ဗေဒါရီရဲ့ဟင်းလျာ (မျှစ်ထောင်း)

ဒီတစ်ပတ်တော့ ဆောင်းဦးဝင်စမို့ ပူပူစပ်စပ်လေးစားရမယ့် မျှစ်ထောင်းလေးကို
ဖော်ပြပေးလိုက်ပါတယ်။

ထမင်းဝိုင်းမှာ တခြားဟင်းတွေနဲ့ပဲ တွဲစားစား၊ နေ့လယ်နေ့ခင်း ရေနွေးကြမ်းလေးနဲ့ပဲ မြည်းမြည်း၊
နေညိုညို သောက်ချိန်မှာ အမြည်းအဖြစ်နဲ့ပဲစားစား ခံတွင်းမြက်စေမှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

  • ခြစ်ပြီးသားမျှစ် ၁၀ ကျပ်သား
  • ပုစွန်ခြောက်မှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • ငါးပိ အနည်းငယ်
  • ဆား အနည်းငယ်

ပြင်ဆင်ပုံ

ခြစ်ထားတဲ့မျှစ်ကို ရေနဲ့ပြုတ်ပါ။

ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ကင်ထားတဲ့ငါးပိကို ရောထောင်းပါ။

ညက်ပြီဆိုရင် ပုစွန်ခြောက်မှုန့်နဲ့ ဆားအနည်းငယ် ရောထည့်ပြီး ထောင်းပါ။

အားလုံးသမသွားဆိုရင် ပြုတ်ထားတဲ့ မျှစ်ထည့်ပြီး ရောထောင်းပါ။

အားလုံး အထက်၊အောက် သမသွားပြီဆိုရင် ပန်းကန်ပြားထဲ ပြောင်းထည့်ပြီး မြည်းစမ်းနိုင်ပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။