဆိုရင် ငရုတ်သီးစိမ်း ထည့်ချက်နိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။